Connect with us

North America

အမေရိကန်နိုင်ငံ ပြည်နယ်အများအပြားတွင် ပါတီတွင်းသမ္မတလောင်းရွေးကောက်ပွဲ ကျင်းပနေကြပြီး ဘိုင်ဒန်နှင့် ထရမ့်တို့ အပြန်အလှန် ဝေဖန်ထိုးနှက်လျက်ရှိ

ဝါရှင်တန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ ဖလော်ရီဒါပြည်နယ်၊ အိုဟိုင်းယိုးပြည်နယ်၊ အီလီနွိုက်ပြည်နယ် စသည့်ပြည်နယ်များ၌ မတ်လ ၁၉ ရက်နေ့တွင် ၂၀၂၄ ခုနှစ် သမ္မတလောင်းရွေးကောက်ပွဲ ကျင်းပခဲ့ရာ လက်ရှိသမ္မတ ဒီမိုကရက်တစ်ပါတီဝင် ဘိုင်ဒင်နှင့် သမ္မတဟောင်း ရီပတ်ဘလစ်ကန်ပါတီဝင် ထရမ့်တို့သည် ၎င်းတို့၏ သက်ဆိုင်ရာပါတီများအတွင်း သမ္မတလောင်းရွေးကောက်ပွဲတွင် ဆက်လက်အောင်ပွဲခံခဲ့ကြပြီး ၎င်းတို့က တစ်ဦးကိုတစ်ဦး ဝေဖန်ထိုးနှက်လျက်ရှိကြောင်း သိရသည်။

ဘိုင်ဒန်နှင့် ထရမ့်တို့သည် ပြီးခဲ့သည့်သီတင်းပတ်က ဒီမိုကရက်တစ်သမ္မတလောင်းနှင့် ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် အသီးသီး ဇကာတင်ရွေးချယ်ခံရကြောင်း၊ ယခုနှစ် အမေရိကန်ပါတီတွင်း သမ္မတလောင်းရွေးကောက်ပွဲ သည် “ဟန်ဆောင်လုပ်ပြခြင်း” အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဘိုင်ဒန်သည် မတ် ၁၉ ရက်တွင် “အဓိကအရေးကြီးပြည်နယ်” နီဗားဒါးပြည်နယ် နှင့် အရီဇိုးနားပြည်နယ်တို့တွင် မဲဆွယ်ပွဲများကျင်းပခဲ့ပြီး ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့်ဆက်စပ်ထုတ်ပြန်ချက်များကို အဓိကထားဝေဖန်ခဲ့ကြောင်း၊ ထရမ့်က ဖလော်ရီဒါပြည်နယ်တွင် မှတ်ပုံတင်ထားသော မဲဆန္ဒရှင်တစ်ဦးအနေနှင့် ယင်းနေ့တွင် ပြည်နယ်မဲရုံတစ်ခု၌ သူ့ကိုသူ မဲပေးခဲ့ကြောင်း သိရသည်။ ထရမ့်က ဆိုရှယ်မီဒီယာတွင် ဘိုင်ဒန်ကို လှောင်ပြောင်ထားသော ရုပ်သံဖိုင်ကို ပြန်လည်တင်ခဲ့ကြောင်း၊ ယခင် ကာလများတွင် ၎င်းတို့နှစ်ဦးက အမေရိကန် “ဒီမိုကရေစီကို ခြိမ်းခြောက်မှု”ဟု တစ်ဦးနှင့်တစ်ဦး စွပ်စွဲခဲ့ကြကြောင်း သိရသည်။

အမေရိကန် ရွေးကောက်ပွဲသတင်းအချက်အလက် ဝဘ်ဆိုဒ် “Real Transparent Politics” မှ ပြုစုထားသော စစ်တမ်းများအရ မတ် ၁၉ ရက်အထိ ထရမ့်သည် နိုင်ငံလုံးဆိုင်ရာစစ်တမ်းများတွင် ပျမ်းမျှ ရာခိုင်နှုန်း ၁.၇ ရာခိုင်နှုန်းဖြင့် ဘိုင်ဒန်ကို ဦးဆောင်နေပြီး တစ်ချိန်တည်းမှာပင် စစ်တမ်းဖြေဆိုသူ ၆၄ ရာခိုင်နှုန်းကျော်က “အမေရိကန်နိုင်ငံသည် လမ်းကြောင်းမှားပေါ်တွင် လျှောက်လှမ်းနေသည်” ဟု ထင်မြင်ကြကြောင်း သိရသည်။

