Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဟဲပေပြည်နယ် ရှုံအန်းမြို့သစ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရှုံအန်းမြို့သစ် အရည်အသွေးမြင့် တည်ဆောက်မှု မြှင့်တင်ရေး ဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရှုံအန်းမြို့သစ် ရုန်တုန်းခရိုင် နန်ဝန်ရင်ရပ်ကွက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ရပ်ကွက်နေပြည်သူများအား လက်ပြနှုတ်ဆက်နေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၀ ရက် နံနက်ပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ရှုံအန်း၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ နိုင်ငံတော် သမ္မတ ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မေ ၁၀ ရက်က ဟဲပေပြည်နယ် ရှုံအန်းမြို့သစ်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှုံအန်းမြို့သစ် အရည်အသွေးမြင့် တည်ဆောက်မှု မြှင့်တင်ရေး ဆွေးနွေးပွဲတွင် သဘာပတိအဖြစ် အရေးကြီးမိန့်ခွန်းပြောကြားခဲ့သည်။ရှုံအန်းမြို့သစ်သည် အကြီးစားတည်ဆောက်မှုများနှင့် ပေကျင်းမြို့အင်္ဂါရပ်နှင့်မညီသော အစိတ်အပိုင်းများအား ရွှေ့ပြောင်းခြင်း အရေးကြီးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ လုပ်ငန်းဆောင်တာများကို အရည်အသွေးမြင့်တည်ဆောက်မှု၊ အဆင့်မြင့်စီမံခန့်ခွဲမှု၊ အရည်အသွေးမြင့် ရွှေ့ပြောင်းဖွံ့ဖြိုးရေးကို အဓိကထားလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။ ခိုင်မာသော ယုံကြည်ချက်၊ အာရုံစူးစိုက်မှုဖြင့် တည်ငြိမ်ကောင်းမွန်မှုရှိစွာ ပြီးမြောက်အောင် ဆောင်ရွက်ပြီး လုပ်ငန်းကဏ္ဍအသီးသီးတွင် အဆက်မပြတ်တိုးတက်အောင် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရှုံအန်းမြို့သစ် ရုန်တုန်းခရိုင် နန်ဝန်ရင်ရပ်ကွက်ရှိ စားသောက်ဆိုင်တွင် သက်ကြီးဘိုးဘွားများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၀ ရက် နံနက်ပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရှုံအန်းမြို့သစ် ရုန်တုန်းခရိုင် နန်ဝန်ရင်ရပ်ကွက်တွင် ပြန်လည်ပြောင်းရွှေ့နေထိုင်သော မိသားစုတစ်ခုသို့ သွားရောက်ကြည့်ရှုနေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၀ ရက် နံနက်ပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရှုံအန်းဘူတာကြီး ခရီးသည်နားနေဆောင်တွင် ခရီးသွားများနှင့် ခင်မင်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၀ ရက် နံနက်ပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရှုံအန်းမြို့သစ် အရည်အသွေးမြင့် တည်ဆောက်မှု မြှင့်တင်ရေး ဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်၍ အရေးကြီးမိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၀ ရက် နံနက်ပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရှုံအန်း မြို့ချင်းချိတ်ဆက်ထားသော ဘူတာကြီးနှင့် ကုန်သွယ်ရေးစင်တာ စီမံကိန်းဆောက်လုပ်ရေးနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးနေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၀ ရက် နံနက်ပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါခရီးစဉ်ကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေရေးရာရုံး အကြီးအကဲ ချိုက်ချီ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန်တို့က အတူ လိုက်ပါစစ်ဆေးကြည့်ရှုခဲ့ပြီး ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

#China #XiJinping #Xiong’an #တရုတ် #ရှီကျင့်ဖိန် #ရှုံအန်းမြို့သစ်တည်ဆောက်ရေး
—————————

习近平在河北雄安新区考察并主持召开高标准高质量推进雄安新区建设座谈会
新华社河北雄安新区5月10日电中共中央总书记、国家主席、中央军委主席习近平10日在河北省雄安新区考察,主持召开高标准高质量推进雄安新区建设座谈会并发表重要讲话。他强调,雄安新区已进入大规模建设与承接北京非首都功能疏解并重阶段,工作重心已转向高质量建设、高水平管理、高质量疏解发展并举。要坚定信心,保持定力,稳扎稳打,善作善成,推动各项工作不断取得新进展。
中共中央政治局常委、国务院总理李强,中共中央政治局常委、中央办公厅主任蔡奇,中共中央政治局常委、国务院副总理丁薛祥陪同考察并出席座谈会。
1. 这是5月10日上午,习近平在容东片区南文营社区考察时向社区居民挥手致意。新华社记者 殷博古 摄
2. 这是5月10日上午,习近平在容东片区南文营社区食堂同就餐的社区老人亲切交流。新华社记者 李学仁 摄
3. 这是5月10日上午,习近平在容东片区南文营社区回迁居民李敬和家中看望。新华社记者 李学仁 摄
4. 这是5月10日上午,习近平在雄安站候车大厅同旅客亲切交流。新华社记者 申宏 摄
5. 这是5月10日下午,习近平主持召开高标准高质量推进雄安新区建设座谈会并发表重要讲话。新华社记者 燕雁 摄
6. 这是5月10日上午,习近平在雄安城际站及国贸中心项目建设现场考察。新华社记者 燕雁 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.