Connect with us

China

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် အစိမ်းရောင်စွမ်းအင်က တောင်တန်းဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ တွန်းအားဖြစ်လာ

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ဝေ့နင် ယီလူမျိုး၊ ဟွေလူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် အော့်ထန်မြို့နယ်ရှိ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေး စက်ရုံအား ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကွေ့ယန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ဝေ့နင် ယီလူမျိုး၊ ဟွေလူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ရွှယ်ဆန်းမြို့နယ်ရှိ လေအားလျှပ်စစ်ထုတ်လုပ်သော စက်များတွင် စားကျက်လွှတ်ထားသော နွားများအား ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်သည် စွမ်းအင်သစ် ဖွံ့ဖြိုးတိုးတက်ရေး ခေတ်ကာလ အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်ကာ လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် စသည့် စွမ်းအင်သစ် ထုတ်လုပ်မှုလုပ်ငန်းများ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခဲ့သည်။ အစိမ်းရောင်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကို အင်တိုက်အားတိုက်ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင်ပင် ဆိုလာပြားများအောက်တွင် သီးနှံပင်များစိုက်ပျိုးကြရာ တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်အောင် အခြေအနေများ ပံ့ပိုးနိုင်ခဲ့သည်။

၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ ကွေ့ကျိုးပြည်နယ်တွင် စွမ်းအင်သစ် စက်တပ်ဆင်မှုပမာဏ စုစုပေါင်းသည် ကီလိုဝပ် ၂၁.၈၁ သန်းရှိခဲ့သည်။ “လေအား၊ နေအား”စွမ်းအင်ထုတ်လုပ်မှုက စီးပွားရေးအကျိုးစီးပွားများ ဖြစ်စေခဲ့ရာ ကွေ့ကျိုးပြည်နယ် တောင်တန်းဒေသဖွံ့ဖြိုးတိုးတက်ရေး၏ တွန်းအားသစ်များ ဖြစ်လာသည်။ (Xinhua)

……………………………….
(Chinese Version)
贵州:绿色能源为山区经济发展添动力
近年来,贵州抓住新能源发展的时代机遇,风电、光伏发电等新能源产业迅猛发展。在大力发展绿色能源的同时,贵州还充分利用光伏板下的土地种植农作物,带动有条件的农户发展畜牧养殖。
截至2023年6月底,贵州省新能源装机总容量累计达2181万千瓦,这些“风吹日晒”产生的经济效益,正逐渐成为贵州山区发展的新动能。
新华社记者 陶亮 摄
1. 位于威宁彝族回族苗族自治县二塘镇的贵州金元梅花山农业光伏电站(7月6日摄,无人机照片)。
2. 威宁彝族回族苗族自治县雪山镇村民养的牛在风力发电设备下的草场休憩(7月13日摄)。