Connect with us

Media

တရုတ်နိုင်ငံ ကွေ့ကျိုး-နန်နင်း မြန်နှုန်းမြင့် ရထားလမ်းရှိ ကွေ့ယန်-လိပေါ လမ်းအပိုင်း တရားဝင် စတင် လည်ပတ်

ကွေ့ယန်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ယန်မြို့ မြောက်ပိုင်းမှ လိပေါခရိုင်သို့ မောင်းနှင်သော D6171 ရထားကြီးသည် ကွေ့ယန်မြို့ မြောက်ပိုင်း ဘူတာမှ ဩဂုတ် ၈ ရက်နေ့တွင် စတင်ထွက်ခွာလာခြင်းဖြင့် ကွေ့ယန်-နန်နင်း မြန်နှုန်းမြင့် ရထားလမ်းရှိ ကွေ့ယန်-လိပေါ လမ်းပိုင်း တရားဝင် စတင် ဖွင့်လှစ်လည်ပတ်လိုက်ပြီ ဖြစ်သည်။

ကွေ့ယန်-နန်နင်း မြန်နှုန်းမြင့်ရထားလမ်းသည် “အလျားလိုက် ရထားလမ်းကြောင်း (၈) ခု၊ ဒေါင်လိုက်ရထားလမ်းကြောင်း (၈) ခု” ကွန်ရက်တွင် အတွင်းမွန်ဂိုလီးယားဒေသ ပေါင်းထိုမြို့မှ ဟိုင်နန်သို့သွားသည့် ရထားလမ်းကြောင်း၏ အရေးကြီး အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
၎င်းရထားလမ်းသည် စုစုပေါင်းအရှည် ၄၈၂ ကီလိုမီတာ ရှိပြီး တစ်နာရီလျှင် အမြန်နှုန်း ၃၅၀ ကီလိုမီတာဖြင့် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်ရာ ကွေ့ယန်မှ လိပေါသို့ အချိန် ၅၇ မိနစ်အတွင်း အမြန်ဆုံး ရောက်ရှိနိုင်သည်။ (Xinhua)

…………………………….
(Chinese Version)
贵南高铁贵阳至荔波段正式开通运营
当日,随着贵阳北至荔波的D6171次列车驶出贵阳北站,贵阳至南宁高速铁路贵阳至荔波段正式开通运营。据了解,贵南高铁是我国“八纵八横”铁路网包头到海南铁路通道的重要组成部分,线路全长482公里,设计时速350公里,贵阳至荔波最快57分钟可达。 新华社记者 刘续 摄