Connect with us

China

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုက စိန်ခေါ်မှုများကြားမှ ပိုမိုမြန်ဆန်သောအရှိန်အဟုန်ဖြင့် တိုးတက်လာ

၂၀၂၃ ခုနှစ် ပထမလေးလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း ပို့ကုန်နှင့် သွင်းကုန်များ ပမာဏမှာ ယမန်နှစ်ကထက် ၅.၈ ရာခိုင်နှုန်း တိုးတက်လာပြီး ယွမ် ၁၃.၃၂ ထရီလီယံအထိ ရောက်ရှိလာသည်ကို တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ပြင်ပ၏ မတည်ငြိမ်သောအခြေအနေ ကုန်သွယ်မှုအန္တရာယ် စသည့် စိန်ခေါ်မှုများရှိနေသည့်ကြားမှ ယခုနှစ် ပထမလေးလတာကာလအတွင်း ပိုမိုမြန်ဆန်သောအရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့ရှိ ဟိုင်ခို ကွန်တိန်နာဆိပ်ကမ်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ကာလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း သွင်းကုန်နှင့် ပို့ကုန်များမှာ ယမန်နှစ်ကထက် ၅.၈ ရာခိုင်နှုန်း၊ ယွမ် ၁၃.၃၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၂ ထရီလီယံခန့်) မြင့်တက်လာခဲ့ကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာန (GAC) က မေ ၉ ရက်၌ ပြောကြားခဲ့သည်။ ထိုသို့ တိုးတက်မှုနှုန်းသည် ပထမသုံးလပတ်အတွင်း မှတ်တမ်းတင်ထားမှုမှ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် တည်ငြိမ်စွာတိုးတက်မှုအရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့ကြောင်း GAC တာဝန်ရှိသူ Lyu Daliang က ပြောခဲ့သည်။

တရုတ်နိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် ဥရောပသမဂ္ဂကြား ကုန်သွယ်ရေး တိုးတက်မှုနှုန်းမှာ ၁၃.၉ ရာခိုင်နှုန်းနှင့် ၄.၂ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။

ထို့ပြင် ရပ်ဝန်းနှင့် ပိုးလမ်းမ (B&R) တစ်လျှောက်ရှိနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုမှာလည်း ထိုကာလအတွင်း ယခင်နှစ်ကထက် ၁၆ ရာခိုင်နှုန်း၊ ယွမ် ၄.၆၁ ထရီလီယံ တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s foreign trade grows at faster pace despite challenges
BEIJING, May 9 (Xinhua) — China’s foreign trade grew at a faster pace in the first four months of the year amid uncertain external demand, trade risks and other challenges.
China’s total imports and exports expanded 5.8 percent year on year to 13.32 trillion yuan (about 1.92 trillion U.S. dollars) in the period, the General Administration of Customs (GAC) said Tuesday. The growth rate accelerated by 1 percentage point from the pace recorded in the first quarter.
The country’s foreign trade maintained sound momentum of steady growth, said Lyu Daliang, an official with the GAC.
From January to April, the growth rate of China’s trade with the Association of Southeast Asian Nations (ASEAN) and the European Union stood at 13.9 percent and 4.2 percent, respectively, the data showed.
China’s trade with Belt and Road (B&R) countries jumped by 16 percent year on year to 4.61 trillion yuan in the period.
Photo 1: China’s total imports and exports expanded 5.8 percent year on year to 13.32 trillion yuan in the first four months of 2023, official data showed Tuesday. (Xinhua)
Photo 2: This aerial photo taken on Jan. 13, 2023 shows a view of the container terminal of Haikou Port in Haikou, south China’s Hainan Province. (Xinhua/Pu Xiaoxu)