Connect with us

China

တရုတ်နိုင်ငံ ရှေးဟောင်းမြို့တော် ရှီးအန်း၏ ယဉ်ကျေးမှု အထင်ကရ____ တာ့ယန့်စေတီ

တရုတ်နိုင်ငံ ရှီးအန်းမြို့ရှိ တာ့ယန့်စေတီ မြောက်ဘက် ရင်ပြင်တွင် ဂီတသံစဉ်အလိုက်ရေပန်းအလှဖျော်ဖြေမှုအား ဧပြီ ၁၈ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

ရှီးအန်း၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးအန်းမြို့သည် မြို့တည်သက်တမ်း နှစ်ပေါင်း ၃,၁၀၀ ကျော် သမိုင်းရာဇဝင် ရှိသလို မြို့တော်အဖြစ် တည်ထားသောသက်တမ်း နှစ်ပေါင်း ၁,၁၀၀ ကျော် ရာဇဝင်ရှိသည့် သမိုင်းယဉ်ကျေးမှုဆိုင်ရာ အထင်ကရ မြို့ဖြစ်သည်။ ယင်းနေရာတွင် တရုတ်ရှေးမင်းဆက်ပေါင်း ၁၃ ဆက်၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဆုံစည်းမှု၊ ခွဲခွါမှု အဖြစ်အပျက် များစွာ ဖြစ်ပွားခဲ့သည်။ ရှီးအန်းမြို့ရှိ ယဉ်ကျေးမှုအထင်ကရနေရာ တစ်ခုစီတိုင်းတွင် ရှည်လျားသော သမိုင်းကာလ၏ ခမ်းနားထည်ဝါမှုနှင့် တသွင်သွင် ပြောင်းလဲလာသည့် သမိုင်းအသွင်အပြင်ကို မှတ်သားထားသည်။

တရုတ်နိုင်ငံ ရှီးအန်းမြို့ရှိ တာ့ယန့်စေတီ မြောက်ဘက် ရင်ပြင်တွင် ဂီတသံစဉ်အလိုက်ရေပန်းအလှဖျော်ဖြေမှုအား ဧပြီ ၁၈ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးအန်းမြို့ တာ့ယန့်စေတီအနီးတစ်ဝိုက်ရှိ ညရှုခင်းများအား ဧပြီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးအန်းမြို့ရှိ တာ့ယန့်စေတီ မြောက်ဘက် ရင်ပြင်တွင် ဂီတသံစဉ်အလိုက်ရေပန်းအလှဖျော်ဖြေမှုအား လာရောက်ကြည့်ရှုနေသူများကို ဧပြီ ၁၈ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးအန်းမြို့ရှိ တာ့ယန့်စေတီနှင့် အနီးတစ်ဝိုက် မြို့ပြအလှမြင်ကွင်းများအား မေ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးအန်းမြို့ရှိ တာ့ယန့်စေတီသို့ လာရောက်ကြသော ခရီးသွားများအား မေ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရှီးအန်း ယဉ်ကျေးမှု အထင်ကရနေရာတစ်ခုဖြစ်သည့် တာ့ယန့်စေတီကို ထန်မင်းဆက်၊ ထန်ကောင်းကျုံးလက်ထက် တတိယနှစ်( အေဒီ ၆၅၂ ခုနှစ်)တွင် စတင် တည်ဆောက်ခဲ့ပြီး ခေတ်အဆက်ဆက်က ပြုပြင်မွမ်းမံထိန်းသိမ်းလာခဲ့ရာ လက်ရှိ စေတီကို မင်မင်းဆက်က ပြန်လည်ပြုပြင်ခဲ့ခြင်း ဖြစ်သည်။ တာ့ယန့်စေတီကို လေးထောင့်သဏ္ဍာန် စေတီအုတ်မြစ်ပေါ်တွင် စတုရန်းသဏ္ဍာန် အုတ်စေတီ ခုနစ်ဆင့် တင်၍ တည်ဆောက်ထားခြင်းဖြစ်ပြီး အမြင့် ၆၄.၁ မီတာ ရှိသည်။ ထန်မင်းဆက်၌ တည်ရှိခဲ့သော လေးထောင့်အဆောက်အဦသဏ္ဍာန် အုတ်စေတီများအနက် လက်ရှိတွင် သမိုင်းကာလအစောဆုံးနှင့် ထုထည် အကြီးမားဆုံးဖြစ်သော ယင်းစေတီသည် အိန္ဒိယ ဗုဒ္ဓဘာသာ အဆောက်အဦပုံစံဖြင့် တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး တရုတ်အသွင်ပြောင်းလဲမှု၏ ကိုယ်စားပြုရုပ်ဝတ္တုသက်သေတစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွားမှုသမိုင်းတွင် အရေးကြီးသောနေရာအစိတ်အပိုင်း ဖြစ်ခြင်းကြောင့် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့သည်။ (Xinhua)

…………………………………….
(Chinese Version)
打卡古都西安的文化地标——大雁塔
西安作为一座拥有3100多年建城史,1100多年建都史的历史文化名城,先后有十三个王朝在此演绎了无数的悲欢离合。一个个文化地标,记录着这座城市在岁月长河中的绝代风华,流淌着生生不息的历史文脉。
作为西安文化地标之一的大雁塔,始建于唐高宗永徽三年(公元652年),经历代维修,现存塔为明代修复。大雁塔是建于方形砖砌塔基之上的七层四方形砖塔,通高64.1米,作为现存最早、规模最大的唐代四方楼阁式砖塔,是佛塔这一印度佛教的建筑形式随着佛教传入中原地区并中国化的典型物证,在佛教传播史上具有重要地位,2014年被列入世界文化遗产名录。
1,2.西安大雁塔北广场在进行音乐喷泉表演(4月18日摄,无人机照片)。
3. 西安大雁塔周边夜景(4月18日摄,无人机照片)。
4. 游人在西安大雁塔北广场观赏音乐喷泉表演(4月18日摄,无人机照片)。
5. 西安大雁塔及周边城市景色(5月1日摄)。
6. 游客在西安大雁塔下游览(5月1日摄)。