Connect with us

China

တရုတ်နိုင်ငံက လူသား ဒီမိုကရေစီ ထွန်းကားရေး အတွက် ပံ့ပိုးကူညီမှု အသစ်များ ပြုလုပ်ရေးအတွက် အခြားနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် လူသားတစ်ရပ်လုံး၏ ဘုံစံတန်ဖိုးကို ရှေ့တန်းတင်မည်ဖြစ်ကြောင်း၊ အပြန်အလှန်လေးစားမှုကိုအခြေခံကာ ဒီမိုကရေစီနှင့် အခြားကိစ္စရပ်များတွင် အပြန်အလှန် ဖလှယ်မှုများ ပြုလုပ်သွားပြီး လူသား ဒီမိုကရေစီ ထွန်းကားရေး အတွက် ပံ့ပိုးကူညီမှု အသစ်များ ပြုလုပ်ရန် နိုင်ငံအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်း က မတ် ၁၃ ရက်တွင် ပြောသည်။
ယခုသီတင်းပတ်တွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ရရှိခဲ့သည့် တရုတ်ပြည်လုံးဆိုင်ရာ အစည်းအဝေးကြီးနှစ်ရပ်သည် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ကြောင်း၊ အဆိုပါ အစည်းအဝေးကြီးနှစ်ရပ်သည် တရုတ်နိုင်ငံ၏ ဒီမိုကရေစီကို လေ့လာနားလည်သဘောပေါက်ရန် ပြင်ပလောကအတွက် အရေးကြီးသော ပြတင်းပေါက်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ပြည်သူ့ဒီမိုကရေစီ လုပ်ငန်းစဉ်တစ်ခုလုံး၏ စိတ်အားထက်သန်မှုနှင့် တက်ကြွမှုကို ထင်ဟပ်စေကြောင်း နိုင်ငံတကာမှ လူအများအပြားက ပြောကြားကြသည်ကို မိမိတို့ သတိပြုမိပါကြောင်း၊ ထိုအပေါ်မည်သို့သုံးသပ်ပြောကြားလိုပါသနည်း ဟု အဆိုပါနေ့၌ ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည်လုံးဆိုင်ရာ အစည်းအဝေးကြီးနှစ်ရပ်သည် ပြည်သူ့ဒီမိုကရေစီ လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို မီးမောင်းထိုးပြပြီး နက်ရှိုင်းစွာ အကောင်အထည်ဖော်ဆောင်ရွက်သည့် အရေးကြီးသော ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း ဝမ်ဝန်ပင်း က ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တည်ထောင်ခြင်း နှစ် ၇၀ ပြည့် နှင့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည် ဖြစ်ကြောင်း အလွှာပေါင်းစုံမှ NPC ကိုယ်စားလှယ်များနှင့် CPPCC အဖွဲ့ဝင် ၅၀၀၀ နီးပါးသည် ပေကျင်းတွင် စုဝေးရောက်ရှိခဲ့ကြပြီး ပါတီနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ ထိပ်တန်းအဆင့် ဒီဇိုင်းတွင် လူဦးရေ ၁.၄ ဘီလီယံကျော်၏ အတွေးအမြင်များနှင့် မျှော်မှန်းချက်များကို ဆက်လက် ပေါင်းစည်းသွား မည်ဖြစ်ပြီး ပြည်သူ့ဒီမိုကရေစီ လုပ်ငန်းစဉ်ကြီးတစ်ခုလုံး၏ ခိုင်မာသော အားကောင်းမှုကို မီးမောင်းထိုးပြလျက်ရှိကြောင်း ၎င်းကပြောဆိုခဲ့ပါသည်။
အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ပါတီ၏ (၁၈) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တစ်လျှောက် နှစ်စဉ်နှစ်တိုင်း တစ်ပြည်လုံးဆိုင်ရာ အစည်းအဝေးကြီးနှစ်ရပ်တွင် ကော်မတီဝင်ကိုယ်စားလှယ်များနှင့်အတူ လေးနက်သော အပြန်အလှန် နက်ရှိုင်းစွာ ညှိနှိုင်းဆွေးနွေးမှုများ၊ နိုင်ငံရေးရာဆွေးနွေးမှုများ ပြုလုပ်ပြီး အဖွဲ့လိုက်ဆွေးနွေးမှုပွဲများ စုစုပေါင်း ၅၉ ကြိမ် တက်ရောက်ခဲ့ကြောင်း ဝမ်ဝန်ပင်း က ပြောသည်။ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ပြည်သူ့ဒီမိုကရေစီကျင့်စဉ် လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ဦးဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် နားထောင်ကာ လူထု၏ ဉာဏ်ပညာကို စုစည်းပေးကြောင်း ဝမ်ဝန်ပင်း က ပြောကြားခဲ့သည်။

ယခုနှစ် အစိုးရလုပ်ငန်း အစီရင်ခံစာ ရေးဆွဲရေး လုပ်ငန်းစဉ်တွင် ပြည်သူလူထု၏ သဘောထားကို အပြည့်အဝ ထင်ဟပ်ပြီး အခြေခံလူတန်းစားများ၊ လူထုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အလေးထားမှုကို တုံ့ပြန်ရန် “မူဝါဒနည်းလမ်းများကို တံခါးဖွင့်မေးမြန်ကာ အများအကျိုးဖြစ်ထွန်းရေး အများအမြင်ကိုစုစည်းပေးခြင်း” ဟူသော မူကို အလေးအနက်လက်ကိုင်ကျင့်သုံးခဲ့ကြောင်း ဝမ်ဝန်ပင်း က ပြောသည်။ စာရင်းဇယားများအရ အစီရင်ခံစာကို ပြန်လည်ပြင်ဆင်ရာတွင် တိုက်ရိုက်ပါဝင်သူ ၁၀,၀၀၀ ခန့်ရှိကြောင်း၊ အစီရင်ခံစာမူကြမ်းပုံပေါ်လာပြီးနောက် ဒေသအသီးသီး၊ ဌာနအသီးသီး၊ ဌာနများနှင့် လူ့အဖွဲ့အစည်း၏ ကဏ္ဍအသီးသီးသို့ သဘောထားကောက်ခံစာများဖြန့်ဝေခဲ့ပြီး မှတ်ချက်များနှင့် နှင့် အကြံပြုချက်ပေါင်း ၁၁၀၀ ကျော်ကိုစိစစ်ခဲ့ကြောင်း၊ ထို့အပြင် အွန်လိုင်းမီဒီယာပလက်ဖောင်းတွင် နိုင်ငံပေါင်း ၄၀ ကျော်မှ အင်တာနက်သုံးစွဲသူများ၏ သန်းနှင့်ချီသော အကြံပြုချက်များကို စုစည်းပြီး ရွေးချယ်ထားသော အကြံပြုချက်များအား မူကြမ်းရေးဆွဲရေးအဖွဲ့ထံ ထပ်ဆင့်ပေးပို့ခဲ့ကြောင်း၊ထိုသို့ ပြည်သူနှင့် နီးကပ်စွာ ပြည်သူ့သဘောထားစုစည်းကောက်ခံသည့် အစိုးရလုပ်ငန်းစဉ် မူကြမ်းရေးဆွဲမှု ပြည့်သူ့သဘောဆန္ဒကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ထိပ်တန်းအဆင့် ဒီဇိုင်းရေးဆွဲမှုတွင် ပေါင်းစည်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်သည် လုပ်ငန်းစဉ်တစ်ခုလုံး