Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Tshisekedi တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Tshisekediအား ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင် အရှေ့ရင်ပြင်တွင် အခမ်းအနားဖြင့် ကြိုဆိုနေသည်ကို ၂၀၂၃ ခုနှစ် မေ ၂၆ ရက် ညနေပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ် ခရီးစဉ် လာရောက်သော ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Tshisekediနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် မေ ၂၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်-ကွန်ဂို(DRC) နှစ်နိုင်ငံသည် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုနှင့် ကိုလိုနီကျူးကျော်မှု ဆန့်ကျင်ရေး သမိုင်း ဖြစ်စဉ်တွင် နက်ရှိုင်းသော အစဉ်အလာချစ်ကြည်ရေးကို တည်ဆောက်ခဲ့ပြီး ဖြစ်ရာ တူညီမှုများစွာနှင့် လက်တွဲလျှောက်လှမ်းကြသည့် မဟာဗျူဟာ မိတ်ဖက်များ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Tshisekediအား ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင် အရှေ့ရင်ပြင်တွင် အခမ်းအနားဖြင့် ကြိုဆိုနေသည်ကို ၂၀၂၃ ခုနှစ် မေ ၂၆ ရက် ညနေပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Tshisekediအား ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင် အရှေ့ရင်ပြင်တွင် အခမ်းအနားဖြင့် ကြိုဆိုနေသည်ကို ၂၀၂၃ ခုနှစ် မေ ၂၆ ရက် ညနေပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Tshisekediတို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၃ ခုနှစ် မေ ၂၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ယခုနှစ်ပိုင်းများတွင် နှစ်ဘက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ရလဒ်များစွာ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကွန်ဂို(DRC)နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကြီးဆုံးအရင်းအမြစ်နိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ဆက်လက် တည်ရှိခဲ့ရာ နှစ်နိုင်ငံသည် အကျိုးတူအသိုက်အဝန်းနှင့် အေးအတူ ပူအမျှ အသိုက်အဝန်းအဖြစ် နီးကပ်စွာ တည်ရှိနေပြီ ဖြစ်ကြောင်း၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်း၏ အောင်မြင်သော အတွေ့အကြုံများက ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း မိမိနိုင်ငံနှင့်လျော်ညီသော ခေတ်မီအသွင်မှု လမ်းစဉ် ရှာဖွေ ရွေးချယ်နိုင်ခြင်းကို ပြသလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကွန်ဂို (DRC) နိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုများ အားဖြည့် ဆောင်ရွက်ကာ ဖွံ့ဖြိုးရေးသို့ လျှောက်လှမ်းရာ လမ်းတွင် အပြန်အလှန်အားပေးထောက်ခံခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို အတူရှာဖွေခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို အတူမြှင့်တင်ခြင်းဖြင့် အတူတိုးတက်အောင် လျှောက်လှမ်းသွားလိုကြောင်း၊ တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ကွန်ဂို(DRC)နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းနှင့် ပိုမိုကျယ်ပြန့်သော ဈေးကွက်ကို ပံ့ပိုးပေးမည်ဖြစ်ပြီး နှစ်ဘက်ဆက်ဆံရေး ပိုမို တိုးတက်အောင် တွန်းအားပေးမည်ဟု ယုံကြည်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ Tshisekediက တရုတ်ကွန်မြူနစ်ပါတီ(၂၀)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီ ညီလာခံနှင့် တရုတ်နိုင်ငံ တစ်ပြည်လုံးဆိုင်ရာ အစည်းအဝေးနှစ်ရပ် အောင်မြင်စွာ ကျင်းပခဲ့သည်အတွက် လည်းကောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ အဖြစ် သမ္မတ ရှီကျင့်ဖိန် ထပ်မံ ရွေးချယ်ခံရသည့်အတွက်လည်းကောင်း၊ သမ္မတ ရှီကျင့်ဖိန် ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် ခေတ်သစ်တွင် ကြီးမားသော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှု ရလဒ်များ ရှိခဲ့သည့်အတွက်လည်းကောင်း မိမိအနေဖြင့် ကွန်ဂို(DRC)နိုင်ငံပြည်သူများကိုယ်စား လှိုက်လှဲစွာ ဂုဏ်ပြုပါကြောင်း ၊ တရုတ်နိုင်ငံသည် ဒုတိယ နှစ် ၁၀၀ ရည်မှန်းချက်ကို မုချမသွေ အကောင်အထည် ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ရာစုနှစ်ဝက်ကြာကာလတွင် ကွန်ဂို(DRC)-တရုတ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုက အချိန်ကာလ၏ အစမ်းအသပ်ကို ခံနိုင်ခဲ့ပြီး အောင်မြင်မှုရလဒ်များစွာ ရရှိခဲ့ရာ နှစ်ဘက်အတူ တန်ဖိုးထားထိုက်ပါကြောင်း၊ ကွန်ဂို(DRC)နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံက ကာလကြာရှည် အဓိကကျသော အကူအညီများနှင့်အဖိုးတန်သော ထောက်ခံအားပေးမှုများ ပံ့ပိုးပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း Tshisekediက ပြောကြားခဲ့သည်။

