Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် ပထမဆုံး တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသော အဝေးပြေးလမ်းပေါ်တွင် မော်တော်ယာဉ် ဖြတ်သန်းသွားလာမှု ၄.၂ သန်းကျော် ရှိခဲ့

ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ပြည်နယ်ရှိ ဖနွမ်းပင်-Sihanoukville (PPSHV) အဝေးပြေးလမ်းမကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- PPSHV Expressway/Handout via Xinhua)

ဖနွမ်းပင်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ဖနွမ်းပင်-Sihanoukville အဝေးပြေးလမ်းကို ယမန်နှစ် နိုဝင်ဘာလက အများပြည်သူဖြတ်သန်းသွားလာရန် တရားဝင်ဖွင့်လှစ်ပြီးချိန်မှစ၍ ၁၁ လတာကာလအတွင်း မော်တော်ယာဉ်ဖြတ်သန်းသွားလာမှု ၄.၂ သန်းကျော် ရှိခဲ့ကြောင်း ကမ္ဘောဒီးယား အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၃ ရက်၌ ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဖနွမ်းပင်-Sihanoukville အဝေးပြေးလမ်းပေါ်ရှိ ဖြတ်သန်းသွားလာရေးစခန်းတွင် တန်းစီနေသော မော်တော်ယာဉ်များကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- PPSHV Expressway/Handout via Xinhua)

“၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ဖနွမ်းပင်-Sihanoukville အဝေးပြေးလမ်းပေါ်၌ ဖြတ်သန်းသွားလာမှုပမာဏမှာ ၄.၂၄ သန်းရှိခဲ့တယ်” ဟု ပြည်သူ့ရေးရာနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ နည်းပညာနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူနှင့် ညွှန်ကြားရေးမှူးချုပ် Heang Sotheayuth က ဆင်ဟွာသို့ ပြောခဲ့သည်။
တရုတ်နိုင်ငံ လမ်း၊ တံတားကော်ပိုရေးရှင်း (CRBC) မှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသော အရှည် ၁၈၇ ကီလိုမီတာရှိသည့် အဆိုပါ အဝေးပြေးလမ်းသည် မြို့တော် ဖနွမ်းပင်နှင့် အပြည်ပြည်ဆိုင်ရာ ရေနက်ဆိပ်ကမ်းပြည်နယ် Preah Sihanouk ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။

ထိုအဝေးပြေးလမ်းသည် ကမ္ဘောဒီးယားနိုင်ငံရှိ ခရီးသွားလာရေးနှင့် ထောက်ပံ့သယ်ယူပို့ဆောင်ရေးစနစ်၏ ထိရောက်မှုကို အဆင့်မြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အခြားသောနိုင်ငံများနှင့် ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးကူးလူးဆက်ဆံမှု မြှင့်တင်ရန် မဟာဗျူဟာမြောက် လမ်းမတစ်ခုဖြစ်ကြောင်း Sotheayuth က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Over 4.2 mln vehicles travel on 1st Chinese-invested expressway in Cambodia: official
PHNOM PENH, Oct. 4 (Xinhua) — More than 4.2 million vehicles had traveled on the Phnom Penh-Sihanoukville Expressway in the first 11 months since its official opening to the public in November last year, a senior Cambodian official said on Tuesday.
“From November 2022 to September 2023, the total traffic volume on the Phnom Penh-Sihanoukville Expressway was 4.24 million,” Heang Sotheayuth, spokesman and director general of Technology and Public Relations at the Ministry of Public Works and Transport, told Xinhua.
Invested by the China Road and Bridge Corporation (CRBC) with 2 billion U.S. dollars, the 187-km expressway connects the capital Phnom Penh with the international deep-water seaport province of Preah Sihanouk.
Sotheayuth said the expressway has played a crucial role in enhancing the efficiency of the travel and logistics system in Cambodia, and it is a strategic road to boost tourism and trade exchanges with other countries.
Photo 1: This aerial photo taken on Oct. 28, 2022 shows the Phnom Penh-Sihanoukville (PPSHV) Expressway in Kampong Speu Province, Cambodia.(PPSHV Expressway/Handout via Xinhua)
Photo 2: This photo taken on Oct. 8, 2022 shows vehicles lining up at a toll station on the Phnom Penh-Sihanoukville Expressway in Phnom Penh, Cambodia. (PPSHV Expressway/Handout via Xinhua)