Connect with us

China

တရုတ်နိုင်ငံက ဥရောပ၏ မဟာဗျူဟာမြောက် သီးခြားရပ်တည်မှုကို ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (ဝဲ) နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ပြုလုပ်သော အစည်းအဝေးအတွင်း လက်ဆွဲနှုတ်ဆက်နေမှုကို ၂၀၂၃ ခုနှစ်၊ မေ ၉ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဥရောပပြည်သူများ ရွေးချယ်ထားသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ထောက်ခံပြီး မဟာဗျူဟာမြောက် သီးခြားရပ်တည်မှုတွင် ဥရောပကို ထောက်ခံကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ဘာလင်ခရီးစဉ်အတွင်း မေ ၉ ရက်၌ ပြောကြားသည်။

ဘာလင်မြို့တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ချင်က သတင်းထောက်များကို ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက် ပိုမိုကောင်းမွန်သော မနက်ဖြန်များကို တည်ဆောက်ရာတွင် တရုတ်နှင့် ဥရောပအတူတကွလုပ်ဆောင်သွားမည်ဖြစ်
ကြောင်း ချင်ကဆိုသည်။

ချင်သည် ဂျာမနီနိုင်ငံ၏ ဖိတ်ကြားချက်အရ မေ ၈ ရက် မှ ၁၂ ရက်အတွင်း ဂျာမနီနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သလို ပြင်သစ်နိုင်ငံနှင့် နော်ဝေနိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်သည်။ (Xinhua)

………………………………………..
(English Version)

China supports Europe’s strategic autonomy: FM
BERLIN, May 9 (Xinhua) — China supports the development path chosen by the European people and supports Europe in achieving strategic autonomy, Chinese State Councilor and Foreign Minister Qin Gang said here on Tuesday.
Qin made the remarks while meeting with the press along with German Foreign Minister Annalena Baerbock after their talks in Berlin.
China and Europe should work together to build a better tomorrow with lasting peace and universal security, Qin said.
Qin is on a visit to Germany, France and Norway from May 8 to 12 at the invitation of his German, French and Norwegian counterparts. ■
Chinese State Councilor and Foreign Minister Qin Gang (L) shakes hands with German Foreign Minister Annalena Baerbock during their meeting in Berlin, Germany, on May 9, 2023. (Xinhua/Ren Pengfei)