Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ရှိ အထပ်မြင့်အဆောက်အအုံ မီးလောင်မှုကြောင့် လူ ၄၃ ဦးထက်မနည်းသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ အဆောက်အအုံမီးလောင်မှုအား ငြှိမ်းသတ်နေသော မီးသတ်သမားများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ မတ် ၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ အထပ်မြင့်အဆောက်အအုံတစ်ခု ဖေဖော်ဝါရီ ၂၉ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၄၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးနှင့် မိသားစုဘဝဖူလုံရေးရာဝန်ကြီး Samanta Lal Sen က အဆိုပါ လူသေဆုံးမှုကို မတ် ၁ ရက် အစောပိုင်းက အတည်ပြုခဲ့သည်။ ထို့ပြင် သေဆုံးသူ ၃၃ ၏ ရုပ်အလောင်းများကို ဒါကာဆေးကောလိပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အခြားသေဆုံးသူ ၁၀ ဦးကိုမူ ဒါကာမြို့ရှိ Sheikh Hasina National Institute of Burn and Plastic Surgery ဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း ဝန်ကြီးက ဆိုသည်။

အခင်းဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးသမားများ လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီ ၂၉ ရက် ဒေသစံတော်ချိန် ည ၉:၃၀ နာရီခန့်က မီးလောင်မှုသတင်း လက်ခံရရှိပြီးနောက် မီးသတ်သမားများကို စေလွှတ်ခဲ့ကြောင်း၊ ယင်းနေရာသို့ အနည်းဆုံး မီးသတ်ဌာန ၁၂ ခုချက်ချင်းရောက်ရှိသွားခဲ့ကာ ည ၁၁:၃၀ နာရီခန့်က မီးငြိမ်းသွားခဲ့ကြောင်း Islam က ပြောခဲ့သည်။ (Xinhua)

……………………………………
(English Version)
At least 43 dead as devastating blaze rips through high-rise building in Bangladeshi capital
DHAKA, March 1 (Xinhua) — At least 43 people were killed Thursday night after a devastating fire tore through a high-rise building in the Bangladeshi capital of Dhaka.
Minister of Health and Family Welfare of Bangladesh Samanta Lal Sen told Xinhua early Friday that they had confirmed the deaths. The minister said 33 bodies were brought to the Dhaka Medical College Hospital and 10 others to the Sheikh Hasina National Institute of Burn and Plastic Surgery in Dhaka.
Islam said rescuers were working at the site. He said they sent the firefighters after receiving information about the fire around 9:30 p.m. Thursday local time. At least 12 firefighting units rushed to the spot and doused the fire at about 11:30 p.m.
Photo: Firefighters battle a fire raging on a building in Dhaka, Bangladesh, on Feb. 29, 2024. (Xinhua)