Connect with us

China

“တရုတ်နိုင်ငံ၏ ရေခဲ-ဆီးနှင်း ထိပ်ခေါင်နေရာ” အား ကမ္ဘာ့အဆင့်မီ ရေခဲ-ဆီးနှင်း ခရီးသွားနာမည်ကျော်နေရာအဖြစ် တည်ဆောက်

ဟားအယ်ပင်း ရေခဲ-ဆီးနှင်းကမ္ဘာကြီးတွင် လာရောက် လည်ပတ်နေကြသော ခရီးသွားဧည့်သည်များအား ဇန်နဝါရီလ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ဆောင်းရာသီကာလအစတွင် “တရုတ်နိုင်ငံ၏ ရေခဲ-ဆီးနှင်း ထိပ်ခေါင်နေရာ” ဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် ဟေးလုံကျန်းပြည်နယ်သည် ယခုနှစ်ဆောင်းရာသီတွင် တစ်မူထူးခြားသော ရေခဲ-ဆီးနှင်း ခရီးသွားလုပ်ငန်း အရင်းအမြစ်များ၊ နက်ရှိုင်းသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် နွေးထွေးပျူငှာ၍ ဧည့်ဝတ်ကျေပွန်သော ဝန်ဆောင်မှုများဖြင့် ကမ္ဘာ့အဆင့်မီ ရေခဲ-ဆီးနှင်း ခရီးသွားနာမည်ကျော်နေရာအဖြစ် တည်ဆောက်မည်ဟု ကြေညာခဲ့သည်။

ဟေးလုံကျန်းပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားဌာနမှ ညွှန်ကြားရေးမှူး ဟော်ကျင်းက ဟေးလုံကျန်းပြည်နယ်သည် ကမ္ဘာလုံးဆိုင်ရာ အရေးပါသော ရေခဲ-ဆီးနှင်း ခရီးသွားနေရာတစ်ခုဖြစ်ပြီး ရေခဲ-ဆီးနှင်း ခရီးသွားလုပ်ငန်းနှင့် ရေခဲ-ဆီးနှင်း စီးပွားရေးကုန်ထုတ်လုပ်ငန်းစနစ်များ အပြည့်အ၀ရှိကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်က ရေခဲ-ဆီးနှင်းရာသီတွင် ဟေးလုံကျန်းပြည်နယ်သည် အလွန်ရေပန်းစားလာခဲ့ရာ “လူကြိုက်များလာမှု အရှိန်ကို ဆက်လက်ထိန်းထားတဲ့တစ်ချိန်တည်းမှာပဲ ပိုမိုများပြားတဲ့ ကဏ္ဍ၊ ပိုမိုကြီးမားတဲ့ အတိုင်းအတာ ချဲ့ထွင်နိုင်ဖို့ ဘယ်လို လုပ်ဆောင်မလဲကို ကျွန်မတို့ အမြဲစဉ်းစားနေခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဟေးလုံကျန်းပြည်နယ်သည် ယခုနှစ်တွင် ရေခဲ-ဆီးနှင်း ယဉ်ကျေးမှု ခရီးသွားထုတ်ကုန်များ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ထားပြီး “အာရှဆောင်းရာသီအားကစားအိပ်မက်”၊ “အေးခဲမှုနှင့် စွန့်စားမှု အတူ”၊ “နယ်စပ်ဓလေ့များ”၊ “အနီရောင် အမှတ်အသားများ”၊ “ဟေးလုံကျန်း၏ နှစ်သစ်အငွေ့အသက်”၊ “မြောက်ပိုင်းဒေသရဲ့ အပန်းဖြေ၊ ကျန်းမာရေးကဏ္ဍများ”၊ “ပြင်ပ လှုပ်ရှားမှုများ”၊ “ရေခဲ-ဆီးနှင်း လေ့လာရေးခရီး” စသည့် ခရီးသွားလုပ်ငန်းထုတ်ကုန် ၈ မျိုးကို စတင်ခဲ့ပြီး “ဟာအယ်ပင်း-ယာ့ပုလီ-ဆီးနှင်းရွာလေး (ရွဲရှန်း)-မူသန်းကျန်း” ရေခဲ-ဆီးနှင်း ခရီးသွားပတ်လမ်း စသည်တို့ကို အဆင့်မြှင့်တင်ထားသည်။

