Connect with us

Europe

မော်လ်တာနိုင်ငံ ပင်လယ်ပြင်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၆၀ ခန့်ကို ကယ်ဆယ်ခဲ့

မော်လ်တာနိုင်ငံ တောင်ပိုင်း ဆိပ်ကမ်း Marsaxlokkသို့ ကယ်ဆယ်ထားသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ရောက်ရှိလာသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗလက်တာ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

မော်လ်တာနိုင်ငံ ပင်လယ်ပြင်တွင် အန္တရာယ်နှင့်ကြုံတွေ့နေရသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၆၀ ခန့်ကို ကယ်ဆယ်ခဲ့ရာ မော်လ်တာနိုင်ငံ တောင်ပိုင်းဆိပ်ကမ်း Marsaxlokkသို့ ဧပြီ ၁၇ ရက် ညပိုင်းက ရောက်ရှိလာခဲ့ကြောင်း မော်လ်တာနိုင်ငံ မီဒီယာများ၏ သတင်းများအရ သိရသည်။

အဆိုပါ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါစီးနင်းလာသော သင်္ဘောနှစ်စင်းသည် အန္တရာယ်ကြုံတွေ့ပြီးနောက် ၎င်းတို့ကို ကုန်သည်သင်္ဘောနှစ်စင်းက မောလ်တာ အာဏာပိုင်များ၏ညွှန်ကြားမှုဖြင့် မော်လ်တာနှင့်လစ်ဗျားကြားရှိ ပင်လယ်ပြင်တွင် ကယ်ဆယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့နောက် မော်လ်တာလက်နက်ကိုင်တပ်ဖွဲ့ ကင်းလှည့်သင်္ဘောသို့ ရွှေ့ပြောင်းပေးခဲ့ရာ Marsaxlokkသို့ ဧပြီ ၁၇ ရက် ညပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မြေထဲပင်လယ် အလယ်ပိုင်းကို ဖြတ်သန်း၍ ဥရောပသို့ ဝင်ရောက်သော ရွှေ့ပြောင်းနေထိုင်သူနှင့် ခိုလှုံခွင့် တောင်းခံသူများသည် ဆိုးဝါးစွာ များပြားလာကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ယခုလ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်မှစ၍ မြေထဲပင်လယ်ကို ဖြတ်သန်းလာစဉ် သေဆုံးသူ သို့မဟုတ် ပျောက်ဆုံးသွားသူ ၂၆,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………..
(Chinese Version)
约60名非法移民在马耳他海域获救
新华社瓦莱塔4月17日电(记者陈文仙)据马耳他媒体报道,约60名非法移民在马耳他海域遇险获救后,于17日晚抵达马耳他南部港口马尔萨什洛克。
报道说,这些非法移民乘坐的两艘偷渡船遇险后,被两艘商船根据马耳他当局指令在马耳他和利比亚之间的海域救起,随后被转移到马耳他武装部队的巡逻船上,于17日晚抵达马尔萨什洛克。目前,这些非法移民的国籍等详细信息尚未明确。
联合国人权事务高级专员办公室本月13日说,穿越地中海中部进入欧洲的移民和寻求庇护者正在急剧增加。自2014年以来,已有超过2.6万人在穿越地中海时死亡或失踪。
1.4月17日,获救非法移民抵达马耳他南部港口马尔萨什洛克。新华社发(乔纳森•博格摄)