မတ်လ ၁၉ ရက်တွင် အိုဟိုင်းယိုးပြည်နယ်၌ အမေရိကန် ဆီးနိတ်လွှတ်တော် ပါတီတွင်းအမတ်လောင်းရွေးကောက်ပွဲကိုလည်း ကျင်းပခဲ့ပြီး ထရမ့်ထောက်ခံသော ရီပတ်ဘလစ်ကန်ပါတီဝင် ဘာနီမိုရီနိုက အနိုင်ရခဲ့ပြီး ၎င်းသည် ပြည်နယ်၏ လက်ရှိအမေရိကန် ဆီးနိတ်လွှတ်တော်အမတ် ဒီမိုကရက်တစ်ပါတီဝင် ရှားရော့ဘရောင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ မိုရီနိုနှင့် ဘရောင်းတို့ကြား ပြိုင်ဆိုင်မှုသည် ယခုနှစ် ရွေးကောက်ပွဲအပြီးတွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီများအကြား ဆီးနိတ်လွှတ်တော်ကို မည်သူက ထိန်းချုပ်နိုင်သည်ကို ဆုံးဖြတ်နိုင်သည်ဟု အမေရိကန် မီဒီယာများက ယုံကြည်ကြသည်။
ပါတီတွင်း သမ္မတလောင်းရွေးကောက်ပွဲသည် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲ၏ ပထမအဆင့်ဖြစ်ပြီး ယခုနှစ် ဇွန်လအထိ ကြာမြင့်မည်ဖြစ်ကြောင်း၊ ယင်းအဆင့်များအပြီးတွင် ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလစ်ကန်ပါတီများသည် အမျိုးသားညီလာခံများကို ကျင်းပပြီး ၎င်းတို့၏သမ္မတလောင်းနှင့် ဒုတိယသမ္မတလောင်းအဖြစ် ဇကာတင်ရွေးချယ်ခံသူများကို တရားဝင်ကြေညာပေးမည်ဖြစ်ကြောင်း၊ ယခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲ မဲပေးရမည့်နေ့သည် နိုဝင်ဘာလ ၅ ရက်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………………………
(Chinese Version)
美国数州举行总统选举初选 拜登、特朗普继续相互攻击
新华社华盛顿3月19日电(记者熊茂伶 胡友松)美国佛罗里达、俄亥俄、伊利诺伊等州19日举行2024年总统选举初选,现任总统、民主党人拜登和前总统、共和党人特朗普继续保持各自党内初选胜势,并持续相互攻击。
拜登和特朗普上周分别锁定民主党总统候选人提名和共和党总统候选人提名,今年美国总统初选已进入“走过场”阶段。
拜登19日先后在“摇摆州”内华达和亚利桑那举行竞选活动,重点抨击特朗普移民政策及相关表态。作为佛罗里达州注册选民,特朗普当天在该州一处投票站为自己投票。在社交媒体上,特朗普转发了一段讽刺拜登的视频。过去一段时间里,二人相互指责对方是“美国民主的威胁”。
据美国选举信息网站“真正透明政治”汇总的民调数据,截至19日,特朗普在全国性民调中平均领先拜登1.7个百分点。同时,超过64%的受访者认为,“美国正走在错误方向上”。
俄亥俄州19日还举行了该州联邦参议员初选,特朗普支持的共和党人伯尼·莫雷诺在党内初选中胜出,莫雷诺之后将挑战俄亥俄州现任联邦参议员、民主党人谢罗德·布朗。美国媒体认为,莫雷诺同布朗的对决或将决定共和党和民主党谁能在今年大选后控制参议院。
初选是美国总统选举的第一阶段,今年的初选将持续至6月。初选结束后,民主党和共和党将各自举行全国代表大会正式提名总统和副总统候选人。今年美国大选投票日为11月5日。(参与记者:孙丁)(完)