Connect with us

Asia

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း နယ်စပ်ဒေသတွင် မြေပြိုကျမှုကြောင့် ၈ ဦးဒဏ်ရာရ၊ လူအမြောက်အမြား ပျောက်ဆုံးနေ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့ရှိ ဗလီတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေဆုံးသူများကို ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေရေးလုပ်ဆောင်နေသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

အစ္စလာမ်မာဘတ်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Torkham နယ်စပ်တွင် ဧပြီ ၁၈ ရက်၌ မြေပြိုကျမှုဖြစ်ပွားပြီးနောက် လူ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး အပျက်အစီးများအောက်တွင် လူအမြောက်အမြား ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် အာဖဂန်နစ္စတန်နိုင်ငံအနီး နယ်စပ်တွင် မိုးကြိုးပစ်ခြင်းကြောင့် ဒေသစံတော်ချိန် နံနက် ၃:၅၀ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် Rescue 1122 မှ သတင်းရင်းမြစ်များက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ဒါကကြီးမားတဲ့မြေပြိုမှုပါပဲ။ မိုးကြိုးပစ်လိုက်တဲ့အချိန်မှာ တောင်ရဲ့တစ်စိတ်တစ်ပိုင်းက ရုတ်တရက်ပြိုကျလာပြီး ပိတ်မိသွားတာ။ နယ်စပ်ဖြတ်ဖို့ စောင့်ဆိုင်းနေတဲ့ ထရပ်ကားတွေအများကြီး ပိတ်မိနေတယ်” ဟု သတင်းရင်းမြစ်များက ဖြည့်စွက်ပြောခဲ့သည်။

ယင်းနေရာ၌ ကယ်ဆယ်ရေးသမား ၆၀ ခန့်က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် အပျက်အစီးများအောက်၌ ပိတ်မိနေသူများ ကယ်ဆယ်ရန် အရင်းအမြစ်များအားလုံး အသုံးပြုလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

………………………………
8 injured, scores missing after land sliding hits NW Pakistan’s border area
ISLAMABAD, April 18 (Xinhua) — Eight people were injured and scores of others went missing under the rubbles following a land sliding at the Torkham border in Pakistan’s northwest Khyber Pakhtunkhwa province on Tuesday, rescue sources said.
The incident happened at about 3:50 a.m. local time due to lightning at the border area near Afghanistan, sources from the state-owned Rescue 1122 told Xinhua.
“It was a massive land sliding, and part of a mountain caved in when the lightning struck it, trapping dozens of trucks waiting to cross the border,” the sources added.
About 60 rescue workers are taking part in the operation, and all resources are being used to recover the trapped people from the rubbles, the statement added.
Photo: Rescuers search for victims after a blast at a mosque in northwest Pakistan’s Peshawar, on Jan. 31, 2023. (Str/Xinhua)