Connect with us

China

သမ္မတ ရှီကျင့်ဖိန်က ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် တောင်အာဖရိကနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် သွားရောက်ရန် ပေကျင်းမြို့မှ ထွက်ခွာ

ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa ၏ ဖိတ်ကြားချက်အရ ဂျိုဟန်နာဘတ်စ်မြို့၌ ကျင်းပမည့် ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် တောင်အာဖရိကနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် သွားရောက်ရန်အတွက် ဩဂုတ် ၂၁ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ တောင်အာဖရိက၌ ရှိသည့်ကာလအတွင်း သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ Cyril Ramaphosa နှင့်အတူ တရုတ်-အာဖရိက ခေါင်းဆောင်များအစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေရေးရာရုံး အကြီးအကဲ ချိုက်ချီ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)

…………………………..
(Chinese Version)
习近平离京赴约翰内斯堡出席金砖国家领导人第十五次会晤并对南非进行国事访问
新华社北京8月21日电8月21日上午,国家主席习近平乘专机离开北京,应南非共和国总统拉马福萨邀请,赴约翰内斯堡出席金砖国家领导人第十五次会晤并对南非进行国事访问。在南非期间,习近平还将同拉马福萨一道主持中非领导人对话会。
陪同习近平出访的有:中共中央政治局常委、中央办公厅主任蔡奇,中共中央政治局委员、外交部部长王毅等。