Connect with us

China

တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် ခရီးသွား ပူးပေါင်းဆောင်ရွက်မှုဇုန် စတင် စမ်းသပ် လည်ပတ်

ကွမ်ရှီး၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တယ်ထျန်း(ဘန်းဂယော့) ရေတံခွန်သည် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိသည့် အာရှတိုက်၏ ပထမ အကြီးဆုံးနှင့် ကမ္ဘာ့ စတုတ္ထ အကြီးဆုံး နိုင်ငံဖြတ်ကျော် ရေတံခွန်ကြီး ဖြစ်ရာ တရုတ်-ဗီယက်နမ် တယ်ထျန်း (ဘန်းဂယော့) ရေတံခွန် ခရီးသွားပူးပေါင်းဆောင်ရွက်မှုဇုန်ကို စက်တင်ဘာ ၁၅ ရက်တွင် စတင် စမ်းသပ် လည်ပတ်ခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှုဇုန် စမ်းသပ်လည်ပတ်သည့်ကာလတွင် အဖွဲ့လိုက်သွားလာရန် ကြိုတင်ချိတ်ဆက်ခြင်း၊ အဖွဲ့အရေအတွက် သတ်မှတ်ခြင်း၊ နယ်စပ်ဖြတ်ကျော်ချိန်ကို သတ်မှတ်ခြင်း၊ အဖွဲ့လိုက် ပြည်ဝင်/ပြည်ထွက် ဆောင်ရွက်ခြင်း၊ ခရီးသွားလမ်းကြောင်း သတ်မှတ်ခြင်း ဟူသော စီမံခန့်ခွဲမှု ပုံစံဖြင့် ဖော်ဆောင်ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ၊ ပြည်ဝင်/ပြည်ထွက်ခွင့်ရရှိသူ ခရီးသွားများအတွက်သာ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော် ခရီးသွားလမ်းကြောင်းတွင် အဖွဲ့လိုက် ပြည်ဝင်/ပြည်ထွက် အကောက်ခွန်ရှင်းလင်းရေးအစီအမံများဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်သည် နေ့စဉ် ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဖွင့်လှစ်မည် ဖြစ်ပြီး ခရီးသွားအဖွဲ့အနေဖြင့် ညနေ ၅ နာရီ မတိုင်မီ မိမိနိုင်ငံ နယ်နိမိတ်အတွင်းသို့ ပြန်သွားရမည် ဖြစ်ကြောင်း၊ ခရီးသွားအဖွဲ့၏ တစ်ဖက်နိုင်ငံသို့ ခရီးသွားလည်ပတ်သည့် ကြာချိန်သည် ၅ နာရီထက် မကျော်လွန်စေရကြောင်း သိရသည်။

တရုတ်-ဗီယက်နမ် တယ်ထျန်း (ဘန်းဂယော့) ရေတံခွန် နယ်စပ်ဖြတ်ကျော် ခရီးသွား ပူးပေါင်းဆောင်ရွက်မှုဇုန်သည် ၂၀၁၅ ခုနှစ်က 《တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ အစိုးရများအကြား တယ်ထျန်း (ဘန်းဂယော့) ရေတံခွန် ခရီးသွားအရင်းအမြစ် ထိန်းသိမ်းခြင်းနှင့်ဖော်ထုတ်ခြင်းဆိုင်ရာ သဘောတူညီချက်》လက်မှတ်ရေးထိုးပြီးနောက် တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဗီယက်နမ်နိုင်ငံ Cao Bằng ပြည်နယ်တို့ အတူ တည်ဆောက်ဖော်ဆောင်သည့် စီမံကိန်း ဖြစ်သည်။ (Xinhua)

………………………..
(Chinese Version)
新华社权威快报|中越跨境旅游合作区开启试运行
位于中国和越南交界地带的德天(板约)跨国瀑布是亚洲第一、世界第四大跨国瀑布,中越德天(板约)瀑布跨境旅游合作区9月15日开启试运行。
合作区试运营期间,实施预约组团、组团限量、限时跨境、团进团出、游览线路限定的管理模式,并且仅向持有中越两国护照、出入境通行证的游客开放。游客跨境往来通道实施团进团出通关查验措施。查验点每天上午北京时间10:00开放,15:00后停止通关查验,17:00前旅游团返回各自境内,每个旅游团在对方一侧游览时间最长不超过5个小时。
中越德天(板约)瀑布跨境旅游合作区是中越两国2015年签订《中华人民共和国政府和越南社会主义共和国政府关于合作保护和开发德天(板约)瀑布旅游资源的协定》后,由中国广西壮族自治区与越南高平省共同建设和实施的项目。
记者:武思宇、吴思思
编辑:杨洋
设计:吴思思