Connect with us

China

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှု တရုတ်နိုင်ငံ နယ်စပ်ပြည်နယ်နှင့် နယ်သာလန်နိုင်ငံကို ချိတ်ဆက်ထား

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာအယ်ပင်းရှိ ဟာအယ်ပင်း အပြည်ပြည်ဆိုင်ရာကွန်တိန်နာစင်တာစခန်းမှ ထွက်ခွာရန်ပြင်ဆင်နေသော နိုင်ငံတကာကုန်တင်ရထား တစ်စင်းကို ၂၀၂၄ ခုနှစ် မတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာအယ်ပင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာအယ်ပင်းနှင့် နယ်သာလန်နိုင်ငံ Tilburg မြို့ကို ချိတ်ဆက်ထားသော နိုင်ငံတကာကုန်တင်ရထားလမ်းကြောင်းသစ်သည် နယ်စပ်ပြည်နယ်ရှိ မြို့နှင့် နယ်သာလန်နိုင်ငံကို ချိတ်ဆက်ထားသော ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထားလမ်းဝန်ဆောင်မှု ဖြစ်လာခဲ့သည်။

အမိုင်နိုအက်ဆစ် တန်ချိန် ၁,၃၀၀ ကို ကွန်တိန်နာ ၅၅ လုံးတွင် တင်ဆောင်ထားသော ကုန်တင်ရထားသည် ဟာအယ်ပင်း အပြည်ပြည်ဆိုင်ရာကွန်တိန်နာစင်တာစခန်းမှ မတ် ၁၄ ရက်က ထွက်ခွာလာခြင်းဖြင့် ယင်းဝန်ဆောင်မှုကို စတင်ဖွင့်လှစ်ခဲ့ကြောင်း China Railway Harbin Group ကုမ္ပဏီလီမိတက်ထံမှ သိရသည်။
အဆိုပါရထားသည် Manzhouli ဆိပ်ကမ်းမှတစ်ဆင့် ၁၀,၂၅၇ ကီလိုမီတာအထိ ခရီးပြုမည်ဖြစ်ကာ အချိန် ၁၅ ရက်အကြာတွင် Tilburg မြို့သို့ ဆိုက်ကပ်မည်ဖြစ်သည်။

“ရေကြောင်းတင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ကုန်တင်သင်္ဘောသစ်ဝန်ဆောင်မှုက ကုန်ပစ္စည်းတင်ပို့မှုကြာချိန်ကို သုံးပုံနှစ်ပုံအထိ လျှော့ချပေးမှာဖြစ်သလို ခရီးအကွာအဝေးကိုလည်း ထက်ဝက်လောက်‌လျှော့ချပေးမှာဖြစ်ပါတယ်” ဟု ကွန်တိန်နာစခန်း အကြီးအကဲ လျန်ချွမ်းက ပြောခဲ့သည်။

တရုတ်-ဥရောပကုန်တင်ရထားအရေအတွက်နှင့် ထိုရထားများက ဟေးလုံကျန်းမှ အဝင်/အထွက် သယ်ယူပို့ဆောင်ခဲ့သောကုန်စည်ပမာဏသည် ယခုနှစ် ပထမနှစ်လအတွင်း ယမန်နှစ် အလားတူကာလကထက် ၁၆၁.၅ ရာခိုင်နှုန်းနှင့် ၁၅၁.၆ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။ (Xinhua)

…………………………….
(English Version)
China-Europe freight train service connects Chinese border province, Netherlands
HARBIN, March 15 (Xinhua) — A new international freight train route linking Harbin, the capital of northeast China’s Heilongjiang Province, with Tilburg in the Netherlands, has been launched, becoming the first China-Europe freight train service connecting the border province with a city in the Netherlands.
A cargo train loaded with 1,300 tonnes of amino acid in 55 containers departed from the station of Harbin international container center on Thursday, marking the inauguration of the service, according to the China Railway Harbin Group Co., Ltd.
The train will travel 10,257 km via the port of Manzhouli and arrive at Tilburg in 15 days.
“Compared with sea shipping, the new cargo train service will cut short the delivery time by two-thirds with the distance shortened by half,” said Liang Chuan, head of the station.
According to data, the number of China-Europe freight trains and the cargo volume they transported from and to Heilongjiang skyrocketed by 161.5 percent and 151.6 percent year on year, respectively, in the first two months of this year.
Photo: This photo taken on March 14, 2024 shows an international freight train preparing to depart from Harbin international container center station in Harbin, capital of northeast China’s Heilongjiang Province. (Xinhua/Zhang Tao)