Connect with us

Africa & Middle East

အာဖရိကတွင် တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်ထားသော ပထမဆုံး လယ်ယာစိုက်ပျိုးရေး နည်းပညာ သရုပ်ပြစင်တာ

မိုဇမ်ဘစ်နိုင်ငံ မာပူတိုပြည်နယ် Boane ဒေသ၊ တရုတ်-မိုဇမ်ဘစ် လယ်ယာစိုက်ပျိုးရေး နည်းပညာ သရုပ်ပြစင်တာတွင် တရုတ်နည်းပညာရှင်တစ်ဦးက ဟင်းသီးဟင်းရွက်စိုက်ခင်းရှိ ဟင်းသီးဟင်းရွက်များအား ကြည့်ရှုနေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၅ ရက် တွေ့ရစဉ်(ဆင်ဟွာ)

မာပူတို၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အာဖရိက နိုင်ငံများ၏ စားနပ်ရိက္ခာစိုက်ပျိုးရေးအဆင့်ကို တိုးမြှင့်၍ စားနပ်ရိက္ခာ ပြတ်လပ်မှုပြဿနာကို ဖြေရှင်းရန်အတွက် ၂၀၀၇ ခုနှစ်က အာဖရိကတွင် တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်ထားသော ပထမဆုံး လယ်ယာစိုက်ပျိုးရေး နည်းပညာ သရုပ်ပြစင်တာဖြစ်သည့် တရုတ်-မိုဇမ်ဘစ် လယ်ယာစိုက်ပျိုးရေး နည်းပညာ သရုပ်ပြစင်တာကို တရားဝင်စတင် တည်ဆောက်ခဲ့သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် တရုတ်-မိုဇမ်ဘစ် လယ်ယာစိုက်ပျိုးရေး နည်းပညာ သရုပ်ပြစင်တာကို မာပူတို ပြည်နယ် Boane ဒေသတွင် တည်ထောင်ခဲ့သည်။

အဆိုပါစင်တာသည် မိုဇမ်ဘစ်နိုင်ငံ၏ ဆန်၊ ပြောင်း၊ ဝါ၊ ပဲပုပ်၊ နှမ်း စသည့် သီးနှံမျိုးစုံ စမ်းသပ်မှုများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံ တောင်သူလယ်သမားများအား လယ်ယာ နည်းပညာ မွမ်းမံသင်တန်းများပေးပြီး မိုဇမ်ဘစ်နိုင်ငံ၏ လယ်ယာထွက်ကုန်ပမာဏ၊ ကုန်ချောလုပ်ဆောင်မှုအဆင့်နှင့် လယ်သမားများ ဝင်ငွေတိုးရေး ကူညီဆောင်ရွက်ပေးလျက်ရှိရာ မိုဇမ်ဘစ်နိုင်ငံ၏ လယ်ယာလုပ်ငန်း ခေတ်မီ အသွင်ပြောင်းရေးဖော်ဆောင်မှုကို အထောက်အကူပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

မိုဇမ်ဘစ်နိုင်ငံ မာပူတိုပြည်နယ် Boane ဒေသ၊ တရုတ်-မိုဇမ်ဘစ် လယ်ယာစိုက်ပျိုးရေး နည်းပညာ သရုပ်ပြစင်တာတွင် ဆန်စပါး ကုန်ချောလုပ်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

……………………………….
(Chinese Version)
探访中国在非洲援建的第一个农业技术示范中心
为了帮助非洲国家提高粮食种植水平,解决粮食短缺问题,2007年,作为中国在非洲援建的第一个农业技术示范中心,中莫农业技术示范中心正式启动。2010年11月,中莫农业技术示范中心在马普托省博阿内地区建立。该中心帮助莫桑比克试验水稻、玉米、棉花、大豆、芝麻等各类农作物品种,并对当地农民进行农业技术培训,帮助莫桑比克提高农业产量、加工水平和农民收入,助推莫桑比克实现农业现代化。
1. 7月25日,在莫桑比克马普托省博阿内地区,中国技术员顿新洪在中莫农业技术示范中心蔬菜大棚内查看蔬菜。
2. 7月25日,在莫桑比克马普托省博阿内地区,工人在中莫农业技术示范中心加工水稻。