Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်တို့ ဇွန် ၁၈ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဇွန် ၁၈ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေးသည် သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက်ပိုင်း အနိမ့်ဆုံးအခြေအနေဖြစ်ရာ ၎င်းမှာ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့်ကိုက်ညီမှုမရှိသလို နိုင်ငံတကာအသိုက်အဝန်း၏ဘုံမျှော်လင့်ချက်နှင့်လည်း လျော်ညီမှု မရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အမေရိကန်အပေါ်ထားရှိသော မူဝါဒသည် အစဉ်အမြဲ စဉ်ဆက်မပြတ် တည်ငြိမ်မှုရှိရာ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုဟူသောမူကို အခြေခံလိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းမှာလည်း နှစ်နိုင်ငံအနေဖြင့် အတူတကွ လက်ကိုင်ထားသင့်သည့် စိတ်ဓာတ်၊ အတူတကွ လိုက်နာစောင့်ထိန်းသည့် စည်းမျဉ်း၊ အတူကြိုးပမ်းဖော်ဆောင်သင့်သည့် ရည်မှန်းချက် ဖြစ်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် တည်ငြိမ်မှု၊ ရေရာမှု၊ အပြုသဘောဆောင်မှုရှိသော တရုတ်-အမေရိကန် ဆက်ဆံရေးကို အားထား တည်ဆောက်လျက်ရှိကြောင်း၊ အမေရိကန်၏ တရုတ်နိုင်ငံအပေါ် သိမြင်မှုများက ဓမ္မဓိဋ္ဌာန်ကျရန်၊ တရုတ်နိုင်ငံနှင့်အတူ ဦးတည်ချက်တူ လျှောက်လှမ်းသွားရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး နိုင်ငံရေးအခြေခံကို ကာကွယ်ထိန်းသိမ်း၍ တည်ငြိမ်မှု၊ ကျွမ်းကျင်မှု၊ ဆင်ခြင်တုံတရားရှိမှုတို့ဖြင့် ရုတ်တရက်ဖြစ်ပွားသော ကိစ္စရပ်များကို ကိုင်တွယ် စီမံရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ဘိုင်ဒန်၏ ဘာလီကျွန်းတွေ့ဆုံဆွေးနွေးမှု သဘောတူညီချက်များကို တိကျစွာ အကောင်အထည်ဖော်၍ တရုတ်-အမေရိကန် ဆက်ဆံရေး အခြေအနေထိုးကျနေမှုကို ရပ်တန့်အောင်နှင့် တည်ငြိမ်အောင်၊ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက်သင့်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

ချင်ကန်းက ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ဗဟိုအကျိုးစီးပွားနှင့် အဓိကအလေးထားမှု ဖြစ်သည့် ရပ်တည်ချက်ကို ပြောကြားပြီး တိကျပြတ်သားသော တောင်းဆိုချက်များကို ပြောကြားခဲ့ကြောင်း သိရသည်။

ချင်ကန်းက ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွား၏ ဗဟိုအချက်အချာ ဖြစ်သလို တရုတ်-အမေရိကန်ဆက်ဆံရေးတွင် အကြီးဆုံးပြဿနာ နှင့်အထင်ရှားဆုံးအန္တရာယ် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်က တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို လိုက်နာရန်နှင့် “ထိုင်ဝမ် လွတ်လပ်ရေး” ထောက်ခံခြင်းမပြုပါဟူသော ကတိကဝတ်ကို အမှန်တကယ် ဖော်ဆောင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက် တွေ့ဆုံမှုတွင် တရုတ်-အမေရိကန် အလုံးစုံဆက်ဆံရေးနှင့် အရေးကြီးကိစ္စရပ်များကို အချိန်ကြာရှည် ပွင့်လင်းနက်ရှိုင်းစွာ အပြုသဘောဆောင် ဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ဘာလီကျွန်း တွေ့ဆုံဆွေးနွေးမှုမှရရှိသော သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကွဲလွဲမှုများကို ထိရောက်စွာ စီမံထိန်းချုပ်ရန်၊ တွေ့ဆုံ ဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

