Connect with us

China

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဝမ်ဝန်ထောင်းနှင့် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ် Katherine Tai တွေ့ဆုံဆွေးနွေး

ဒက်ထရိုက်၊ မေ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဝမ်ဝန်ထောင်း သည် အမေရိကန်နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Taiနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးကာလ မေ ၂၆ ရက်က ဒက်ထရိုက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ဆက်ဆံရေး၊ ဒေသတွင်းနှင့်နိုင်ငံစုံ ဘုံဂရုပြုကြသော ကိစ္စရပ်များအား ပွင့်လင်းမှု၊ လက်တွေ့ကျမှု၊ နက်ရှိုင်းမှုရှိစွာ ဖလှယ်ခဲ့ကြကြောင်း သိရသည်။ အမေရိကန်၏ တရုတ်နိုင်ငံအပေါ် ထားရှိသော ကုန်သွယ်စီးပွားမူဝါဒများ၊ ထိုင်ဝမ်နှင့်စပ်လျဉ်းသော ကုန်သွယ်စီးပွားကဏ္ဍများ ၊ “အင်ဒိုပစိဖိတ် စီးပွားရေး မူဘောင်”၊ ၃၀၁ အခွန် စည်းကြပ်မှု စသည့် အဓိက ကိစ္စရပ်များအပေါ် တရုတ်နိုင်ငံက ဂရုပြုကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ထားရှိရန် နှစ်ဘက်သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………………..
(Chinese Version)
商务部部长王文涛会见美国贸易代表戴琪
新华社美国底特律5月26日电5月26日,商务部部长王文涛在美国底特律参加亚太经合组织贸易部长会议期间,会见了美国贸易代表戴琪。双方就中美经贸关系和共同关心的区域和多边议题进行了坦诚、务实、深入的交流。中方就美对华经贸政策、经贸领域涉台问题、“印太经济框架”、301关税等重点问题提出关切。双方同意继续保持交流沟通。(完)