Connect with us

Europe

“Ramesses IIနှင့်ဖာရိုဘုရင်များ၏ရွှေ” အီဂျစ် ယဉ်ကျေးမှုအမွေအနှစ်ပြပွဲ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပ

ပြင်သစ်နိုင်ငံ ပါရီမြို့၌ ရိုက်ကူးသော Ramesses II ကျောက်ခေါင်းတလားကြီးအား ၂၀၂၃ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါရီ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ရိုက်ကူးသော ဖာရိုဘုရင်၏ ရွှေရည်လောင်းထားသော မျက်နှာဖုံးအား ၂၀၂၃ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ရိုက်ကူးသော ကြောင်မံမီ ကျောက်ခေါင်းတလားအား ၂၀၂၃ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ် ဒဏ္ဍာရီ ဖာရိုဘုရင် Ramesses II အကြောင်းမိတ်ဆက်သော “Ramesses IIနှင့်ဖာရိုဘုရင်များ၏ရွှေ” အီဂျစ် ယဉ်ကျေးမှုအမွေအနှစ်ပြပွဲကို ဧပြီ ၇ ရက် မှ စက်တင်ဘာ ၆ ရက်အထိ ပါရီမြို့တွင် ကျင်းပသွားမည် ဖြစ်သည်။ ပြပွဲတွင် အဖိုးတန်ပစ္စည်း ၁၈၀ ခန့်ကို စုစည်းပြသခဲ့ရာ ၎င်းတို့အနက် အချို့ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများမှာ ပထမဆုံးအကြိမ်အဖြစ် အီဂျစ်နိုင်ငံ ပြင်ပသို့ သွားရောက်ခြင်း ပြသခြင်း ဖြစ်ကြောင်း သိရသည်။ Ramesses IIသည် ရှေးအီဂျစ်သမိုင်းတွင် နာမည် အကျော်ကြားဆုံးသော ဖာရိုဘုရင်များအနက် တစ်ပါးဖြစ်ရာ ဘီစီ ၁၂၇၉ မှ ဘီစီ ၁၂၁၃ ခန့်က ရှေးအီဂျစ်တွင် ထီးနန်းစိုးစံခဲ့ခြင်း ဖြစ်သည်။ ၎င်းထီးနန်းစိုးစံအုပ်ချုပ်သည့်ကာလများတွင် စစ်ရေးခရီးရှည်ထွက်ခြင်းများ အကြိမ်များစွာ ပြုလုပ်ခဲ့သလို မြို့ပြတည်ဆောက်မှုများ အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ရာတွင် Abu Simbel ဂူဘုရားကျောင်း စသည့် နာမည်ကျော် အဆောက်အဦများ ကျန်ရစ်ခဲ့သည်။ Ramesses II၏ မံမီရုပ်ကလာပ်ကို ကံကောင်းထောက်မစွာဖြင့် သိမ်းဆည်းထားနိုင်ခဲ့ပြီး အီဂျစ်အမျိုးသားပြတိုက်တွင် တစ်နှစ်ပတ်လုံးပြသထားကြောင်း သိရသည်။ (Xinhua)
……………………………………………….

(Chinese Version)
“拉美西斯和法老的黄金”埃及文物展将在巴黎举行
介绍埃及传奇法老拉美西斯二世的“拉美西斯和法老的黄金”埃及文物展将于4月7日至9月6日在巴黎举行。展览汇集约180件珍贵展品,其中部分文物首次走出埃及国门参展。拉美西斯二世是古埃及历史上最著名的法老之一,统治古埃及的年代约为公元前1279年至公元前1213年。他执政期间多次发动大规模军事远征,并在国内大兴土木,留下了阿布•辛拜勒大型岩窟神庙等著名建筑。拉美西斯二世的木乃伊被幸运地保存下来,常年在埃及国家博物馆展出。
新华社记者高静摄
1. 这是4月6日在法国巴黎拍摄的拉美西斯二世的石棺。
2. 这是4月6日在法国巴黎拍摄的法老木质镀金面罩。
3. 这是4月6日在法国巴黎拍摄的猫木乃伊石棺。