ဟေးလုံကျန်းပြည်နယ်သာမက တရုတ်နိုင်ငံ၏ ရေခဲ-ဆီးနှင်း ခရီးသွားလုပ်ငန်း “နာမည်ကတ်” တစ်ခုအနေဖြင့် ယခုဆောင်းရာသီတွင် ဟာအယ်ပင်း ရေခဲ-ဆီးနှင်းကမ္ဘာကြီး၏ ဧရိယာတစ်ခုလုံးသည် စတုရန်းမီတာ ၈၁၀,၀၀၀ မှ စတုရန်းမီတာ ၁ သန်းအထိ တိုးချဲ့မည်ဖြစ်ပြီး ၎င်းထိန်းသိမ်းထားသည့်”ကမ္ဘာ့အကြီးဆုံး ရေခဲ-ဆီးနှင်း ကစားဥယျာဉ်” ဟူသော အမည်ကို ကျော်လွန်ကာ ဂင်းနစ်ကမ္ဘာ့စံချိန်သစ် ထပ်မံတင်နိုင်မည်ဟု ခန့်မှန်းထားသည်။

နိုင်ငံခြားခရီးသွားများ ပိုမိုအဆင်ပြေချောမွေ့စေရန် ဟေးလုံကျန်းပြည်နယ်သည် ဟောင်ကောင်၊ အရှေ့တောင်အာရှနှင့် အရှေ့မြောက်အာရှ ပြည်ပလေကြောင်းများ ထပ်မံဖွင့်လှစ်မည်ဖြစ်သလို ပြည်နယ်တွင်း ဒေသများသို့ လှည့်လည်ပျံသန်းသော လေကြောင်းလိုင်း ၇ ခု ဖွင့်လှစ်မည်ဖြစ်ပြီး ဟားအယ်ပင်းလေဆိပ် ဒုတိယ ပြေးလမ်းကို လာမည့်ဇန်နဝါရီတွင် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ပေကျင်းမှ ယာ့ပုလီနှင်းလျှောစီးနေရာသို့ တိုက်ရိုက်ပြေးဆွဲသည့် အထူးရထားသည် ညနေပိုင်းတွင် ထွက်ခွာ၍ နံနက်ပိုင်းတွင် ရောက်ရှိနိုင်မည်ဖြစ်သည်။

“မင်္ဂလာနံနက်ခင်းပါ Good Morning” ။ မကြာသေးမီက ဟားအယ်ပင်းမြို့ တက္ကစီယာဉ်မောင်းတစ်ဦး၏ “ရုတ်တရက်” အင်္ဂလိပ်ဘာသာစကားသင်ယူနေသော ဗီဒီယိုသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။ ၉ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲနှင့် ရေခဲ-ဆီးနှင်းခရီးသွားခြင်း ရေပန်းစားသည့် ခေတ်ဒီရေလှိုင်း နီးကပ်လာသည်နှင့်အမျှ ဟားအယ်ပင်းသည်လည်း “နိုင်ငံတကာ ပင်း” အဖြစ် ပြောင်းလဲလာသလို တရုတ်နှင့် နိုင်ငံခြားမှ ခရီးသွားဧည့်သည်များကို ကြိုဆိုရန် အပြည့်အဝ ပြင်ဆင်ထားပြီးဖြစ်သည်။

“အာရှဆောင်းရာသီ အားကစားပွဲနဲ့ တရုတ်၊ နိုင်ငံခြားဧည့်သည်တွေကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ဖို့ တက္ကစီယာဉ်မောင်းတွေက ကိုယ့်ကိုယ်ကိုယ် အင်္ဂလိပ်စာလေ့လာတာက အစ၊ ရှုခင်းသာနေရာ၊ ဟိုတယ် စတဲ့နေရာတွေရဲ့ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲပိုင်း အဆောက်အအုံတွေ ပြုပြင်မွမ်းမံ အဆင့်မြှင့်တင်တာတွေအထိ၊ ဟေးလုံကျန်းပြည်နယ်ရဲ့ ရေခဲ-နှင်းဆီး ခရီးသွားလုပ်ငန်း၊ အားကစားပွဲတွေနဲ့ ယဉ်ကျေးမှုပေါင်းစုံတို့သည် နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းပြီး ဖွံ့ဖြိုးတိုးတက်နေပါတယ်” ဟု ဟေးလုံကျန်းပြည်နယ် ယဉ်ကျေးမှု ခရီးသွားလာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ချီပင်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဟားအယ်ပင်းသည် “လှိုက်လှိုက်လှဲလှဲ ဧည့်ဝတ်ပျူငှာမှု” ကြောင့် ပြည်တွင်းပြည်ပ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ ယခုဆောင်းရာသီတွင် ဟေးလုံကျန်းပြည်နယ်သည် ခရီးသွားဧည့်သည်များကို ပိုမို လွတ်လွတ်လပ်လပ်နှင့် ပျော်စရာကောင်းသော ခရီးသွားအတွေ့အကြုံ၊ ပိုမိုလုံခြုံသော ခရီးသွားပတ်ဝန်းကျင်နှင့် ပိုမို တစ်မူထူးခြားသော ခံစားချက်တန်ဖိုးများကို ပေးဆောင်ရန် အစီအမံများစွာကို လုပ်ဆောင်သွားမည်ဖြစ်သည်။

