Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းက ကိုရီးယားပြည်သူ့တပ်မတော် (KPA) ရေတပ်၏ အရှေ့တရုတ်ပင်လယ်ရေယာဉ်အုပ်စုအား သွားရောက် စစ်ဆေး ကြည့်ရှု

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းတွင် ကျင်းပသော စစ်ရေးပြအခမ်းအနားအား ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းက ကိုရီးယားပြည်သူ့တပ်မတော် (KPA) ရေတပ်၏ အရှေ့တရုတ်ပင်လယ်ရေယာဉ်အုပ်စုထံ သွားရောက်၍ တိုက်ပွဲ ကြိုတင်ပြင်ဆင်မှုစသည့် အခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း KCNA ၏ ဩဂုတ် ၂၁ ရက် သတင်းများ အရ သိရသည်။ သွားရောက်စစ်ဆေးကြည့်ရှုသည့်အချိန်ကိုမူ အသေးစိတ်ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

ကင်ဂျုံအန်းက ပင်လယ်သို့ ထွက်၍ ကင်းလှည့်ရန် ပြင်ဆင်နေသည့် စစ်သင်္ဘောတစ်စီးပေါ်သို့ တက်၍ သင်္ဘော၏စစ်လက်နက် တပ်ဆင်မှုနှင့် တိုက်ပွဲ ကြိုတင်ပြင်ဆင်မှု အခြေအနေများအား လေ့လာခဲ့ကြောင်း၊ ယင်းနေ့တွင်ပင် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ပစ် လေ့ကျင့်နေသည့် တပ်ဖွဲ့ဝင်များအား စစ်ဆေးကြည့်ရှုခဲ့ကြောင်း KCNA ၏ သတင်းတွင် ဖော်ပြထားသည်။
လက်နက်များခေတ်မီအသွင်ပြောင်းရေး အရှိန်အဟုန်မြှင့် တွန်းအားပေး ဆောင်ရွက်ရန်နှင့် လက်တွေ့စစ်ရေးစွမ်းရည် စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်ရန် ကင်ဂျုံအန်းက ရေတပ်အား ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထိုမတိုင်မီ KCNA၏ သတင်း၌ မြောက်ကိုရီးယား အရှေ့ပိုင်း ပင်လယ်ပြင်ရှိ မြောက်ကိုရီးယားပိုင် စီးပွားရေးဇုန်သို့ အမေရိကန်နိုင်ငံက ယခုရက်ပိုင်းများတွင် ဗဟာဗျူဟာ ကင်းထောက်လေယာဉ်များစေလွှတ်ခဲ့မှုကြောင့် သက်ဆိုင်ရာ ရေပြင်တွင် လေယာဉ်ပစ်ဒုံးကျည်သစ် တပ်ဆင်ထားသော စစ်သင်္ဘောများ အမြဲတမ်းဖြန့်ကျက်သွားရန် စဉ်းစားနေကြောင်း မြောက်ကိုရီးယား ပြည်သူ့တပ်မတော် စစ်ဦးစီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း KCNA ၏ သတင်း၌ ဖော်ပြခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
金正恩视察人民军海军东海舰队
新华社首尔8月21日电据朝中社21日报道,朝鲜劳动党总书记、国务委员长金正恩视察朝鲜人民军海军东海舰队下属水面舰艇部队,了解战备等情况。报道未提及视察活动具体时间。
朝中社报道说,金正恩登上一艘即将进入海上警戒值勤的警卫舰并了解军舰武器装备和战备情况,当天还观摩了警卫舰水兵进行战略巡航导弹发射训练。
报道说,金正恩要求海军加快推进武器装备现代化并不断提高实战能力。
朝中社此前报道,朝鲜人民军总参谋部发言人发表声明说,针对美国近日再次派遣战略侦察机侵犯位于朝鲜东部海域的朝方经济水域(即专属经济区),朝方正在考虑向有关水域经常性部署搭载新型防空导弹的军舰。
1. 7月27日,方队在朝鲜平壤的阅兵式现场接受检阅。