Connect with us

North America

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၅၃ ဦးအထိ တိုးမြင့်လာ

ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်တွင် တောမီးလောင်ကျွမ်းနေသည့်မြင်ကွင်းအား ၂၀၂၃ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ခရိုင်၌ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားသည့်နေရာတွင် ဩဂုတ် ၁၀ ရက်က ရုပ်အလောင်း ၁၇ ခု ထပ်မံ တွေ့ရှိခဲ့ရပြီး ဩဂုတ် ၉ ရက်က တွေ့ရှိရသည့် ရုပ်အလောင်း ၃၆ ခုနှင့်ဆိုလျှင် သေဆုံးသူ ၅၃ ဦး ရှိပြီ ဖြစ်ကြောင်း ယင်းနေ့ ညနေပိုင်း ထုတ်ပြန်သည့် နောက်ဆုံးရ သတင်းများအရ သိရသည်။

ဩဂုတ် ၈ ရက်တွင် စတင် လောင်ကျွမ်းခဲ့သည့် အဆိုပါ တောမီးသည် ဟာရီကိန်း မုန်တိုင်း၏ လေပြင်းတိုက်ခတ်မှုများနှင့် သဘာဝပတ်ဝန်းကျင် ခြောက်သွေ့မှုများကြောင့် အလျင်အမြန် ပျံ့နှံ့ခဲ့ကြောင်း ၊ Maui ကျွန်းရှိ လူပေါင်း ၃၅,၀၀၀ ကျော်နှင့် နေအိမ်၊ ဆိုင်ခန်း၊ အခြေခံအဆောက်အအုံများကို ခြိမ်းခြောက်မှုဖြစ်စေခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုမှာ ဧက ၂,၀၀၀ ကျော်(ဟက်တာ ၈၀၀ ခန့်) ရှိကြောင်း ဟာဝိုင်ယီ အရေးပေါ်ရေးရာ စီမံခန့်ခွဲမှုဌာနမှ သိရသည်။

၎င်းတို့အနက် Maui ကျွန်းရှိ နာမည်ကျော် ခရီးသွားမြို့ Lahainaသည် မီးဘေးဒဏ် အဆိုးရွားဆုံးခံရသည့် နေရာဖြစ်သည်။ မြို့တစ်ခုလုံးတွင် ကမ်းရိုးတန်းအဆောက်အဦတစ်ခုမှလွဲ၍ မီးလောင်ပျက်စီးခဲ့ကြောင်း ဝေဟင်ရိုက်ကူးထားသော သက်ဆိုင်ရာ ဗီဒီယိုများမှတစ်ဆင့် သိရသည်။ တောမီး ပျံ့နှံ့မှု အရှိန်အဟုန် လွန်စွာ လျင်မြန်ခြင်းကြောင့် ဓာတ်ဆီဆိုင် နှင့် ကမ်းနားရှိ ရွက်လှေသင်္ဘောများ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူသေဆုံးဒဏ်ရာရမှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဟာဝိုင်ယီပြည်နယ်သည် ကြီးမားသည့်ကပ်ဘေးဖြစ်ပွားလျက်ရှိကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က ကြေညာခဲ့ပြီး ဖက်ဒရယ်အစိုးရမှ အကူအညီပေးရန် ခွင့်ပြုခဲ့ကြောင်း ယင်းပြည်နယ်အုပ်ချုပ်ရေးမှူး Josh Greenက ဩဂုတ် ၁၀ ရက် အစောပိုင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

Maui ခရိုင်တွင် Maui ကျွန်း၊ Lanaiကျွန်းတို့ ပါဝင်ရာ Maui ကျွန်းသည် ဟာဝိုင်ယီ ကျွန်းစု၏ ဒုတိယအကြီးဆုံး ကျွန်းဖြစ်ပြီး လူဦးရေ ၁ သိန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
夏威夷野火遇难人数升至53人
新华社洛杉矶8月10日电(记者黄恒 高山)美国夏威夷州毛伊县10日下午发布最新通报说,当天搜救人员又在火灾现场找到17具尸体,加上9日发现的36具尸体,野火已造成至少53人遇难。
据夏威夷紧急事务管理部门,野火始于8日,受飓风带来的强风以及环境干旱影响迅速蔓延,对毛伊岛超过3.5万人及当地住宅、商户和基础设施造成威胁,过火面积已超过2000英亩(约800公顷)。
其中,毛伊岛著名旅游城镇拉海纳受灾最为严重。记者从相关航拍画面中看到,整个镇子除了一栋沿海建筑外基本被烧毁。当地居民说,野火蔓延速度极快,造成加油站和岸边游艇爆炸,人员伤亡严重。
夏威夷州长约什•格林10日早些时候发布通报说,美国总统拜登已宣布该州出现重大灾难,批准予以联邦支援。
毛伊县包括毛伊岛、拉奈岛等岛屿。毛伊岛是夏威夷群岛第二大岛,岛上人口超过10万。
1. 这是5月12日在加拿大艾伯塔省拍摄的燃烧的野火。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.