ကွန်ဂို(DRC)နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ ကျင့်သုံးသွားမည် ဖြစ်ပြီး တရုတ်နိုင်ငံပေါင်းစည်းရေးကြိုးပမ်းမှုများကို ခိုင်မာစွာ အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်စီးပွား၊ အရင်းအမြစ်များ၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေး စသည့်ကဏ္ဍများ၌ တရုတ်နိုင်ငံနှင့်အတူ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ကာ ကွန်ဂို(DRC)-တရုတ် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအနက်အဓိပ္ပါယ်ကို ပြည်စုံအောင် ဖြည့်စည်းသွားလိုကြောင်း၊ တည်ငြိမ်၍ဆန်းသစ်မှုရှိသော ကွန်ဂို(DRC)-တရုတ် ဆက်ဆံရေးကို တည်ဆောက်ကာ နှစ်နိုင်ငံပြည်သူများ၏အကျိုးကို ဆောင်ကြဉ်းသွားလိုကြောင်း Tshisekediက ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်များက ရင်းနှီးမြှုပ်နှံမှု၊ အစိမ်းရောင် စီးပွားရေး၊ ဒစ်ဂျစ်တယ် စီးပွားရေးစသည့် ကဏ္ဍများ၏ နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာရွက်စာတမ်းများ လက်မှတ်ရေးထိုးမှုအား အတူ သက်သေပြုခဲ့ကြသည်။

ထို့နောက် နှစ်နိုင်ငံအနေဖြင့်《တရုတ်- ကွန်ဂို(DRC) ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ပူးတွဲကြေညာချက်》အား ထုတ်ပြန်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………….
(Chinese Version)
(外事)习近平同刚果(金)总统齐塞克迪举行会谈
新华社北京5月26日电5月26日下午,国家主席习近平在人民大会堂同来华进行国事访问的刚果(金)总统齐塞克迪举行会谈。两国元首宣布,将两国合作共赢的战略伙伴关系提升为全面战略合作伙伴关系。
习近平指出,中刚两国在争取民族解放运动和反对殖民侵略的历史进程中建立了深厚传统友谊,是拥有广泛共同语言、并肩同行的战略伙伴。近年来,双方各领域合作成果丰硕,中国连续多年成为刚果(金)最大贸易伙伴和最大外资来源国,双方已经结成紧密的利益共同体和命运共同体。中国式现代化的成功经验表明,发展中国家有权利也有能力探索符合本国国情的现代化道路。中方愿同刚果(金)加强发展战略对接,在发展振兴的道路上相互支持、共谋合作、共促发展、共同进步。相信中国高质量发展将为刚果(金)提供更多合作机遇和更广阔市场,推动双边关系得到更大发展。

齐塞克迪表示,我代表刚果(金)人民再次热烈祝贺中共二十大和中国全国两会成功召开,再次热烈祝贺习近平主席连任中共中央总书记和中国国家主席,热烈祝贺中国在习近平主席领导下新时代取得的巨大发展成就,相信中国必将实现第二个百年奋斗目标。半个世纪以来,刚中友好合作经受住了时间考验,取得丰富成果,值得双方共同珍惜,感谢中方长期以来为刚经济社会发展提供的重要帮助和宝贵支持。刚方坚定奉行一个中国政策,坚定支持中方实现国家统一的努力。刚方愿同中方一道,深化经贸、资源、基础设施、医疗卫生等领域合作,充实刚中全面战略合作伙伴关系内涵,建设成熟稳定和具有开创性的刚中关系,造福两国人民。
会谈后,两国元首共同见证签署投资、绿色经济、数字经济等领域多项双边合作文件。
双方发表《中华人民共和国和刚果民主共和国关于建立全面战略合作伙伴关系的联合声明》。
1,2. 5月26日下午,国家主席习近平在北京人民大会堂同来华进行国事访问的刚果(金)总统齐 塞克迪举行会谈。这是会谈前,习近平在人民大会堂东门外广场为齐塞克迪举行欢迎仪式。 新华社记者 刘彬 摄
3. 5月26日下午,国家主席习近平在北京人民大会堂同来华进行国事访问的刚果(金)总统齐塞克迪举行会谈。 新华社记者 刘彬 摄