Connect with us

Africa & Middle East

နိုင်ဂျာစစ်အစိုးရက ၃ နှစ်အတွင်း အာဏာလွှဲပြောင်းပေးမည်ဟု ဆို

နိုင်ဂျာနိုင်ငံ မြို့တော် နီယာမေးရှိ လမ်းမတစ်ခု၏ မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဘူဂျာ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

နိုင်ဂျာနိုင်ငံ အမိမြေကာကွယ်ရေး အမျိုးသား ကောင်စီ(CNSP) ဥက္ကဋ္ဌ Abdourahamane Tchianiက ၃ နှစ်အတွင်း အာဏာလွှဲပြောင်းမှုကို ပြီးမြောက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဩဂုတ် ၁၉ ရက် ညပိုင်းတွင် ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။

ထို့အတွက် နိုင်ဂျာ စစ်အစိုးရက အရေးပေါ်နည်းလမ်းများ လုပ်ဆောင်သွားမည် ဖြစ်ပြီး နိုင်ဂျာနိုင်ငံ နယ်ပယ်အသီးသီးရှိ လူ ပုဂ္ဂိုလ်များကို ဖိတ်ကြားကာ ရက်ပေါင်း ၃၀ အတွင်း အတူတကွ ဆွေးနွေးပြီး အာဏာလွှဲပြောင်းရေး အခြေခံမူနှင့် ဦးစားပေးကိစ္စရပ်များကို ရေးဆွဲသွားမည် ဖြစ်ကြောင်း ၊ တစ်နိုင်ငံလုံးအတိုင်းအတာ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ရာ နယ်ပယ်အသီးသီး၏ အင်အားများကို စုစည်း၍ “အခြေခံ ဥပဒေ စနစ်သစ် အတွက် အခြေခံအုတ်မြစ်ချသွားမည်” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ဂျာ အမိမြေကာကွယ်ရေး အမျိုးသား ကောင်စီ(CNSP) အနေဖြင့် ပြည်သူလူထုက လွတ်လပ်စွာ အစိုးရရွေးချယ်မှုကို အပြည့်အဝ လေးစားသွားမည်ဖြစ်ကြောင်း Tchiani က ပြောကြားခဲ့သည်။

နိုင်ဂျာသမ္မတအစောင့်တပ်ဖွဲ့က သမ္မတ Mohamed Bazoum ကို ဇူလိုင် ၂၆ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အချင်းဖြစ်ပွားသည့်ညနှောင်းပိုင်းတွင် အမိမြေကာကွယ်ရေး အမျိုးသားကောင်စီ ဖွဲ့စည်းကြောင်း၊ Mohamed Bazoum ၏ သမ္မတ ရာထူးတာဝန်ကို ဖျက်သိမ်းကြောင်း နှင့် နိုင်ငံရေးရာကိစ္စရပ်များကို စစ်တပ်မှ တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း အာဏာသိမ်းစစ်တပ် ကိုယ်စားလှယ်က ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည်။ (Xinhua)

…………………………….
(Chinese Version)
尼日尔军政府称将在3年内完成权力过渡
新华社阿比让8月19日电(记者郑扬子)尼亚美消息:尼日尔保卫祖国国家委员会主席奇亚尼19日晚发表电视讲话,称将在3年内完成权力过渡。
他说,尼日尔军政府将为此采取紧急措施,邀请尼各界人士在未来30天内共同商讨、制定权力过渡期的基本原则和优先事项。尼日尔军政府将在全国范围内展开对话,集合各界力量“为新的宪法秩序奠定基础”。
奇亚尼表示,尼日尔保卫祖国国家委员会完全尊重民众选择政府的自由。
7月26日,尼日尔总统卫队部分军人扣押总统巴祖姆。当天深夜,政变军人代表在尼日尔国家电视台宣布成立保卫祖国国家委员会,解除巴祖姆总统职权,由军人政权接管国家事务。
1. 这是7月28日的尼日尔首都尼亚美街头。