Connect with us

China

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်း နှင့် အမေရိကန်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

ဝါရှင်တန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်းသည် အမေရိကန်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondoနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးကာလ မေ ၂၅ ရက်က ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ဆက်ဆံရေးနှင့် ဘုံဂရုပြုကြသော ကုန်သွယ်စီးပွားကိစ္စရပ်များအား ပွင့်လင်းမှု၊ ကျွမ်းကျင်မှုနှင့် အပြုသဘောဆောင်မှုရှိစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံ အပေါ်ထားရှိသော ကုန်သွယ်စီးပွားမူဝါဒများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းမူဝါဒ၊ ပို့ကုန် စီမံထိန်းချုပ်မှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှုစိစစ်ရေး စသည့်ကိစ္စရပ်များအပေါ် တရုတ်နိုင်ငံက အဓိက ဂရုပြုကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်း တည်ဆောက်ပြီး ကုန်သွယ်စီးပွား ဂရုပြုသော ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အသေးစိတ် ကိစ္စရပ်များတွင် ဆွေးနွေးဖလှယ်မှုများထားရှိရန်နှင့်မြှင့်တင်ဆောင်ရွက်ရန် နှစ်ဘက်သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………
(Chinese Version)
(国际)商务部部长王文涛会见美国商务部长雷蒙多
新华社华盛顿5月25日电5月25日,商务部部长王文涛在赴美国参加亚太经合组织贸易部长会议期间,在华盛顿会见美国商务部长雷蒙多。双方就中美经贸关系和共同关心的经贸问题进行了坦诚、专业、建设性的交流。中方就美对华经贸政策、半导体政策、出口管制、对外投资审查等表达重点关切。双方同意建立沟通渠道,就