Connect with us

China

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေး

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim)နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တို့ ပီနန်မြို့တွင် ဩဂုတ် ၁၁ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပီနန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim)သည် မလေးရှားနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိလာသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပီနန်မြို့တွင် ဩဂုတ် ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် အန်ဝါ အီဘရာဟင်က ယခုနှစ် မတ်လတွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် အလည်အပတ်ခရီးစဉ်ကို ပျော်ရွှင်စွာ ပြန်လည်အောက်မေ့လျက် တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံ၏ ယုံကြည်စိတ်ချရသော မိတ်ဆွေကောင်းဖြစ်ကြောင်း၊ မလေးရှား-တရုတ် ဆက်ဆံရေးသည် အထူး ချစ်ကြည်ရင်းနှီးမှုရှိကြောင်းနှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ မလေးရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုအပေါ် သမ္မတ ရှီကျင့်ဖိန်က အထူးအလေးထားသည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း ၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်များကို တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကုန်သွယ်စီးပွား၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုယဉ်ကျေးမှု၊ ခရီးသွားစသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း ၊ မိမိတို့အနေဖြင့် တရုတ်ကုမ္ပဏီလုပ်ငန်းများ မလေးရှားတွင် ရင်းနှီးမြှုပ်နှံရန် ကြိုဆိုကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် နက်ရှိုင်းစွာ ဆောင်ရွက်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ဘုံအကျိုးစီးပွားကို ဖော်ဆောင်သွားလိုကြောင်း အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံခေါင်းဆောင်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားကို တစ်ဆင့်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များက ခိုင်မာသော အပြန်အလှန် ယုံကြည်မှုနှင့်ချစ်ကြည်ရေးကို တည်ဆောက်ခဲ့ပြီး တရုတ်-မလေးရှား လက်တွဲအတူ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအတွက် ရှင်းလင်းစွာ လမ်းညွှန်ပေးခဲ့ရာတွင် ကဏ္ဍသစ် ဖွင့်လှစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် မလေးရှားနိုင်ငံနှင့်အတူ နှစ်ဖက်ဆက်ဆံရေး ကောင်းမွန်အားကောင်းစွာ ဖွံ့ဖြိုးတိုးတက်နေသည့်အရှိန်အဟုန်ကို ထိန်းထား၍ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွား နှင့် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးသစ်များကို ဆောင်ကြဉ်းပေးလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံသည် ထွန်းသစ်စ စီးပွားရေးဈေးကွက် ဖြစ်သလို ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြရာ ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အခေါ်ချင်း နီးစပ်ပြီး ကျယ်ပြန့်သည့်ဘုံအကျိုးစီးပွားများ ရှိကြကြောင်း ၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” နှစ်နိုင်ငံ အရည်အသွေးမြင့် အတူလက်တွဲတည်ဆောက်မှု ရလဒ် များပြားကြောင်း၊ အရှေ့ဘက်ကမ်းရိုးတန်း ရထားလမ်း ၊ “နှစ်နိုင်ငံ၊ ဥယျာဉ်နှစ်ခု”တည်ဆောက်မှုများသည် စီးပွားရေးနှင့်လူမှုအသိုက်အဝန်းတွင် ကောင်းမွန်သောအကျိုးသက်ရောက်မှုများ ရှိခဲ့ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကျယ်ပြန့်ကြောင်း ၊ မိမိတို့အနေဖြင့် မလေးရှားနိုင်ငံနှင့်အတူ အလွန့်အလွန်ကြီးမားသော ဈေးကွက် အခွင့်အလမ်းများကို မျှဝေသွားလိုပြီး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ တိုးချဲ့၍ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ဘုံအကျိုးစီးပွား၊ အတူဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနေ့တွင် ဝမ်ရိသည် မလေးရှား နိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadirနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)

………………………..
(Chinese Version)
马来西亚总理安瓦尔会见王毅
新华社马来西亚乔治市8月12日电(记者汪艺)当地时间8月11日,马来西亚总理安瓦尔在槟城会见甫抵当地访问的中共中央政治局委员、外交部长王毅。
安瓦尔愉快地忆及今年3月对中国的成功访问,表示中国是马来西亚可信赖的好朋友,马中关系特殊友好,双边合作强劲有力。习近平主席高度重视马中合作,令人深受感动。双方积极落实两国领导人共识,经贸投资、人文旅游等合作取得重要进展。我们欢迎中国企业扩大对马投资,愿同中方持续深化各领域合作,实现互利共赢。
王毅转达了中国领导人的亲切问候,表示总理先生是中国人民的老朋友,两国领导人建立了牢固互信和友谊,为中马携手共建命运共同体指明了方向,开启了新的篇章。我们愿同马方一道,保持双边关系健康强劲发展势头,为两国人民带来更多福祉,为地区发展振兴作出新贡献。
王毅表示,中马同为新兴经济体和发展中国家,发展理念相近,有着广泛共同利益。两国高质量共建“一带一路”成果丰硕,东海岸铁路、“两国双园”建设取得良好经济和社会效应,务实合作前景广阔。我们愿同马方分享超大规模市场机遇,拓展合作领域,实现互利共赢、共同发展。
同日,王毅还同马来西亚外长赞比里会谈。
1. 当地时间8月11日,马来西亚总理安瓦尔(左)在槟城会见甫抵当地访问的中共中央政治局委员、外交部长王毅。 新华社记者 程一恒 摄