Connect with us

Eastern Europe

နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် ရုရှား နှင့် အီရန် သမ္မတတို့ ကတိပြု

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင် နှင့် အီရန်နိုင်ငံသမ္မတ Ebrahim Raisi အားတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇွန် ၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် အီရန်နိုင်ငံသမ္မတ အီဗရာဟင်ရိုင်စီ( Ebrahim Raisi) တို့သည် စီးပွားရေး နှင့် ကုန်သွယ်ရေးစီမံကိန်းများ ပူးတွဲ အကောင်အထည်ဖော်ရန် အပါအဝင် နှစ်နိုင်ငံဆက်ဆံရေး တသမတ်တည်းမြှင့်တင်ရန် နှစ်ဖက်ဘုံအသင့်ရှိကြောင်းကို ဇွန် ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

သမ္မတပူတင် နှင့် သမ္မတ ရိုင်စီ က ဖုန်းဆက်သွယ်ဆွေးနွေးမှုအတွင်း ရုရှား-အီရန် ဆက်ဆံရေး၏ လက်ရှိအဆင့်ကို ချီးကျူးခဲ့ကြပြီး နှစ်ဖက် ပူပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်နန်းတော်ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

အီရန်နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အခြေအနေကို နှစ်ဖက်ခေါင်းဆောင်များဆွေးနွေးရာတွင် အီရန်နျူကလီးယားသဘောတူညီချက် နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၂၃၁ ကို ကမ္ဘာကြီးက အပြည့်အဝအကောင်အထည်ဖော်မှု နှင့် ထိန်းသိမ်းစောင့်ရှောက်မှုသေချာခိုင်မာစေရန် အပြီးသတ်သဘောတူညီချက်တစ်ခုရရှိရေး သံတမန်နည်းလမ်းကြိုးပမ်းအားထုတ်မှု ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်းကို မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။(Xinhua)

………………………………
(English Version)
Russian, Iranian presidents pledge to strengthen bilateral ties
MOSCOW, June 8 (Xinhua) — Russian President Vladimir Putin and Iranian President Ebrahim Raisi on Wednesday expressed common readiness to consistently strengthen bilateral relations, including through the implementation of joint economic and trade projects.
Putin and Raisi discussed bilateral cooperation and praised the current level of Russian-Iranian relations during a phone conversation, the Kremlin said in a press release.
Considering the situation regarding Iran’s nuclear program, the presidents noted the need to continue diplomatic efforts to reach a final agreement that would ensure the preservation and full implementation of the Iran nuclear deal and the UN Security Council Resolution 2231.

Photo – Xinhua file photos of Iranian President Ebrahim Raisi (L) and Russian President Vladimir Putin