Connect with us

China

တရုတ်-ဆော်ဒီအာရေဗျ- အီရန် သုံးနိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖိန်၏ ဆော်ဒီ-အီရန် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး တရုတ်နိုင်ငံ၏ ထောက်ခံမှုဆိုင်ရာ အပြုသဘောအဆိုပြုချက်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံမှ တာဝန်ယူကျင်းပ၍ ပံ့ပိုးထားသော ဆော်ဒီ-အီရန် နှစ်နိုင်ငံတွေ့ဆုံမှုတွင် ဆွေးနွေးမှုများပြုလုပ်ရန် သမ္မတ ရှီကျင့်ဖိန်နှင့် ဆော်ဒီအာရေဗျနိုင်ငံ၊ အီရန်နိုင်ငံ ခေါင်းဆောင်များက သဘောတူညီခဲ့သည်။ ထိုသဘောတူညီချက်အရ ဆော်ဒီနှင့်အီရန် နှစ်နိုင်ငံသည် ညီအစ်ကို ဆက်ဆံရေးမူဘောင်အောက်တွင် တွေ့ဆုံဆွေးနွေးရေး၊ သံတမန်ရေးနည်းလမ်းဖြင့် ကွဲလွဲမှုများကို ဖြေရှင်းရန်အတွက် 《ကုလသမဂ္ဂပဋိညာဉ်စာတမ်း》《အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ပဋိညာဉ်စာတမ်း》၏ ရည်ရွယ်ချက်နှင့်အခြေခံမူ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံရေးရာဝန်ကြီး ၊ ဝန်ကြီးများကောင်စီအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးအကြံပေး Musaad bin Mohammed Al-Aibanနှင့် အီရန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Ali Shamkhaniတို့သည် နှစ်နိုင်ငံကိုယ်စားလှယ် အဖွဲ့များကို အသီးသီး ဦးဆောင်ကာ ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ် မတ် ၆ ရက်မှ ၁၀ ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆော်ဒီ- အီရန် နှစ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် ကာလအတွင်း တွေ့ဆုံဆွေးနွေးရန် တာဝန်ယူကျင်းပခဲ့သော အီရတ်နိုင်ငံနှင့်အိုမန်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲ အောင်မြင်စွာ ဖြစ်မြောက်ရေး တရုတ်နိုင်ငံခေါင်းဆောင်နှင့်အစိုးရမှ တာဝန်ယူကျင်းပ အားပေးခဲ့သည့်အတွက် ဆော်ဒီ-အီရန် နှစ်နိုင်ငံက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ဆော်ဒီ-အီရန် နှစ်ဘက် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန်နှင့် နှစ်လအတွင်း နှစ်နိုင်ငံအကြား သံရုံးနှင့်ကိုယ်စားလှယ်ဌာနများဖွင့်လှစ်ရန်အပါအဝင် သဘောတူညီချက်တစ်ရပ်ကို ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံကြား ရရှိခဲ့ကြောင်း သုံးနိုင်ငံပူးတွဲကြေညာခဲ့သည်။ သဘောတူညီချက်တွင် နိုင်ငံတိုင်း၏အချုပ်အခြာအာဏာကို လေးစားရန်၊ အခြားနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုရန် ပါဝင်သလို အထက်ဖော်ပြပါလုပ်ငန်းစဉ်များကို ဖော်ဆောင်ရန် ဆော်ဒီ-အီရန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး၍ သံအမတ်များ အပြန်အလှန် စေလွှတ်ရန် သဘောတူညီခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအားဖြည့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။

ဆော်ဒီ-အီရန် နှစ်နိုင်ငံကြား ၂၀၀၁ ခုနှစ် ဧပြီ ၁၇ ရက်က ချုပ်ဆိုထားသော လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နှင့် ၁၉၉၈ ခုနှစ် မေ ၂၇ ရက်က ချုပ်ဆိုထားသော စီးပွားရေးနှင့်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားနှင့် လူငယ်ကဏ္ဍဆိုင်ရာ သဘောတူညီချက်များကို ပြန်လည် အသက်သွင်းရန် နှစ်နိုင်ငံ အနေဖြင့် သဘောတူညီခဲ့ကြသည်။ နိုင်ငံတကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို မြှင့်တင်ရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားလိုကြောင်း သုံးနိုင်ငံလုံးက ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်ကို ၂၀၂၃ ခုနှစ် မတ် ၁၀ ရက်က ပေကျင်းမြို့၌ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တရုတ်-ဆော်ဒီ-အီရန် သုံးနိုင်ငံ ပူးတွဲကြေညာချက်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စား တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ၊ ဆော်ဒီအာရေဗျနိုင်ငံ ကိုယ်စား နိုင်ငံ့ရေးရာ ဝန်ကြီး၊ ဝန်ကြီးများကောင်စီအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးအကြံပေး Musaad bin Mohammed Al-Aiban ၊ အီရန်နိုင်ငံ ကိုယ်စား အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Ali Shamkhaniတို့အတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)

…………………………………………………
(Chinese Version)
中华人民共和国、沙特阿拉伯王国、伊朗伊斯兰共和国三方联合声明
为响应中华人民共和国主席习近平关于中国支持沙特阿拉伯王国同伊朗伊斯兰共和国发展睦邻友好关系的积极倡议,根据习近平主席与沙特、伊朗两国领导人就中国承办和支持沙伊两国举行会谈所达成的共识,沙伊双方为了在兄弟关系框架下通过对话和外交方式解决双方分歧,以恪守《联合国宪章》《伊斯兰合作组织宪章》的宗旨和原则以及国际规章和惯例,沙特国务大臣、内阁成员、国家安全顾问穆萨伊德•本•穆罕默德•艾班和伊朗最高国家安全委员会秘书阿里•沙姆哈尼分别率领沙特和伊朗代表团于2023年3月6至10日在北京举行会谈。
沙伊双方赞赏并感谢伊拉克共和国和阿曼苏丹国于2021年至2022年期间承办多轮对话。双方赞赏并感谢中国领导人和政府承办和支持此次会谈并推动其取得成功。三国宣布,沙特和伊朗达成一份协议,包括同意恢复双方外交关系,在至多两个月内重开双方使馆和代表机构;强调尊重各国主权,不干涉别国内政;双方同意两国外长举行会晤,启动上述工作,安排互派大使,并探讨加强双边关系。双方同意将激活两国于2001年4月17日(伊历1422年1月22日)签署的安全合作协议和于1998年5月27日(伊历1419年2月2日)签署的经济、贸易、投资、技术、科学、文化、体育和青年领域总协议。三国均表示愿尽一切努力,加强国际地区和平与安全。
此声明于2023年3月10日在北京发表。
声明由中华人民共和国代表、中共中央政治局委员、中央外事工作委员会办公室主任王毅,沙特阿拉伯王国代表、国务大臣、内阁成员、国家安全顾问穆萨伊德•本•穆罕默德•艾班,伊朗伊斯兰共和国代表、最高国家安全委员会秘书阿里•沙姆哈尼共同签署。
1.3月10日,中共中央政治局委员、中央外办主任王毅在北京主持沙特和伊朗对话闭幕式。沙特国务大臣兼国家安全顾问艾班、伊朗最高国家安全委员会秘书沙姆哈尼出席。新华社记者 罗晓光 摄