Connect with us

China

နိုင်ငံတကာအပျော်စီးသင်္ဘောက ကမ္ဘာလှည့်ခရီးသည် ၁,၁၀၀ ကျော် တင်ဆောင်လျက် တရုတ်နိုင်ငံ ထျန်းကျင်းသို့ ဆိုက်ကပ်လာ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းမြို့ရှိ Tianjin International Cruise Home ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော၊ Holland America Line ကုမ္ပဏီမှလုပ်ကိုင်သည့် Zuiderdam အပျော်စီးသင်္ဘောကို ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

Holland America Line ကုမ္ပဏီမှ လုပ်ကိုင်သော Zuiderdam အပျော်စီးသင်္ဘောသည် နိုင်ငံနှင့် ဒေသ ၃၀ မှ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁,၁၀၀ ကျော် တင်ဆောင်လျက် တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းမြို့ရှိ Tianjin International Cruise Home ဆိပ်ကမ်းသို့ မတ် ၁၁ ရက် နံနက်ပိုင်းက ဆိုက်ကပ်လာခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းမြို့ရှိ Tianjin International Cruise Home ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော၊ Holland America Line ကုမ္ပဏီမှလုပ်ကိုင်သည့် Zuiderdam အပျော်စီးသင်္ဘောကို ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အလျား ၂၈၅ မီတာနှင့် အကျယ် ၃၂ မီတာရှိသော အဆိုပါ သင်္ဘောသည် ထျန်းကျင်းသို့ လာရောက်သည်မှာ ပထမဆုံးဖြစ်ကာ အချိန် နှစ်ရက်နှင့် တစ်ည ရပ်နားမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် ပေကျင်း၊ ထျန်းကျင်းနှင့် ရှီးအန်း စသည့်မြို့များသို့ သွား‌ရောက်လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ အကြီးဆုံးပင်လယ်ကူးသင်္ဘောဆိုက်ကပ်ရာဆိပ်ကမ်းဖြစ်သည့်အားလျော်စွာ Tianjin International Cruise Home ဆိပ်ကမ်းတွင် ယခုနှစ်အတွင်း အပျော်စီးသင်္ဘော ၁၆ စင်း ဆိုက်ကပ်ခဲ့ပြီး ခရီးသွားဧည့်သည် ၅၀,၀၀၀ ဝင်ရောက်ခဲ့ကြောင်း Tianjin International Cruise Home ကုမ္ပဏီလီမိတက် ဒုတိယအထွေထွေမန်နေဂျာ Dong Zichen က ပြောကြားခဲ့သည်။ “ထျန်းကျင်းမှာ အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာတာ ကျွန်တော်တို့ တော်တော်ကောင်းစိတ်ချရပါပြီ” ဟု Dong က ဆိုသည်။ (Xinhua)

………………………….
(English Version)
Int’l cruise ship carrying over 1,100 tourists arrives in China’s Tianjin
TIANJIN, March 12 (Xinhua) — Cruise ship Zuiderdam, operated by Holland America Line, docked at Tianjin International Cruise Home Port in north China’s port city of Tianjin, on Monday morning, with over 1,100 tourists from 30 countries and regions aboard.
This marks the maiden visit of the cruise ship, measuring 285 meters in length and 32 meters in width, to Tianjin, where it will stay for two days and one night. The passengers will go sightseeing in the cities of Beijing, Tianjin and Xi’an.
As the largest cruise home port in north China, Tianjin International Cruise Home Port has welcomed 16 cruise ships and seen 50,000 tourist visits so far this year, according to Dong Zichen, deputy general manager of Tianjin International Cruise Home Port Co., Ltd. “We are quite optimistic about the recovery of the cruise tourism industry in Tianjin,” Dong said.
Photo 1, 2: A drone photo taken on March 11, 2024 shows cruise ship Zuiderdam, operated by Holland America Line, docking at Tianjin International Cruise Home Port in north China’s port city of Tianjin.(Xinhua)