ပြည်သူ့ဒီမိုကရေစီ ဖြစ်ရေးကို တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြရာ ပြည်သူလူထုနှင့် အနီးကပ်ဆက်သွယ်ခဲ့ကြကြောင်း၊ အထူးသုတေသနပြုခြင်း၊ ဗီဒီယိုဖြင့်ဆက်သွယ်ခြင်း၊ သွားရောက်တွေ့ဆုံမေးမြန်းခြင်းစသည့် နည်းလမ်းများဖြင့် ပြည်သူလိုအပ်ချက်များကို ပြည်သူသို့ မေးမြန်စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း ဝမ်ဝန်ပင်း က ပြောကြားခဲ့သည်။ ယခုနှစ်တွင် အထက်ပါနည်းလမ်းများဖြင့် ဆွေးနွေးမှုမူကြမ်းပေါင်း ၂၃၀ ရှိရာ ၎င်းမှာ စုစုပေါင်း ဆွေးနွေးမှုမူကြမ်း၏ ၇၇.၂ ရာခိုင်နှုန်းရှိကြောင်း၊ ဤ CPPCC အစည်းအဝေးတွင် အဆိုပြုချက် စုစုပေါင်း ၅,၈၉၈ ခု လက်ခံရရှိခဲ့ကြောင်း၊ အဆိုပြုချက်၊ အစည်းအဝေး မိန့်ခွန်း၊ လူမှုအဖွဲ့အစည်းကို ထင်ဟပ်နိုင်သည့် ပြည်သူ့ ဆန္ဒသဘောထား အချက်အလက်များဖြင့် ပြည်သူ့နိုင်ငံရေးအဖြစ် CPPCC ၏ အားသာချက်ကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပြည်သူ့ဒီမိုကရေစီကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ ဥာဏ်ပညာနှင့် ဘုံသဘောထားကို စုစည်းပြီး ယုံကြည်ချက်နှင့် အင်အားကို လက်ဆင့်ကမ်းပေးခဲ့ရာ တိုင်းပြည်နှင့် ပြည်သူ့တာဝန်သိစိတ်ကို ပြသနိုင်ခဲ့ကြောင်း ဝမ်ဝန်ပင်း မှ ပြောကြားခဲ့သည်။

ဒီမိုကရေစီစနစ် အသုံးဝင်၏ အသုံးမဝင်၏ဆိုသည်မှာ ၎င်းထိရောက်မှုအပေါ်တွင် မူတည်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ အင်တာဗျူဖြေဆိုသူများသည် တရုတ်နိုင်ငံ၏ နိုင်ငံဆိုင်ရာ စီမံအုပ်ချုပ်မှု စွမ်းရည်အပေါ် ပျမ်းမျှ ထောက်ခံမှု ၉၀ရာခိုင်နှုန်း နီးပါးရှိသည်ဟု Institute of Contemporary China and the World မှ ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားကြောင်း ဝမ်ဝန်ပင်း မှ ဆိုသည်။ တရုတ်ပြည်သူများ၏ အစိုးရအပေါ် ကျေနပ်မှုသည် နှစ်စဉ်ဆက်တိုက် ၉၀ရာခိုင်နှုန်း အထက်တွင် ရှိနေကြောင်း ဟားဗတ်ကနေဒီကျောင်းမှ ဆယ်နှစ်ဆက်တိုက် တရုတ်နိုင်ငံ၌ ကောက်ယူခဲ့သော စစ်တမ်းရလဒ်များတွင် ပြသခဲ့သည်။ တရုတ်နိုင်ငံ၏ ဒီမိုကရေစီ စနစ်သည် လူပေါင်း ၁.၄ ဘီလီယံကျော်ကို ခေတ်မီအသွင်ပြောင်းမှု တည်ဆောက်ရေးတွင် ပါဝင်ရန် လှုံ့ဆော်ပေးပြီး စနစ်၏ အားသာချက်များကို နိုင်ငံဆိုင်ရာ စီမံအုပ်ချုပ်မှု ၏ ထိရောက်မှုအဖြစ် ပြောင်းလဲခဲ့ရာ ပြည်သူ့ဒီမိုကရေစီ လုပ်ငန်းစဉ်ကြီးတစ်ခုလုံးသည် “တရုတ်နိုင်ငံ၏ စီမံအုပ်ချုပ်မှု” အတွက် ခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်လာကြောင်း ဝမ်ဝန်ပင်း က ဆိုသည်။
