Connect with us

Politics, Law & Military

တရုတ်ကုမ္ပဏီလုပ်ငန်းက ပါကစ္စတန်နိုင်ငံ Balochistanပြည်နယ်သို့ စပ်မျိုးစပါးမျိုးစေ့များ ပေးအပ်လှူဒါန်း

အစ္စလာမ်မာဘတ်၊ မေ ၃၁ ရက် (ဆင်ဟွာ)

တရုတ်ကုမ္ပဏီလုပ်ငန်းက ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ်သို့ စပ်မျိုးစပါး မျိုးစေ့များ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို မေ ၃၀ ရက်က ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်တွင် ကျင်းပခဲ့သည်။ပါကစ္စတန်နိုင်ငံ Balochistanပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ Jan Muhammad Jamaliက ပါကစ္စတန်နှင့် Balochistanပြည်နယ်အတွက် တရုတ်နိုင်ငံအစိုးရနှင့် ကုမ္ပဏီလုပ်ငန်းများက ရေရှည်ကူညီမှုများပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း အခမ်းအနား အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ်က ရေဘေးဒုက္ခကြုံတွေ့ပြီးနောက် Balochistanပြည်နယ် ပြည်သူများက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်ကုမ္ပဏီလုပ်ငန်းများမှ ကူညီပေးသော စပ်မျိုးစပါး မျိုးစေ့များသည် ပြည်နယ်ရှိ တောင်သူများ လယ်ယာစိုက်ပျိုးရေး ထုတ်လုပ်မှုလုပ်ငန်း အမြန်ဆုံး ပြန်လည်ရှင်သန်လာရေးအတွက် ကြီးမားသော အထောက်အကူဖြစ်ကြောင်း Jamaliက ဆိုသည်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး နိုင်ငံရေး သံမှူး ပေါင်းကျုံ့က တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ရင်ထဲတွင် ပေါင်းစည်းပြီး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံကုမ္ပဏီလုပ်ငန်းများ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ မူဘောင်အောက်တွင် လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို အားပေးသွားလိုကြောင်း၊ ခေတ်မီသော စိုက်ပျိုးရေးနည်းပညာနှင့်အတွေ့အကြုံများကို ပါကစ္စတန်နှင့်မျှဝေကာ ပါကစ္စတန်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားလိုကြောင်း ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ Balochistan ပြည်နယ် လူနေမှုဘဝကောင်းမွန်ရေး ဆောင်ရွက်ရာ တရုတ်နိုင်ငံက အစဉ်အမြဲ ကူညီသွားလိုပြီး ချစ်ကြည်ရင်းနှီးသော ပြည်နယ်နှင့်မြို့များ၏ ဖလှယ်မှုကို တွန်းအားပေးကာ ဒေသကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ Balochistanပြည်နယ်ပြည်သူများ၏ အကျိုးစီးပွားဖော်ဆောင်ရေးတွင် အားပေးကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————————-

中企向巴基斯坦俾路支省捐赠杂交水稻种子
新华社伊斯兰堡5月30日电(记者蒋超 王欢)中国企业向巴基斯坦西南部俾路支省捐赠杂交水稻种子仪式30日在巴首都伊斯兰堡举行。
巴基斯坦俾路支省议会议长贾恩•穆罕默德•杰马利在致辞中感谢中国政府和企业长期以来对巴基斯坦和俾路支省的大力援助。杰马利说,经历了去年洪灾侵袭,俾路支省人民正在重建家园,中企援助的杂交水稻种子将极大帮助该省农民尽快恢复农业生产。
中国驻巴基斯坦大使馆政务参赞鲍众表示,中巴友谊已经融入两国人民的基因。中方愿鼓励两国企业在中巴经济走廊框架下开展农业合作,与巴方分享先进的农业发展技术与经验,助力巴提升农业发展水平。中方愿一如既往地帮助巴方改善俾路支省人民生活水平,推动友好省市交流,鼓励当地产业发展,造福俾路支省人民。(完)

A ceremony for hybrid rice seed donation from China is held in Islamabad, Pakistan, on May 30, 2023. (Xinhua/Ahmad Kamal)