Connect with us

Asia

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် သေနတ်ပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားသည့် ဈေးဝယ်စင်တာအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် အောက်တိုဘာ ၃ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆယ်ကျော်သက်အရွယ် သံသယ တရားခံတစ်ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က အချင်းဖြစ်ပွားသည့်နေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားသည့် ဈေးဝယ်စင်တာအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားသည့် ဈေးဝယ်စင်တာအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်မြို့ နာမည်ကြီး ဈေးဝယ်စင်တာ ဖြစ်သည့် Siam Paragon မှ အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်က သေနတ်သံကြားရကြောင်း၊ အချင်းဖြစ်ပွားသည့်နေရာသို့ ရဲများ ချက်ချင်းရောက်ရှိသွားခဲ့ရာ သံသယတရားခံတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Archayon Kraithong က ပြောကြားခဲ့သည်။
သေနတ်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ Torsak Sukvimol က အချင်းဖြစ်ပွားသည့်နေ့ ညပိုင်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က ဆယ်ကျော်သက်အရွယ် သံသယတရားခံ တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ကနဦး စစ်ဆေးချက်များအရ သံသယတရားခံတွင် စိတ်ရောဂါရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………………
(Chinese Version)
泰国曼谷市中心一商场发生枪击事件致多人死伤
新华社曼谷10月3日电(记者高博 林昊)泰国警方3日说,首都曼谷市中心一家商场当天发生一起枪击事件,造成至少2人死亡、5人受伤,一名未成年嫌疑人已被捕。
泰国国家警察总署发言人阿查永说,当地时间16时20分(北京时间17时20分)左右,曼谷市知名商场暹罗百丽宫传出枪声。警方随后赶到现场,逮捕一名嫌疑人并控制了局势。
泰国国家警察总署署长多萨当天晚些时候对记者表示,枪击事件造成至少2人死亡、5人受伤。警方逮捕一名未成年嫌疑人。经初步调查,嫌疑人患有精神疾病。
1. 10月3日,应急人员在泰国曼谷发生枪击事件的商场工作(手机拍摄)。