လက်ရှိ တရုတ်-ရုရှားနယ်စပ်မြို့ ဟေးဟော်တွင် ရုရှားခရီးသွားအများအပြားသည် “အဖွဲ့လိုက်” ယင်းနေရာသို့ လာရောက်ပြီး နံနက်ဈေး လည်ပတ်ခြင်း၊ နံနက်စာစားခြင်း၊ ဈေးဝယ်ထွက်ခြင်းများ ရှိကြသည်။ နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း အရှိန်အဟုန်မပြတ် တိုးတက်လာသည်နှင့်အမျှ ဟေးလုံကျန်းပြည်နယ်သည် နိုင်ငံခြားခရီးသွားဧည့်သည်များ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အစီအမံများစွာကို လုပ်ဆောင်ထားသည်။

“ဥပမာ နိုင်ငံခြားခရီးသွားဧည့်သည်တွေက အဓိကအားဖြင့် ဟားအယ်ပင်းကတစ်ဆင့် ဝင်ရောက်တာဖြစ်လို့ ကျွန်တော်တို့ ဟားအယ်ပင်းဗဟိုလမ်းမကြီးပေါ်မှာ ခရီးသွားဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု၊ ခရီးသွားထုတ်ကုန်ပြသမှု၊ ခရီးဆောင်အိတ် အပ်နှံခြင်းနှင့် လွှဲပြောင်းပို့ဆောင်ခြင်း၊ အဓိကရှုခင်းသာနေရာတွေ ချိတ်ဆက်ပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေကို တစ်နေရာထဲပေါင်းစည်းထားတဲ့ နိုင်ငံတကာခရီးသွား စီမံဝန်ဆောင်မှု စင်တာတစ်ခုကို တည်ထောင်ထားပါတယ်။ လတ်တလောမှာပဲ ကမ္ဘာတစ်ဝန်းက ခရီးသွားဧည့်သည်တွေအတွက် ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်” ဟု ဟေးလုံကျန်းပြည်နယ် ယဉ်ကျေးမှု ခရီးသွားလာရေး ဌာန ဒုတိယညွှန်ကြားရေးမှူး ယွီဖုန်းက ပြောကြားခဲ့သည်။

ဟေးလုံကျန်းပြည်နယ်သည် ၎င်း၏ ဧည့်ခံမှုစွမ်းရည်နှင့် ဝန်ဆောင်မှုအရည်အသွေးကိုလည်း စဉ်ဆက်မပြတ် တိုးမြှင့်ထားသည်။ ပြည်ပခရီးသွားဧည့်သည်များ ငွေပေးချေမှု အဆင်ပြေမှု ရှိစေရန် လက်ရှိတွင် ပြည်နယ်တစ်ဝန်း ကြယ်သုံးပွင့်နှင့်အထက်ရှိသော ဟိုတယ်များ၊ 4A အဆင့်နှင့် အထက်ရှိသော ခရီးသွား ရှုခင်းသာနေရာများ စသည်တို့တွင် ပြည်ပဘဏ်ကတ်များအသုံးပြုနိုင်သော POS စက် ၁,၃၉၁ လုံး၊ နိုင်ငံခြားငွေလဲလှယ်နေရာနှင့် ATM စက်နေရာ ၇၀ ခုကို တပ်ဆင်နေရာချထားသည်။ တစ်ချိန်တည်းမှာပင် ပြည်နယ်အတွင်းရှိ အဓိကရှုခင်းသာနေရာများအတွက် အွန်လိုင်းမှ ကြိုတင်မှာယူမှုအစီအစဉ်အား အင်္ဂလိပ်နှင့် ရုရှား ဘာသာစကား စာမျက်နှာများကို ပံ့ပိုးပေးထားကာ ရှုခင်းသာနေရာများတွင် ဘာသာစကားအများအပြားဖြင့် လမ်းညွှန်ရေးသားခြင်းကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ထားသလို ခရီးသွားဝန်ဆောင်မှုဝန်ထမ်းများ၏ နိုင်ငံခြားဘာသာစကားကျွမ်းကျင်မှုကို မြှင့်တင်ပေးထားသည်။

