Connect with us

Africa & Middle East

ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့(SAF)က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ရပ်နား

ဆူဒန်နိုင်ငံ ခါတွမ်မြို့၏ လမ်း မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁ ရက် (ဆင်ဟွာ)

Rapid Support Forces (RSF)သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အကြိမ်အကြိမ်အဖန်ဖန် ချိုးဖောက်မှုကြောင့် ၎င်းနှင့် အပစ်အခတ်ရပ်စဲရေး ၊ ကူညီကယ်ဆယ်ရေးလမ်းကြောင်း ဖွင့်လှစ်ရေး ဆွေးနွေးမှုကို ယာယီ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ဆူဒန် လက်နက်ကိုင်တပ်ဖွဲ့(SAF)က မေ ၃၁ ရက်တွင် ကြေညာခဲ့သည်။

ဆူဒန်နိုင်ငံ ခါတွမ်မြို့၏ လမ်း မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထို့အပေါ် Rapid Support Forces (RSF)က သဘောတူညီချက်ချိုးဖောက်သူမှာ ဆူဒန် လက်နက်ကိုင်တပ်ဖွဲ့(SAF)သာဖြစ်ကြောင်း တုံ့ပြန်ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါအကြောင်းအရာအပေါ် ဆူဒန်ပဋိပက္ခ ကြားဝင်စေ့စပ်ပေးသူနှင့် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်သူ ဆော်ဒီအာရေဗျနှင့် အမေရိကန်က တုံ့ပြန်ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ လှုပ်ရှားမှုများ စောင့်ကြည့်မှုရှိသော လက်နက်ကိုင် ပဋိပက္ခနေရာ နှင့် ဖြစ်ရပ်များဆိုင်ရာ ဒေတာ စီမံကိန်း(ACLED)အရ ဆူဒန်နိုင်ငံတွင် ဧပြီ ၁၅ ရက်မှစ၍ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ယင်းနိုင်ငံတွင် စစ်မက်မီးလျှံကြောင့် သေဆုံးသူ ၁,၈၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ ဆူဒန်နိုင်ငံအတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်ပွားသူ ၁ သန်းကျော်ရှိပြီး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သူ ၃၅၀,၀၀၀ နီးပါးရှိရာ ၎င်းတို့အနက် ၁၇၀,၀၀၀မှာ အိမ်နီးချင်း အီဂျစ်နိုင်ငံသို့ တိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ကုလသမဂ္ဂအချက်အလက်များအရ သိရသည်။ လက်ရှိ ဆူဒန်တွင် အရေးပေါ်အကူအညီနှင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ပြည်သူ ၂၅ သန်းထိ ရှိရာ ၎င်းမှာ လူဦးရေထက်ဝက်နီးပါး ရှိကြောင်း၊ သို့သော် အပြန်အလှန်ပစ်ခတ်မှုများက အကူအညီ ပေးရေးအတွက် အတားအဆီးဖြစ်စေခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………
(Chinese Version)
苏丹武装部队中断停火谈判
新华社北京6月1日电 苏丹武装部队5月31日宣布已暂停与快速支援部队有关停火和开放援助通道的对话,理由是对方反复违反停火协议。快速支援部队则发声明驳斥这一说法,指责苏丹武装部队才是反复毁约的一方。
斡旋苏丹冲突并监督停火的沙特阿拉伯和美国方面暂未回应。
据关注全球冲突活动的“武装冲突地点与事件数据库项目”统计,自苏丹4月15日爆发武装冲突以来,该国已有1800多人死于战火。另据联合国数据,苏丹境内逾100万人流离失所,接近35万人逃到境外,其中超过17万人逃到邻国埃及。苏丹眼下亟需援助和保护的民众人数达到2500万人,即超过一半人口,但交火持续妨碍援助送达。(王宏彬)
1. 这是4月18日在苏丹喀土穆拍摄的街头景象。新华社发(穆罕默德•海德尔摄)