Connect with us

China

လက်ရှိ တောင်တရုတ်ပင်လယ် ဒေသအခြေအနေနှင့်ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir တို့ ဩဂုတ် ၁၁ ရက်က ပီနန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပီနန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် စင်ကာပူနှင့် မလေးရှားသို့ သွားရောက်စဉ်အတွင်း ထိုနှစ်နိုင်ငံမှ ဂုဏ်သရေရှိလူပုဂ္ဂိုလ်များနှင့်အတူ လက်ရှိ တောင်တရုတ်ပင်လယ်အခြေအနေအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့သလို တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ပြောကြားခဲ့သည်။

ဝမ်ရိက နှစ်ပေါင်းများစွာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် တောင်တရုတ်ပင်လယ် အခြေအနေသည် ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ဖော်ဆောင်နိုင်ခဲ့သလို ဒေသတွင်းနိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော် အမေရိကန် စသည့် အင်အားစုအချို့က တောင်တရုတ်ပင်လယ်အရေး မရှုပ်ထွေးမည်ကို စိုးရိမ်သည့်အလား ဤပင်လယ်ပြင်တွင် လှိုင်းထန်အောင် လုပ်ဆောင်လျက်ရှိကြောင်း ၊ မကြာသေးမီကာလကလည်း ရန်အိုက်သောင်စွယ်(Ren’ai Jiao)အရေးတွင် မီးလောင်ရာလေပင့် လုပ်ဆောင်၍ တရုတ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံကြားတွင် မဟုတ်မမှန်လှုံ့ဆော်ပြောကြားခြင်း၊ ထိပ်တိုက်ဖြစ်ပွားအောင် မြှောက်ပင့်ပေးခြင်းဖြင့် အမေရိကန်၏ ပထဝီနိုင်ငံရေးဗျူဟာကို အထောက်အကူဖြစ်စေရန် တောင်တရုတ်ပင်လယ်၏ငြိမ်းချမ်းရေးကို ဖျက်ဆီးလျက်ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ဒေသတွင်းနိုင်ငံများအနေဖြင့် နောက်ကွယ်မှ လက်မည်းကြီးကို သတိထားစေလိုပြီး တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကာကွယ်ရန် ဦးဆောင်ဆုံးဖြတ်ခွင့်ကို မိမိကိုယ်တိုင် လက်ဝယ်တွင် ထားရှိစေလိုကြောင်း ၊ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့်အတူ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုဖြင့် ကွဲလွဲမှုများကို သင့်လျော်စွာ ဖြေရှင်းသွားလိုကြောင်း ကြိမ်ဖန်များစွာ အဆိုပြုပြီးဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ယခင်က ရရှိပြီးသော သဘောတူညီချက်များကို လိုက်နာ၍ နှစ်ဖက်ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းခဲ့သည့် အပြန်အလှန်ယုံကြည်မှုများကို တန်ဖိုးထားကာ တရုတ်နိုင်ငံနှင့်အတူ ပင်လယ်ရေကြောင်းရေးရာ ကိစ္စရပ်အား စီမံထိန်းချုပ်နိုင်မည့် ထိရောက်မှုရှိသည့်နည်းလမ်းကို အတူတကွ လျင်မြန်စွာ ရှာဖွေစေလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့်အတူ “တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ဆွေးနွေးညှိနှိုင်းမှုများကို အရှိန်အဟုန်မြှင့်တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး ထိရောက်မှု၊ လက်တွေ့ကျမှုနှင့်《ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း》(UNCLOS) အပါအဝင် နိုင်ငံတကာ ဥပဒေနှင့်ကိုက်ညီမှုရှိသည့် ဒေသတွင်းစည်းမျဉ်းဥပဒေများ အမြန်ဆုံးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးနှင့် ဘုံမိသားစုဥယျာဉ်ကြီး ကောင်းမွန်စွာ တည်ဆောက်ရေးကို အပြည့်အဝ လုပ်ဆောင်နိုင်စွမ်းရှိသလို လုပ်ဆောင်နိုင်သည့် ဉာဏ်ပညာလည်း ရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
王毅谈当前南海地区局势
新华社马来西亚乔治市8月12日电(记者汪艺)中共中央政治局委员、外交部长王毅在访问新加坡和马来西亚期间同两国政要就当前南海局势交换看法,阐明中方立场。
王毅说,多年来,在中国和东盟共同努力下,南海局势实现总体稳定,也为各自发展提供了良好环境。而美国等一些势力唯恐南海不乱,不断在这一海域兴风作浪。最近又借仁爱礁问题煽风点火,在中菲之间挑动是非,怂恿对抗,破坏南海和平安宁,以服务美自身地缘政治战略。中方希望地区国家对幕后黑手保持必要警惕,把维护南海和平稳定的主导权掌握在自己手中。中方已多次提出愿同菲律宾通过双边对话妥处存在的分歧。希菲方恪守以往达成的共识,珍惜双边关系改善积累的互信,尽快同中方相向而行,寻求管控海上局势的有效途径。
王毅强调,中方愿同东盟各国一道,加快推进“南海行为准则”磋商,争取早日达成行之有效、富有实质意义、符合包括《联合国海洋法公约》在内国际法的地区规则。我们相信,中国和东盟国家完全有能力、有智慧维护好南海的和平稳定,建设好我们的共同家园。(完)

1. 当地时间8月11日,中共中央政治局委员、外交部长王毅(左三)在槟城同马来西亚外长赞比里(右四)举行会谈。新华社记者 程一恒 摄