Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘရာဇီးနိုင်ငံ သမ္မတ လူလာ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘရာဇီးနိုင်ငံ သမ္မတ လူလာ တို့ ဘရာဇီးလီယားမြို့ရှိ သမ္မတအိမ်တော်တွင် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဘရာဇီးလီယား၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ သမ္မတ လူလာ နှင့် ဘရာဇီးလီယားမြို့ရှိ သမ္မတအိမ်တော်တွင် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဘရာဇီး သံတမန် ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် ယခုလို အရေးကြီး သမိုင်းအနက်အဓိပ္ပါယ်ရှိသည့်နှစ်တွင် ဘရာဇီးနိုင်ငံသို့ အလည်အပတ်ခရီးစဉ် လာရောက်ရသည့်အတွက် အလွန်ဝမ်းသာမိကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ်သည် မိမိအနေဖြင့် ဘရာဇီးသို့ ၅ ကြိမ်မြောက် လာရောက်လည်ပတ်ခြင်း ဖြစ်ပြီး ဘရာဇီးသည်လည်း မိမိ၏ အလည်အပတ်ခရီးသွားမှုအများဆုံး လက်တင်အမေရိကန်နိုင်ငံ ဖြစ်ရာ မိမိအနေဖြင့် မိတ်ဆွေဟောင်း သမ္မတ လူလာနှင့် ဘရာဇီး အစိုးရ၏ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုဧည့်ခံမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

အဆွေတော် သမ္မတ၏ ဦးဆောင်မှုအောက်တွင် ဘရာဇီးနိုင်ငံ၏ လူမှုစီးပွားကဏ္ဍသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ ထိပ်တန်း စီးပွားရေးနိုင်ငံ ၁၀ ခုစာရင်းတွင် ပြန်လည်ပါဝင်လာခဲ့ကြောင်း၊ G20 ခေါင်းဆောင်များ ရီယိုဒီဂျနေးရိုး ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီး “ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့” ကို စတင်ခဲ့ကြောင်း၊ ထို့အပေါ် မိမိအနေဖြင့် ဂုဏ်ပြုအပ်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နှင့် ဘရာဇီးသည် အရှေ့ကမ္ဘာလုံးခြမ်းနှင့် အနောက်ကမ္ဘာလုံးခြမ်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ကြကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကို ပြန်ပြောင်းကြည့်လျှင်၊ တရုတ်-ဘရာဇီး ဆက်ဆံရေးသည် တောတောင်ရေမြေ ပင်လယ်သမုဒ္ဒရာကို ကျော်ဖြတ်ကာ ဖွံ့ဖြိုးဆဲနိုင်ငံကြီးများ၏ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းပြီး ချစ်ကြည်ရင်းနှီးမှု ရှိသည့် မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းကို ရှာဖွေခဲ့ကြကြောင်း၊ ဘရာဇီးနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပထမဆုံး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်သည့်နိုင်ငံ၊ ပထမဆုံး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနိုင်ငံ တည်ထောင်သည့် လက်တင်အမေရိကနိုင်ငံ ဖြစ်ကြောင်း၊ ယခုနှစ်များ၌ မိမိနှင့် အဆွေတော် သမ္မတ၏ မဟာဗျူဟာ လမ်းညွှန်မှု အောက်တွင် နှစ်နိုင်ငံသည် တစ်နေ့တခြား အနာဂတ်ကိုမျှဝေကြသော ယုံကြည်အားထားရာ မိတ်ဆွေ၊ ငြိမ်းချမ်းရေးကို အတူတကွ တွန်းအားပေးသည့် အပေါင်းလက္ခဏာအင်အား ဖြစ်လာရာ တရုတ်-ဘရာဇီး ဆက်ဆံရေးသည် သမိုင်းတွင် အကောင်းဆုံးကာလ၌ တည်ရှိနေပါကြောင်း၊ ယနေ့ မိမိသည် အဆွေတော်သမ္မတနှင့်အတူ တရုတ်-ဘရာဇီး ဆက်ဆံရေး တည်နေရာကို