Connect with us

Europe

ဥရောပသမဂ္ဂ အရန်ရွေးကောက်ခံနိုင်ငံ အစားထိုးနည်းလမ်းကို လက်မခံဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မေ ၂၉ ရက်တွင် ခွာကစ်ဗ်ပြည်နယ်၌ စစ်ဆေးကြည့်ရှုနေစဉ် (ဆင်ဟွာ)

ကိဗ်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ယူကရိန်းက ဥ‌ရောပသမဂ္ဂ အရန်ရွေးကောက်ခံနိုင်ငံဖြစ်လာနိုင်မည့် မည်သည့်အစားထိုးနည်းလမ်းကိုမှ လက်ခံမည်မဟုတ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းက ဥရောပသမဂ္ဂ အရန်ရွေးကောက်ခံနိုင်ငံအဖြစ်ရပ်တည်ရန် လိုအပ်ကြောင်း အစားထိုးနည်းလမ်း မည်မျှပင်ကောင်းမွန်သည်ဖြစ်စေ ယူကရိန်းက လက်ခံမည်မဟုတ်ကြောင်း Kuleba က ထိုနေ့တွင်ကျင်းပသော အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု Ukrinform သတင်းဌာနက ဖော်ပြထားသည်။
တစ်ချိန်တည်းတွင်ပင် ယူကရိန်းက လက်နက်ကြီးများ အထူးသဖြင့် အမြောက်များနှင့် ဘဇူကာဒုံးလောင်ချာစနစ်များ မြန်ဆန်စွာ ရရှိရန် လိုအပ်နေကြောင်း Kuleba က ပြောကြားခဲ့သည်။

ယူကရိန်းသည် ၂၀၁၇ ခုနှစ်တွင် ဥရောပသမဂ္ဂ၏ တရားဝင်ဆက်သွယ်ရေးနိုင်ငံဖြစ်လာခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီတွင် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဇန်နဝါရီ ၂၈ ရက်တွင် ယူကရိန်း၏ ဥရောပသမဂ္ဂ အဖွဲ့ဝင်ရန် လျှောက်ထားမှု စာရွက်စာတမ်းကို လက်မှတ်ရေးထိုးကာ ဥရောပသမဂ္ဂအနေဖြင့် ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် အမြန်ဆုံးလက်ခံနိုင်ရန်အတွက် “အထူးလုပ်ထုံးလုပ်နည်းသစ်” စတင်ရန် တိုက်တွန်းပြောကြားခဲ့သည်။ မေလတွင် ကျင်းပသော ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် ယူကရိန်း၏ “ချက်ချင်းအဖွဲ့ဝင်” ဖြစ်နိုင်ခြေကို ပယ်ချခဲ့သည်။ ယူကရိန်းက ဥရောပသမဂ္ဂ အရန်ရွေးကောက်ခံနိုင်ငံ အဖြစ်ရပ်တည်ခြင်း စစ်တမ်းကောက်ယူမှုဆိုင်ရာ ဒုတိယအပိုင်း ဖြေကြားမှု စာရွက်စာတမ်းများကို တင်သွင်းထားပြီဖြစ်‌ကြောင်း ဇယ်လန်းစကီးက မေ ၉ ရက်တွင် ကြေညာခဲ့သည်။ ဥရောပသမဂ္ဂက ဇွန်လတွင် စစ်တမ်းကောက်ယူမှုဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ သုံးသပ်ချက် ထုတ်ဖော်သွားမည်ဟု ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
乌克兰外长表示不接受欧盟候选国替代方案
新华社基辅6月8日电乌克兰外长库列巴8日表示,乌克兰不会接受成为欧盟候选国的任何替代方案。
据乌克兰国家通讯社报道,库列巴当天在线上新闻发布会上说,乌克兰需要的是欧盟候选国地位,无论替代方案看起来多好,乌克兰都不会接受。
库列巴同时说,乌克兰需要尽快得到更多重型武器,尤其是大口径火炮和多管火箭炮系统。
乌克兰于2017年正式成为欧盟联系国。今年2月俄乌冲突爆发后,乌总统泽连斯基于2月28日签署乌克兰申请加入欧盟的文件,呼吁欧盟启动“新的特殊程序”迅速吸纳乌克兰。欧盟在3月举行的峰会上排除乌克兰“火线入盟”的可能性。5月9日,泽连斯基宣布,乌方已提交申请欧盟候选国地位调查问卷第二部分答复文本。欧盟表示将于6月就调查问卷有关内容做出结论。(参与记者:李铭、李东旭)(完)
图说-这张乌克兰总统办公室5月29日提供的照片显示乌克兰总统泽连斯基(前中)在哈尔科夫州视察。新华社发(乌克兰总统办公室供图)