Asia
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့် လူ ၁၁ ဦး သေဆုံး

ဟနွိုင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့်မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရာ ဩဂုတ် ၂ ရက်မှစ၍ သေဆုံးသူ ၁၁ ဦး ၊ ဒဏ်ရာရသူ ၅ ဦး ရှိခဲ့ကြောင်း ဗီယက်နမ် အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေး ဦးဆောင်ကော်မတီက ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။
Lai Châu ၊ Yên Bái ၊ Sơn La ၊ Lào Caiနှင့်Hà Giang စသည့် နေရာများတွင် သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း အဆိုပါကော်မတီမှ ထုတ်ပြန်သော အချက်အလက်များ၌ ဖော်ပြထားသည်။
ဩဂုတ် ၉ ရက်နှင့် ၁၀ ရက်များတွင် ဗီယက်နိုင်ငံ မြောက်ပိုင်း၌ ထစ်ချုန်းမိုးရွာသွန်းပြီး ဩဂုတ် ၁၁ ရက်မှ ၁၃ ရက်တွင် မိုးသည်းထန်မည် ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ မိုးဇလစင်တာက ကြိုတင်သတိပေးထားသည်။ (Xinhua)

ဗီယက်နမ်နိုင်ငံ Lai Châu ပြည်နယ်တွင် မြေပြိုမှုများ ဖြစ်ပွားနေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ်(ဓာတ်ပုံ- VNA via Xinhua)

ဗီယက်နမ်နိုင်ငံ Lào Cai ပြည်နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ- VNA via Xinhua)
…………………………..
(Chinese Version)
洪水和山体滑坡致越南北部11人死亡
新华社河内8月8日电(记者胡佳丽)越南国家预防自然灾害指导委员会8日说,持续强降雨在越南北部引发洪水和山体滑坡,自2日以来已造成11人死亡、5人受伤。
该委员会公布的数据显示,洪水和山体滑坡在莱州、安沛、山罗、老街和河江等地造成人员伤亡,300多栋房屋被损毁。
越南国家水文气象预报中心预报,9日至10日越南北部将有雷阵雨,11日至13日将有暴雨。
1,2. 8月5日,在越南莱州省,道路因山体滑坡受损。新华社/越通社
3. 8月3日,在越南老街省,洪水造成局部内涝。新华社/越通社