ပို၍ တရားမျှတသောကမ္ဘာနှင့် ပို၍ စဉ်ဆက်မပြတ်တည်တံ့သောဂြိုဟ်အား အတူလက်တွဲ တည်ဆောက်မည့် တရုတ်-ဘရာဇီး အေးအတူ ပူအမျှ အသိုက်အဝန်းသို့ အဆင့်မြှင့်တင်သွားမည် ၊ တစ်ချိန်တည်းတွင် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက် အတူတည်ဆောက်ရေးနှင့် ဘရာဇီး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်သွားမည်ဟု ကြေညာလိုကြောင်း၊ ၎င်းမှာ တရုတ်-ဘရာဇီး ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ခြင်း၏ နောက်ထပ် သမိုင်းဝင်အချိန်အခါဖြစ်သလို နှစ်နိုင်ငံပြည်သူများ၏ မျှော်လင့်ချက်နှင့်လည်း ကိုက်ညီကြောင်း၊ နှစ်ဖက်အနေဖြင့် ကိုယ်စီ ခေတ်မီအသွင်ပြောင်းရေးအတွက် အထောက်အပံ့တွန်းအား ဖြစ်မည့် တစ်ချိန်တည်းတွင်ပင် တရုတ်-ဘရာဇီး နှစ်နိုင်ငံလက်တွဲ၍ နိုင်ငံတကာတရားမျှတမှုအား ကာကွယ်ထိန်းသိမ်းခြင်း၊ ကမ္ဘာ့ဘုံဖွံ့ဖြိုးတိုးတက်ရေး သန္နိဋ္ဌာန်အား မြှင့်တင်ခြင်းကို ထင်ရှားစွာ ပြသခဲ့သည်။
ဘောလုံးဘုရင် ပီလီက “အလှပဆုံးသွင်းဂိုးက နောက်သွင်းဂိုးပါပဲ” ဟု ဆိုသကဲ့သို့ပင် တရုတ်-ဘရာဇီး ဆက်ဆံရေး ပိုမို ပြောင်မြောက်သည့် အခန်းကဏ္ဍမှာလည်း အနာဂတ်တွင် ရောက်ရှိလာမည်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံနှင့်အတူ လူသားမျိုးနွယ် အနာဂတ်ရှေ့ရေးကို ရင်ဝယ်ထား၍ ပြည်သူများ၏အကျိုးစီးပွားကို အမှတ်ရကာ ခေတ်သစ်ကာလ တရုတ်-ဘရာဇီးဆက်ဆံရေး အနက်အဓိပ္ပါယ်များ စဉ်ဆက်မပြတ် ဖြည့်တင်းသွားလိုကြောင်း၊ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေသည့် “ရွှေလက်တွဲဖော်” အဖြစ် ဆောင်ရွက်ကာ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ ပို၍ တရားမျှတသော ကမ္ဘာကြီးနှင့် ပို၍ စဉ်ဆက်မပြတ်ဖြစ်သောဂြိုဟ် တည်ဆောက်ရေး ရည်မှန်းချက်ကို မျက်နှာမူ၍ အဆက်မပြတ် လျှောက်လှမ်းကာ လူသားမျိုးနွယ် ငြိမ်းချမ်းရေးနှင့် တိုးတက်ရေး လုပ်ငန်းအတွက် တရုတ်-ဘရာဇီး နှစ်နိုင်ငံက ပိုမို ကြီးမားသော အကျိုးကို ဆောင်ကြဉ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘရာဇီးနိုင်ငံ သမ္မတ လူလာ တို့ ဘရာဇီးလီယားမြို့ရှိ သမ္မတအိမ်တော်တွင် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)
习近平同巴西总统卢拉举行会谈
新华社巴西利亚11月20日电 当地时间11月20日上午,国家主席习近平在巴西利亚总统官邸同巴西总统卢拉举行会谈。
习近平指出,很高兴在中巴建交50周年这个具有重要历史意义的年份访问巴西。这是我第五次访问贵国,巴西也是我到访次数最多的拉美国家,我谨对老朋友卢拉总统和巴西政府的热情接待表示衷心感谢。在总统先生领导下,巴西经济社会稳步发展,重返全球前十大经济体行列。二十国集团领导人里约热内卢峰会成功召开,并启动“抗击饥饿与贫困全球联盟”,我对此表示祝贺。
中国和巴西是东西半球两大发展中国家。回首过去50年,中巴关系跨越山海,探索出发展中大国相互尊重、互利友好的正确相处之道。巴西是首个同中国建立战略伙伴关系的国家、首个同中国建立全面战略伙伴关系的拉美国家。近年来,在我和总统先生的战略引领下,两国日益成为命运与共的可靠朋友、共促和平的积极力量,中巴关系正处于历史最好时期。今天,我愿同总统先生共同宣布,将中巴关系定位提升为携手构建更公正世界和更可持续星球的中巴命运共同体,同时将共建“一带一路”倡议同巴西发展战略对接。这是中巴关系发展的又一个历史性时刻,符合两国人民普遍期待,将为双方推进各自现代化提供动力支撑,同时也彰显了中巴携手维护国际公平正义、促进世界共同发展的决心。   球王贝利说:“最精彩的进球是下一个。”中巴关系更精彩的篇章也在未来。中国愿同巴西一道,以人类前途为怀、以人民福祉为念,不断丰富新时代中巴关系内涵,做相互成就的“黄金搭档”,朝着构建人类命运共同体、构建更公正世界和更可持续星球的目标不断迈进,为人类和平和进步事业作出更大的中巴贡献。(完)
1. 当地时间11月20日上午,国家主席习近平在巴西利亚总统官邸黎明宫同巴西总统卢拉举行会谈。新华社记者 李学仁 摄