နှစ်ဖက်အနေဖြင့် အဆင့်မြင့်ဆက်ဆံရေးကို ထိန်းသိမ်းထားရန် သဘောတူညီခဲ့ကြရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီနှင့်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကို အမေရိကန်သို့ အလည်အပတ်ခရီးလာရောက်ရန် ဖိတ်ကြားခဲ့ရာ နှစ်ဖက်အဆင်ပြေသည့်အချိန်တွင် အမေရိကန်သို့ အလည်အပတ်ခရီးသွားရောက်လိုကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး လမ်းညွှန်မူ ဆွေးနွေးမှုကို ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် ပူးတွဲ လုပ်ငန်းအဖွဲ့တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်တွန်းအားပေး၍ နှစ်နိုင်ငံဆက်ဆံရေး အသေးစိတ်ကိစ္စရပ်များအား ဖြေရှင်းကြရန် သဘောတူညီခဲ့ကြသည်။

နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ လူမှုယဉ်ကျေးမှုနှင့် ပညာရေးဖလှယ်မှု တိုးချဲ့ဆောင်ရွက်ရေးကို ထောက်ခံအားပေးရန် သဘောတူညီခဲ့ကြရာ တရုတ်-အမေရိကန် ခရီးသည်တင်လေကြောင်းခရီးစဉ် ထပ်တိုးရေး ဆောင်ရွက်ရန် ၊ ကျောင်းသား/ကျောင်းသူ၊ ပညာရှင်၊ ကုန်သည်စီးပွားလုပ်ငန်းရှင်များ အပြန်အလှန် သွားလာလည်ပတ်မှုကို ကြိုဆိုရန်နှင့် ထို့အတွက် ထောက်ခံအားပေးမှုနှင့်အဆင်ပြေလွယ်ကူစေရေးပံ့ပိုးပေးရန် သဘောတူညီခဲ့ကြသည်။
နှစ်ဖက်အနေဖြင့် အတူဂရုပြုကြသော အရေးကြီး နိုင်ငံတကာရေးရာနှင့်ဒေသရေးရာ ကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
————————
秦刚同美国国务卿布林肯举行会谈

新华社北京6月18日电6月18日,国务委员兼外长秦刚在北京同美国国务卿布林肯举行会谈。
秦刚表示,当前,中美关系处在建交以来的最低谷,这不符合两国人民根本利益,也不符合国际社会共同期待。中方对美政策始终保持连续性和稳定性,根本遵循是习近平主席提出的相互尊重、和平共处、合作共赢原则,这也应该是双方共同坚持的精神、共同守住的底线、共同追求的目标。中方致力于构建稳定、可预期、建设性的中美关系。希望美方秉持客观理性的对华认知,与中方相向而行,维护好中美关系的政治基础,冷静、专业、理性处理意外偶发事件。双方应不折不扣落实习近平主席和拜登总统巴厘岛会晤共识,推动中美关系止跌企稳,重回正轨。
秦刚就台湾问题等中方核心利益和重大关切阐明严正立场,提出明确要求。秦刚指出,台湾问题是中国核心利益中的核心,是中美关系最重大的问题,也是最突出的风险,中方敦促美方恪守一个中国原则和中美三个联合公报,将不支持“台独”的承诺真正落到实处。
双方就中美总体关系及有关重要问题进行了长时间坦诚、深入、建设性沟通。
双方同意共同落实两国元首巴厘岛会晤达成的重要共识,有效管控分歧,推进对话交流合作。
双方同意保持高层交往。布林肯国务卿邀请秦刚国务委员兼外长访美,秦刚表示愿在双方方便时访美。
双方同意继续推进中美关系指导原则磋商。
双方同意继续推进中美联合工作组磋商,解决中美关系中的具体问题。
双方同意鼓励扩大两国人文和教育交流,就增加中美之间客运航班进行积极探讨,欢迎更多学生、学者、工商界人士到彼此国家互访,并为此提供支持和便利。
双方还就共同关心的重大国际和地区问题交换了看法。(完)
1. 6月18日,国务委员兼外长秦刚在北京同美国国务卿布林肯举行会谈。新华社记者 翟健岚 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.