Connect with us

China

တရုတ်နိုင်ငံ Chang’e-6 လကမ္ဘာသွား အာကာသယာဉ်အတွက် သယ်ဆောင်ရေးဒုံးပျံ လွှတ်တင်ရေးနေရာသို့ရောက်ရှိ

တရုတ်နိုင်ငံ ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (BACC) တွင် ဗီဒီယိုအန်နီမေးရှင်းပုံရိပ်မှတစ်ဆင့် Chang'e-5 အာကာသယာဉ်က လကမ္ဘာပေါ်ဆင်းသက်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးနေရာသို့ Chang’e-6 လကမ္ဘာသွားအာကာသယာဉ် ရောက်ရှိလာခဲ့ကြောင်း တရုတ်နိုင်ငံ အာကာသစီမံခန့်ခွဲမှုဌာန (CNSA) က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ လွှတ်တင်ရေးနေရာတွင် ရောက်ရှိနေပြီဖြစ်သော အာကာသယာဉ်နှင့်အတူ Long March-5 Y8 သယ်ဆောင်ရေးယာဉ်တို့ကို တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း ပြုလုပ်မည်ဖြစ်ကြောင်း CNSA က ဖြည့်စွက်ပြောခဲ့သည်။

Chang’e-6 လကမ္ဘာသွားအာကာသယာဉ်ကို ယခုနှစ် ပထမနှစ်ဝက်တွင် လွှတ်တင်ရန်စီစဉ်ထားကြောင်း၊ ထိုအာကာသယာဉ်သည် လကမ္ဘာ၏တစ်ဖက်စွန်းမှ နမူနာများကို စုဆောင်းရန် စီစဉ်ထားပြီး ယင်းမစ်ရှင်အမျိုးအစားသည် လူသားသမိုင်းကြောင်းတွင် ပထမဆုံးဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Chang’e-6 မစ်ရှင်၏ လပေါ်ဆင်းသက်ယာဉ်နှင့်အတူ ပြင်သစ်၊ အီတလီနှင့် ဥရောပအာကာသအေဂျင်စီ/ဆွီဒင်တို့ထံမှ သိပ္ပံပညာရပ်ဆိုင်ရာကိရိယာများ၊ ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်ပေါ်တွင် ပါကစ္စတန်နိုင်ငံ၏ ကုန်စည်တို့ကို ယူဆောင်သွားမည်ဖြစ်ကြောင်း CNSA က ကြေညာခဲ့သည်။

လက်ရှိတွင် အာကာသယာဉ်လွှတ်တင်ရေးနေရာ ပြင်ဆင်ရေးကို စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း အေဂျင်စီပြောကြားချက်အရ သိရသည်။(Xinhua)
……………………….
(English Version)

Carrier rocket for China’s Chang’e-6 lunar probe arrives at launch site
BEIJING, March 15 (Xinhua) — The carrier rocket for the Chang’e-6 lunar probe has arrived at the Wenchang Space Launch Center in south China’s Hainan Province, the China National Space Administration (CNSA) said on Friday.
The Long March-5 Y8 carrier vehicle will undergo assembly and testing at the launch site together with the lunar probe, which has already been transported to the site, the CNSA added.
Chang’e-6 lunar probe is scheduled for launch in the first half of this year. The probe is set to collect samples from the far side of the moon, marking a mission that will be the first of its kind in human history.
The CNSA announced that scientific instruments from France, Italy and the European Space Agency/Sweden will be onboard the lander of the Chang’e-6 mission, and a Pakistani payload on the orbiter.
At present, the preparatory work at the launch site is underway as planned, the agency said.
Photo: This image taken from video animation at Beijing Aerospace Control Center (BACC) on Dec. 2, 2020 shows Chang’e-5 spacecraft landing on the moon. (Xinhua/Jin Liwang)