Connect with us

China

သိပ္ပံနှင့်နည်းပညာဖြင့် မသန်စွမ်းသူများအား ကူညီစောင့်ရှောက်ပေး

အီလက်ထရွန်နစ်လမ်းပြခွေး နှင့် လမ်းပြခွေးတို့ မတ် ၁၃ ရက်က Hui’ai သိပ္ပံနှင့် နည်းပညာပြပွဲတွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

အဆိုပါနေ့တွင် ပေကျင်းမသန်စွမ်းသူများအသင်းချုပ်မှ”သိပ္ပံနှင့်နည်းပညာဖြင့် အနာဂတ်ကိုအကျိူးခံစား” ဟုအမည်ပေးထားသော ပထမဆုံးကြိမ် Hui’ai သိပ္ပံနှင့် နည်းပညာပြပွဲကို ပေကျင်းမသန်စွမ်းသူများ ဝန်ဆောင်မှု သရုပ်ပြစင်တာတွင် မတ် ၁၃ ရက်က တာဝန်ယူဖွင့်လှစ်ခဲ့သည်။
အီလက်ထရွန်နစ် လမ်းပြခွေး၊ အိမ်တွင်းအတားအဆီးမဲ့ လမ်းကြောင်းပြစနစ်၊ AI ဒစ်ဂျစ်တယ် လက်ဟန်ပြဘာသာစကားသရုပ်ဖော်သူ၊ အိတ်ဆိုစကယ်လီတန်ခေါ် ခန္ဓာပြင်ပ အရိုးဘောင်စက်ရုပ်၊ ဦးနှောက်-ကွန်ပြူတာကြားခံ ပြန်လည်သန်စွမ်းရေးနည်းပညာနှင့် စမတ်စက်လက်များအပါအဝင် တရုတ်နိုင်ငံအဆင့်မြင့်နည်းပညာသုံး မသန်စွမ်းထုတ်ကုန် အမျိုးအစား ၂၀ ကျော်ကို သိပ္ပံနှင့်နည်းပညာပြပွဲတွင် ပြသခဲ့ကြောင်း သိရသည်။ (Xinhua)

ဦးနှောက်-ကွန်ပြူတာကြားခံနည်းပညာသုံး ပြန်လည်သန်စွမ်းရေး ကိရိယာအား မတ် ၁၃ ရက်တွင် ပြပွဲတက်ရောက်ခဲ့သောကုမ္ပဏီမှ ဝန်ထမ်းက သရုပ်ပြနေစဉ် (ဆင်ဟွာ)

လက်ဟန်ပြဘာသာစကား ဘာသာပြန်စနစ်ကို မတ် ၁၃ ရက်တွင် ပြပွဲတက်ရောက်ခဲ့သောကုမ္ပဏီမှ ဝန်ထမ်းက သရုပ်ပြနေစဉ် (ဆင်ဟွာ)

နေရာရွှေ့ပြောင်းရာတွင် ကူညီပေးသောစက်ရုပ်အား မတ် ၁၃ ရက်၌ ပြပွဲတက်ရောက်ခဲ့သောကုမ္ပဏီမှ ဝန်ထမ်းက သရုပ်ပြနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် စမတ်ပြန်လည်သန်စွမ်းရေး ကိရိယာအား မတ် ၁၃ ရက်တွင် ပြပွဲတက်ရောက်ခဲ့သောကုမ္ပဏီမှ ဝန်ထမ်းက သရုပ်ပြနေစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
科技赋能 关爱残障人士
新华社照片,北京,2024年3月13日
当日,由北京市残疾人联合会主办的“科技赋能 畅享未来”首届汇爱科技展在北京市残疾人服务示范中心开幕。电子导盲犬、室内无障碍导航系统、AI数字手语人、外骨骼机器人、脑机接口康复技术、智能机械手等二十余种国产高新科技助残产品在科技展上进行了展示。
图说1:3月13日,在汇爱科技展上,“电子导盲犬”与导盲犬相遇。
图说2:3月13日,参展企业的工作人员在展会上展示应用脑机接口技术的康复设备。
图说3:3月13日,参展企业的工作人员在展会上展示语音手语翻译系统。
图说4:3月13日,参展企业的工作人员在展会上展示一款辅抱式移位机器人。
图说5:3月13日,参展企业的工作人员在展会上展示一款国产智能康复设备。