Connect with us

International Organizations

ကမ္ဘာ့အဓိက ရေနံထုတ်လုပ်သည့် နိုင်ငံများက ရှေ့ဆက်၍ ရေနံထုတ်လုပ်မှု ကို ပိုမိုလျှော့ချသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် နိုဝင်ဘာ ၃၀ ရက်၌ ရိုက်ကူးခဲ့သည့် (Organization of the Petroleum Exporting Countries,OPEC )ရုံးချုပ်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ရေနံ အဓိက ထုတ်လုပ်တင်ပို့ရောင်းချသည့် နိုင်ငံများ အဖွဲ့အစည်းဖြစ်သည့် (OPEC) ၏ အတွင်းရေးမှူးချုပ်ရုံးက နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။ အထက်ပါ ထုတ်ပြန်ကြေညာချက်တွင် OPEC အဖွဲ့ဝင် နိုင်ငံများနှင့် OPEC အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့် ရေနံထုတ်လုပ်နေသည့် နိုင်ငံများက ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရေနံထုတ်လုပ်မှုကို မိမိ ဆန္ဒ အလျောက် ဆက်လက်လျှော့ချသွားမည်ဖြစ်ပြီး နေ့စဉ် ရေနံထုတ်လုပ်မှု စည်ပေါင်း ၂.၂ သန်း အထိ လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။OPEC အဖွဲ့ဝင်နိုင်ငံများ နှင့် OPEC အဖွဲ့ဝင်မဟုတ်သည့် ရေနံထုတ်လုပ်သော နိုင်ငံများ ပါဝင်ဖွဲ့စည်းထားသော “OPEC+” ၏ ၃၆ ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက်က ဗီဒီယို ကွန်ဖရင့် မှ တစ်ဆင့် ကျင်းပခဲ့သည်။
ယခုအကြိမ် ရေနံလျှော့ချထုတ်လုပ်မှုသည် ယခုနှစ် ဇွန်လ က ၃၅ ကြိမ်မြောက် “OPEC+” ဝန်ကြီးအဆင့်အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ အသီးသီး က ချမှတ်ခဲ့သော ၂၀၂၄ ခုနှစ် ရေနံထုတ်လုပ်မှု လျှော့ချရေး သဘောတူညီချက်များကို အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ၊ ယင်းမှာ “OPEC+” နိုင်ငံများ အနေဖြင့် ဧပြီလက ကြေညာခဲ့သော မိမိဆန္ဒအလျောက် ရေနံထုတ်လုပ်မှု လျှော့ချခြင်းကို ဆက်လက်ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ကြေညာချက်အရ ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ယခုနှစ် ဇူလိုင်လ မှ ၂၀၂၄ ခုနှစ် မတ်လအထိ မိမိ သဘောအရ နေ့စဉ် ရေနံစည် တစ်သန်းလျှော့ချ ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံအနေဖြင့် ယခုနှစ် စက်တင်ဘာလ မှ စတင်၍ မိမိ ဆန္ဒအလျောက် နေ့စဉ် ရေနံလျှော့ချ ထုတ်လုပ်မှုကို စည်ပေါင်း ၃ သိန်း မှ ၅ သိန်းအထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း ၊ အီရတ် ၊ UAE ၊ ကူဝိတ် ၊ ကာဇက်စတန် ၊ အယ်လ်ဂျီးရီးယား နှင့် အိုမန်စသည့် “OPEC+”အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်မှ စတင်၍ မိမိ သဘောဆန္ဒအလျောက် ရေနံ ထုတ်လုပ်တင်ပို့မှုကို လျှော့ချသွားကြမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် ပထမသုံးလပတ် မှ စတင်၍ “OPEC+” အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဈေးကွက်အခြေအနေအရ ရေနံထုတ်လုပ်မှုကို တစ်ဆင့်ချင်း လျှော့ချသွားဖွယ်ရှိပြီး ရေနံဈေးကွက် တည်ငြိမ်မှုရှိရန်အတွက်လည်း ဆောင်ရွက်သွားဖွယ်ရှိကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။

လက်ရှိစီးပွားရေးဈေးကွက်အနေဖြင့်ကမ္ဘာ့စီးပွားရေး အလားအလာ မကောင်းမွန်မှုကြောင့် ရေနံထုတ်ကုန်အပေါ် မှီခိုမှုဖြစ်လာခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရေနံဈေးနှုန်းမှာလည်း လတ်တလောကာလပိုင်းတွင် အားနည်းမှု ဖြစ်ပွားလာခဲ့သည်။လန်ဒန် Brent ရေနံစိမ်းဈေးနှုန်းမှာလည်း ယခုနှစ် စက်တင်ဘာလတွင် တစ်စည်လျှင် ၉၀ ဒေါ်လာ မှ ယခုရက်ပိုင်း၌ တစ်စည် ၈၀ ဒေါ်လာအထိ ကျဆင်းလာခဲ့သည်။
“OPEC+”အဖွဲ့အစည်းအနေဖြင့် ယခုနှစ် မေလမှ စတင်၍ နှစ်ကုန်ပိုင်းအချိန်ထိ နေ့စဉ် ရေနံစိမ်း စည်ပေါင်း ၁.၆၆ သန်း ထုတ်လုပ် လျှော့ချမည်ဟု ယခုနှစ် ဧပြီလက ထုတ်ပြန်ကြေညာခဲ့သည်။ ယခုနှစ် ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် “OPEC+” ဝန်ကြီးအဆင့်အစည်းအဝေးတွင် “OPEC+” အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ၂၀၂၄ ခုနှစ်တွင် နေ့စဉ် ပျှမ်းမျှ ရေနံစိမ်း စည် ၄၀.၄၆ သန်းအထိ လျှော့ချသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————-
(经济)主要产油国宣布进一步减产

新华社维也纳11月30日电(记者刘昕宇 张兆卿)石油输出国组织(欧佩克)秘书处11月30日发布声明说,多个欧佩克和非欧佩克产油国明年第一季度将继续自愿减产,减产总额为日均220万桶。
当天,由欧佩克成员国与非欧佩克产油国组成的“欧佩克+”以视频方式举行第36次部长级会议。当晚发布的声明说,此次减产将参照今年6月“欧佩克+”第35次部长级会议设定的2024年各成员产量目标,是继今年4月主要产油国宣布自愿减产措施后额外增加的减产。
根据声明,沙特阿拉伯将把从今年7月开始的日均100万桶的自愿减产措施延长至明年3月底。明年第一季度,俄罗斯将把今年9月开始的自愿日均减产30万桶提高到日均50万桶。伊拉克、阿联酋、科威特、哈萨克斯坦、阿尔及利亚和阿曼等“欧佩克+”成员也将在明年第一季度自愿减产。
声明说,明年第一季度后,相关“欧佩克+”成员将视市场情况“逐步回撤”自愿减产力度,以维护石油市场稳定。
由于市场担忧全球经济前景不佳影响石油需求,国际油价近期走弱。伦敦布伦特原油期货价格从今年9月的每桶90美元以上跌至近几周的每桶80美元左右。
今年4月,“欧佩克+”宣布自今年5月至年底自愿日均减产166万桶。在今年6月举行的部长级会议上,“欧佩克+”决定将2024年原油总产量目标调整为日均4046万桶。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.