Connect with us

China

၁၉ ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပွဲ ပိုက်ကျော်ခြင်း လေးယောက်တွဲပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာ အမျိုးသားအသင်းနှင့် ဗီယက်နမ် အမျိုးသမီးအသင်း ရွှေတံဆိပ်ဆု ဆွတ်ခူး

၁၉ ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပွဲ ပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲပွဲစဉ်တွင် ရွှေတံဆိပ်ဆုရရှိသည့် မြန်မာအသင်း၊ ငွေတံဆိပ်ဆု ရရှိသည့် အင်ဒိုနီးရှားအသင်း ၊ ကြေးတံဆိပ်ဆု ရရှိသည့် ဂျပန်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့အား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၄ ရက် ဆုပေးပွဲအခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
၁၉ ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း လေးယောက်တွဲပွဲစဉ် ဗိုလ်လုပွဲများကို အောက်တိုဘာ ၄ ရက်က တရုတ်နိုင်ငံ ကျင်းဟွာအားကစားစင်တာ အားကစားရုံတွင် ကျင်းပခဲ့သည်။ အဆိုပါ ဗိုလ်လုပွဲတွင် မြန်မာအမျိုးသားအသင်းက အင်ဒိုနီးရှားအမျိုးသားအသင်းကို လည်းကောင်း၊ ဗီယက်နမ် အမျိုးသမီး အသင်းက အင်ဒိုနီးရှား အမျိုးသမီးအသင်းကိုလည်ကောင်း အသီးသီး အနိုင်ရဗိုလ်စွဲခဲ့ပြီး အင်ဒိုနီးရှား အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းက ငွေတံဆိပ်ဆု ရရှိခဲ့သည်။ ဟန်ကျိုး အာရှအားကစားပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ပိုက်ကျော်ခြင်း မြန်မာ အမျိုးသားအသင်းက အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းက ဦးစွာ တိုက်စစ်ဆင်ကစားခဲ့ရာ တိုက်စစ်မှူး ရက်စ်တီ၏ ဘက်ကင်ကန်ချက်ဖြင့် အမှတ်များ ဆက်တိုက်ရရှိခဲ့သည်။ သို့သော်လည်း ထိုအရှိန်ကို မြန်မာအသင်းက တားဆီးပြီး လှလှပပ တန်ပြန်ကစားနိုင်ရာ ပထမပွဲစဉ်တွင် ၂၁ -၁၃ ဖြင့် မြန်မာအသင်းက အပြတ်အသတ်အနိုင်ရရှိခဲ့သည်။

ဒုတိယပွဲစဉ်တွင် နှစ်ဖက်အသင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက ၂၄ မှတ်၊ အင်ဒိုနီးရှားအသင်းက ၂၂ မှတ်ရရှိပြီး မြန်မာအသင်းက ၂ ပွဲပြတ် အနိုင်ရရှိခဲ့သည်။ (Xinhua)

၁၉ ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပွဲ ပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲပွဲစဉ်တွင် ရွှေတံဆိပ်ဆုရရှိသည့် မြန်မာအသင်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၄ ရက် ဆုပေးပွဲအခမ်းအနား၌ တွေ့ရစဉ်(ဆင်ဟွာ)

…………………………
(Chinese Version)
藤球四人赛缅甸队和越南队分获男、女冠军
新华社杭州10月4日电(记者吴帅帅)藤球四人赛决赛4日在金华体育中心体育馆展开角逐,缅甸队和越南队分获男、女冠军,印度尼西亚队收获两枚银牌。这也是缅甸代表团本届亚运会获得的首枚金牌。
男子决赛中,缅甸队对阵印度尼西亚队。印尼队开场率先发起进攻,主攻手鲁斯迪腾空高、动作舒展,连续转体扣杀得分,引得现场观众发出阵阵欢呼。但缅甸队很快找到拦防节奏,并提升了反击扣杀的质量,以21:13拿下第一局。
第二局,缅甸队保持了很高的“一攻”得分率,并利用发球和反击拉大分差,最终以24:22胜出,并以大比分2:0夺冠。

1. 10月4日,冠军缅甸队(上)、亚军印度尼西亚队(下左)、季军日本队(下中)和菲律宾队在颁奖仪式上合影。
2. 10月4日,冠军缅甸队选手在颁奖仪式上。