Connect with us

Africa & Middle East

ဆူဒန် ပဋိပက္ခတွင် ပါဝင်သော နှစ်ဖက်ဆွေးနွေးမှု လတ်တလောတွင် ကြီးမားသော တိုးတက်မှုမရှိ ဟု ဆော်ဒီအာရေဗျ သံတမန်အရာရှိ ပြောကြား

ဆူဒန်နိုင်ငံ ခါတွမ်မြို့၏ လမ်းမြင်ကွင်းတစ်နေရာအား ဧပြီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ ဂျက်ဒါး၌ ပြုလုပ်သော ဆူဒန် ပဋိပက္ခတွင် ပါဝင်သည့် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုက ကြီးမားသော တိုးတက်မှု မရှိဟု ဆော်ဒီအာရေဗျ သံတမန်အရာရှိတစ်ဦးက မေ ၈ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းမှာ ဆူဒန်အနေဖြင့် ကာလတိုအတွင်း အပစ်အခတ်ရပ်စဲမှုကို ဖော်ဆောင်နိုင်မည်မဟုတ်သော အခြေအနေ‌ ဖြစ်ကြောင်း သိရသည်။

အီဂျစ်နိုင်ငံ တောင်ပိုင်း Aswanပြည်နယ်တွင် ဆူဒန်မှ နေရပ်စွန့်ခွာထွက်ပြေးလာသောဒုက္ခသည်များအား ထောက်ပံ့မှုများပေးနေသည်ကို မေ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့နှင့် Rapid Support Forces (RSF)တို့သည် ဆော်ဒီအာရေဗျနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန်အတွက် မေ ၆ ရက်က ကိုယ်စားလှယ်အသီးသီး စေလွှတ်ခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေမှုကို ဆော်ဒီအာရေဗျနှင့် အမေရိကန်နိုင်ငံတို့က “ညှိနှိုင်းဆွေးနွေးပွဲ မတိုင်မီ အကြိုတွေ့ဆုံမှု”ဟု ဆိုသည်။

လက်ရှိတွေ့ဆုံမှုတွင် “ကြီးမားသော တိုးတက်မှု မရရှိခဲ့”ကြောင်း အမည်မဖော်လိုသည့် ဆော်ဒီအာရေဗျ သံတမန်အရာရှိတစ်ဦးက မေ ၈ ရက်တွင် ဆင်ဟွာကို ပြောကြားခဲ့သည်။ ၎င်း၏ ပြောကြားချက်အရ ဆူဒန်ပဋိပက္ခတွင် ပါဝင်သည့် နှစ်ဖက်စလုံးက တိုက်ပွဲတွင် အနိုင်ရနိုင်သည်ဟု ယူဆကြခြင်းကြောင့် ထာဝရ အပစ်ခတ်ရပ်စဲရေး သည် “ဆွေးနွေးပွဲစားပွဲဝိုင်းမှာ မရှိခြင်း”ဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုများကို လာမည့်ရက်ပိုင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း တိကျသော အချိန်ကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ဆူဒန်ပဋိပက္ခတွင်ပါဝင်သော နှစ်ဖက်စလုံးအနေဖြင့် ယခင်က အပစ်အခတ်ရပ်စဲရေး အကြိမ်ပေါင်းများစွာ သဘောတူညီမှု ရရှိခဲ့သော်လည်း တင်းကျပ်စွာ လိုက်နာဆောင်ရွက်ခြင်း မရှိကြသောကြောင့် မြို့တော် ခါတွမ်နှင့်Omdurman စသည့် မြို့များတွင် မကြာခဏဆိုသလို လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားဆဲဖြစ်သည်။ (Xinhua)

………………………………
(Chinese Version)
沙特外交官:苏丹冲突双方对话暂无重大进展
新华社北京5月9日电 沙特阿拉伯一名外交官8日说,苏丹冲突双方在沙特红海港口城市吉达举行的对话现阶段没有取得重大进展。这意味着苏丹恐难以在短期内实现停火。
苏丹武装部队和快速支援部队6日分别派遣谈判代表前往沙特讨论人道主义停火,这一对话被沙特和美国称为“谈判前的对话”。
不过,这名不愿公开姓名的沙特外交官8日告诉法新社,对话现阶段“没有取得重大进展”。按他的说法,苏丹冲突双方均认为已方有能力在交火中获胜,因此永久性停火话题“不在谈判桌上”。
沙特外交部同时表示,这一对话未来几天将继续,但没有给出明确时间表。
苏丹冲突双方先前曾多次达成停火协议,但无一获得严格执行,首都喀土穆和恩图曼等城市仍不时爆发武装冲突。
1. 这是4月19日拍摄的苏丹喀土穆街头景象。新华社发(穆罕默德•海德尔摄)
2. 5月2日,在埃及南部阿斯旺省,工作人员为逃离苏丹进入埃及的难民准备救济包裹。新华社发(拉德万摄)