Connect with us

North America

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်၌ ပြုလုပ်သည့် ပါတီတွင်းသမ္မတလောင်းရွေးချယ်ပွဲအတွက် ဒေါ်နယ်ထရမ့် ပယ်ချခံရသောကြောင့် အယူခံဝင်မည်

ချီကာဂို၊ မတ် ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ ၂၀၂၄ ခုနှစ်သမ္မတရွေးကောက်ပွဲတွင် အီလီနွိုက်ပြည်နယ်၏ ပါတီတွင်းသမ္မတလောင်းရွေးချယ်ပွဲအတွက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား အမည်ပယ်ဖျက်ရန် ကွတ်ခ်ကောင်တီမှ တရားသူကြီးတစ်ဦးက ဖေဖော်ဝါရီ ၂၈ ရက်တွင် စီရင်ချက်ထုတ်ပြန်ခဲ့သောကြောင့် ဒေါ်နယ်ထရမ့်က အယူခံဝင်မည်ဖြစ်ကြောင်းသိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက် က “ Capitol လွှတ်တော်အတွင်း အဓိကရုဏ်း” ဆူပူအုံကြွမှုတွင် ဒေါ်နယ်ထရမ့် ပါဝင်ခဲ့သောကြောင့် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ၁၄ကြိမ်မြောက် ပြင်ဆင်ချက် ပုဒ်မ ၃ “ဆူပူအုံကြွသူများ တားမြစ်ချက်” အရ အီလီနွိုက်ပြည်နယ် ရွေးကောက်ပွဲ အေဂျင်စီက ဒေါ်နယ်ထရမ့်အား ၎င်းပြည်နယ်၏ပါတီတွင်း သမ္မတလောင်းရွေးချယ်ပွဲမှ “အမည်ပယ်ဖျက်” မည်ဟု တရားသူကြီးက သုံးသပ်သည်။ ထရမ့် မဲဆွယ်စည်းရုံးရေး ပြောရေးဆိုခွင့်ရှိသူက အီလီနွိုက်ပြည်နယ်၊ ကွတ်ခ်ကောင်တီရှိ တရားသူကြီး၏ စီရင်ချက်သည် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကြောင်းနှင့်လျင်မြန်စွာ အယူခံဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
新华简讯|失去伊利诺伊州初选资格 特朗普将上诉
新华社芝加哥2月29日电 美国伊利诺伊州库克县法官28日作出裁决,剥夺前总统特朗普参与美国2024年总统选举该州初选的资格。特朗普方面将上诉。
该法官认为,特朗普因参与了2021年1月6日“国会山骚乱”这场“叛乱”,根据美国宪法第十四修正案第三款即“叛乱者禁令”,伊利诺伊州选举机构须将特朗普从该州初选中“除名”。特朗普竞选团队发言人说,伊利诺伊州库克县法官的裁决违反美国宪法,他们将迅速上诉。(完)