“အနာဂတ်မှာ တရုတ်နိုင်ငံဟာ ပိုမိုကျယ်ပြန့်တဲ့၊ ပိုမိုပြည့်ဝပြီး ပိုမိုခိုင်မာတဲ့ ပြည်သူ့ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပြီး မိမိတို့က လူသားထုတစ်ရပ်လုံး၏ ဘုံစံတန်ဖိုးကို ရှေ့တန်းတင်မှာဖြစ်တယ်။ အပြန်အလှန်လေးစားမှုကိုအခြေခံကာ ဒီမိုကရေစီနှင့် အခြားကိစ္စရပ်များတွင် အပြန်အလှန် ဖလှယ်မှုများ ပြုလုပ်သွားပြီး လူသား ဒီမိုကရေစီ ထွန်းကားရေး အတွက် ပံ့ပိုးကူညီမှု အသစ်များ ပြုလုပ်ရန် နိုင်ငံအားလုံးနှင့် လက်တွဲဆောင်ရွက်သွားလိုတယ်”ဟု ဝမ်ဝန်ပင်း က ပြောကြားသည်။ (Xinhua)

……………………………………………
(Chinese Version)
外交部发言人:中国愿同各国共同为人类民主事业作出新贡献
新华社北京3月13日电(记者袁帅、马卓言)外交部发言人汪文斌13日表示,中国将弘扬全人类共同价值,愿同各国在相互尊重基础上,就民主等问题开展交流互鉴,共同为人类民主事业作出新的贡献。
当日例行记者会上,有记者问:本周,备受国际社会关注的全国两会顺利闭幕。我们注意到,许多国际人士表示,两会是外界观察和理解中国民主的重要窗口,体现了中国全过程人民民主的生机与活力。请问发言人对此有何评论?
汪文斌说,全国两会是集中反映和深入践行全过程人民民主的重要平台。今年正值全国人民代表大会成立70周年、中国人民政治协商会议成立75周年,来自各地各行各业近5000名人大代表、政协委员齐聚北京,将14亿多人民所思所盼不断融入党和国家发展顶层设计,凸显全过程人民民主的强大生命力。
汪文斌表示,党的十八大以来,每年全国两会,习近平总书记都同代表委员们深入交流、共商国是,共参加团组审议讨论59次。习近平总书记带头践行全过程人民民主,兼听广纳、汇聚众智。
汪文斌说,今年政府工作报告在起草过程坚持“开门问策、集思广益”,充分反映民心民意,回应基层、群众、企业的关切。据统计,直接参与报告修改的,大约有1万人。报告稿形成后,印发各地区各部门、各单位和社会各界征求意见,梳理出1100多条意见建议。此外,网络媒体平台还整理了来自40多个国家、数百万条的网民建议,并将精选建言转给起草组。接地气、汇民意的起草工作让老百姓所思所想融入国家发展的顶层设计和决策部署。
汪文斌表示,全国人大代表积极践行全过程人民民主,密切同人民群众的联系,灵活运用专题调研、视频、座谈、走访等方式问需于民、问计于民。今年,通过上述方式形成的议案有230件,占议案总数的77.2%。本次政协会议共收到提案5898件,通过提案、大会发言、反映社情民意信息等形式发挥人民政协作为专门协商机构的优势作用,践行发展全过程人民民主要求,把智慧和共识凝聚起来,把信心和力量传递出去,体现了为国履职、为民尽责的担当精神。
他说,民主管不管用,关键看效果。当代中国与世界研究院发布的报告显示,全球23国受访者对中国国家治理能力平均认可度接近九成。哈佛大学肯尼迪学院连续十多年在中国开展的民调结果显示,中国民众对政府满意度连年保持在90%以上。中国民主制度激发出14亿多人参与现代化建设的热情,制度优势转化为国家治理效能,全过程人民民主成为 “中国之治” 的坚实基础。
汪文斌说:“未来,中国将继续发展更加广泛、更加充分、更加健全的全过程人民民主。我们将弘扬全人类共同价值,愿同各国在相互尊重基础上,就民主等问题开展交流互鉴,共同为人类民主事业作出新的贡献。”(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.