Connect with us

Africa & Middle East

နိုင်ဂျာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ဒေသတွင်း အသင့်ပြင်ထားသည့် တပ်ဖွဲ့ကို စတင် အသက်သွင်းလိုက်ပြီ ဖြစ်ကြောင်း ECOWAS က ကြေညာ

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်အဘူဂျာ၌ ECOWAS နိုင်ငံခေါင်းဆောင်များက နိုင်ဂျာ အာဏာသိမ်း ဖြစ်ရပ် အရေးအပေါ် အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်တွင် ကျင်းပစဉ်(ဆင်ဟွာ)

အဘူဂျာ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

နိုင်ဂျာနိုင်ငံ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ဒေသတွင်း အသင့်ပြင်ထားသည့်တပ်ဖွဲ့ကို စတင် အသက်သွင်းလိုက်ပြီဖြစ်ကြောင်း အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အသိုက်အဝန်း (ECOWAS) ခေါင်းဆောင်များက နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာ၌ ဩဂုတ် ၁၀ ရက်က ကျင်းပသည့် အရေးပေါ်အစည်းအဝေးတွင် ကြေညာခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်အဘူဂျာ၌ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်က ကျင်းပသည့် နိုင်ဂျာ အာဏာသိမ်း ဖြစ်ရပ် အရေးအပေါ် အစည်းအဝေးတွင် ECOWAS နိုင်ငံခေါင်းဆောင်များ စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

မကြာသေးမီက နိုင်ဂျာ၌ ဖြစ်ပွားသော အာဏာသိမ်းမှုအပေါ် ECOWAS အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များက ဆက်လက်ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ ECOWAS အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များ၏ ဇူလိုင် ၃၀ ရက် အရေးပေါ်အစည်းအဝေး၌ ချမှတ်ထားသည် ဆုံးဖြတ်ချက်များကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ECOWAS ကော်မရှင် ဥက္ကဋ္ဌ Tourayက ယင်းနေ့အစည်းအဝေးအပြီး ကြေညာချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ဂျာနိုင်ငံ၏အခြေခံဥပဒေ ပြန်လည် စနစ်ကျရေး အသင့်ပြင်သည့်အနေဖြင့် ECOWASက ဒေသတွင်း အသင့်ပြင်ထားသည့်တပ်ဖွဲ့ကို စတင် အသက်သွင်းတော့မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ECOWAS အနေဖြင့် နိုင်ဂျာ၌ ကြုံတွေ့နေရသည့် အကျပ်အတည်းကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ပြီး နိုင်ဂျာနိုင်ငံ၏ အခြေခံဥပဒေ ပြန်လည်စနစ်ကျရေးကို ဟန့်တားသည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို ပိတ်ဆို့အရေးယူရမည် ဖြစ်ကြောင်း၊ အာဖရိကသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းက ECOWAS၏ ဆုံးဖြတ်ချက်အားလုံးကို ထောက်ခံအားပေးရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
西共体宣布启动地区常备部队以应对尼日尔危机
新华社阿布贾8月10日电(记者郭骏)西非国家经济共同体(西共体)领导人10日在尼日利亚首都阿布贾召开紧急会议,宣布立即启动地区常备部队,以应对尼日尔危机。
西共体委员会主席图雷当天在会议结束后宣读的一份声明中说,西共体领导人继续强烈谴责尼日尔最近发生的政变,强调维持西共体领导人7月30日紧急会议作出的一系列决议。西共体将立即启动地区常备部队,为恢复尼日尔宪法秩序做好准备。
声明说,西共体将继续致力于通过和平手段解决尼日尔面临的危机,对所有阻碍尼日尔恢复宪法秩序的个人和组织实施制裁。声明还呼吁非洲联盟和国际社会支持西共体的一切决定。
1. 这是8月10日在尼日利亚首都阿布贾拍摄的西共体领导人就尼日尔政变召开的紧急会议现场。
2. 8月10日,在尼日利亚首都阿布贾,西共体领导人在就尼日尔政变召开的紧急会议现场合影。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.