ရက်ပေါင်း ၁၀၀ ပင်မလိုတော့သည့် ၉ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲကို ဟားအယ်ပင်းတွင် ကျင်းပတော့မည် ဖြစ်သောကြောင့် ရေခဲ-ဆီးနှင်း ခရီးသွားလုပ်ငန်း၏ “ရေပန်းစား” ကျော်ကြားခြင်း၏ ဘက်စုံအကျိုးသက်ရောက်မှုသည် ဆက်တိုက် ထင်ပေါ်လာလျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းသည် ဟေးလုံကျန်းပြည်နယ် ပြန်လည်ရှင်သန်အားကောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဂျင်ဖြစ်လာလျက်ရှိရာ “အေးခဲအရင်းအမြစ်များ” သည် “တက်ကြွသောစီးပွားရေး” အဖြစ် ဆက်တိုက်ပြောင်းလဲလျက်ရှိသည်ဟု ပညာရှင်များက ယူဆကြသည်။ (Xinhua)

“တရုတ်နိုင်ငံ ဆီးနှင်းရွာလေး(ရွဲရှန်း)” ရှုခင်းသာနေရာ၏ ညပိုင်း မြင်ကွင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလက တွေ့ရစဉ် (ဆင်ဟွာ)

………………………………………
(Chinese Version)
“中国冰雪之冠”打造世界级冰雪旅游胜地
新华社哈尔滨11月9日电 题:“中国冰雪之冠”打造世界级冰雪旅游胜地
新华社记者李建平、戴锦镕
立冬时节,被誉为“中国冰雪之冠”的黑龙江省宣布,今冬将依托独特的冰雪旅游资源、深厚的文化底蕴和热情周到的服务,全力打造世界级冰雪旅游胜地。
黑龙江省文化和旅游厅厅长何晶说,黑龙江省是全球重要的冰雪旅游目的地,拥有全谱系冰雪旅游和冰雪经济产业体系。去年冰雪季,黑龙江火了,“我们一直在思考如何让热度延续,同时向更多领域、更大范围扩展”。
相较去年,黑龙江省今年不断升级冰雪文旅产品供给,推出“逐梦亚冬”“两极之巅”“边境风情”“红色印记”“黑土年味”“北境康养”“燃情户外”“冰雪研学”八大类主题旅游产品,并升级了“哈尔滨—亚布力—雪乡—牡丹江”冰雪旅游大环线等。
作为黑龙江省乃至中国的一张冰雪旅游“名片”,今冬哈尔滨冰雪大世界的整体面积由81万平方米扩至100万平方米,预计将再次刷新吉尼斯世界纪录,超越其保持的“世界最大冰雪主题乐园”称号。
为方便更多海外游客,黑龙江省将增开香港以及东南亚和东北亚境外航线,开通7条省内支线串飞航线,哈尔滨机场二跑道预计明年1月投入使用;开行北京直达亚布力滑雪专列,可实现夕发朝至。
“早上好,鼓捣猫宁(Good Morning中文谐音)。”近期,哈尔滨市出租车司机“突击”学英语的视频在网上广泛传播。随着第九届亚洲冬季运动会和冰雪旅游热潮临近,哈尔滨也变身“国际滨”,做好十足准备迎接中外游客。
“从出租车司机为更好服务亚冬会和中外宾客自学英语,到景区、酒店等场馆软硬件设施改造升级,黑龙江省的冰雪旅游、体育赛事与多元文化正在深度融合发展。”黑龙江省文化和旅游厅副厅长齐斌说。
去年哈尔滨因“宠客”引发海内外关注。今冬,黑龙江省将多举措为游客提供更畅快的旅游体验、更安全的旅游环境和更独特的情绪价值。
眼下,在中俄边境城市黑河,不少俄罗斯游客“组团”来这里逛早市、吃早餐、消费购物。随着跨国旅游不断火热,黑龙江省采取多项措施为外国游客入境游提供便利。
“比如,考虑到海外游客主要是经哈尔滨入境,我们在哈尔滨中央大街设立了国际旅游集散中心,集旅游咨询、旅游商品展示、箱包寄存与转运、重点景区接驳等功能于一体,近期将向各国游客开放。”黑龙江省文化和旅游厅副厅长于峰说。

黑龙江省还不断提升接待能力和服务质量。目前,全省三星级以上饭店、4A级以上旅游景区等布设1391个外卡POS机、70个外币兑换点和ATM机,确保入境游客支付便利。同时,省内重点景区线上预约程序提供英文、俄文界面,完善景点多语种文字标识,提高旅游服务人员外语水平。
专家认为,还有不到100天,第九届亚洲冬季运动会将在哈尔滨举办,冰雪旅游“火爆”出圈的综合效应正不断凸显,旅游业正成为黑龙江振兴发展的引擎,“冷资源”正向“热经济”持续转化。
图说1:这是2024年1月哈尔滨冰雪大世界景观。新华社记者石枫 摄
图说2: 这是2024年1月“中国雪乡”景区夜景。新华社记者刘赫垚 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.