Connect with us

Europe

Hot Q&A|ရုရှားသမ္မတရွေးကောက်ပွဲတွင် ပူတင် အဘယ်ကြောင့် အပြတ်အသတ် အနိုင်ရသနည်း

ရုရှားနိုင်ငံမြို့တော် မော်စကိုရှိ မဲဆွယ်စည်းရုံးရေးဌာနချုပ်တွင် သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားနေသော ပူတင်အား မတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင်က မတ် ၁၈ ရက်တွင် ရုရှားသမ္မတရွေးကောက်ပွဲ ဆန္ဒမဲ ၁၀၀ ရာခိုင်နှုန်းအနက် လက်ရှိ သမ္မတပူတင်က ဆန္ဒမဲ ၈၇.၂၈ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။ ပူတင်သည် ဆန္ဒမဲရရှိနှုန်းတွင် များစွာဦးဆောင်နေရုံသာမက ၎င်းကိုယ်တိုင်၏ မှတ်တမ်းသစ်ကိုလည်း ချမှတ်နိုင်ခဲ့ကြောင်း၊ ရုရှားတွင် ရှုပ်ထွေးသော ပြည်တွင်းနှင့် နိုင်ငံတကာ အခြေအနေများ ရင်ဆိုင်နေရချိန်တွင် ပူတင်က ထိုကဲ့သို့ အပြတ်အသတ် အောင်ပွဲ မည်သို့ ရရှိခဲ့သနည်း။

ရုရှားမြို့တော် မော်စကိုမြို့ လမ်းမပေါ်တွင် သမ္မတရွေးကောက်ပွဲ၏ စာရင်းအင်းအချက်အလက်များကို အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ပေးသော ဖန်သားပြင်ကို မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ပြသခြင်း
ရုရှားနိုင်ငံ၏ (၈)ကြိမ်မြောက် သမ္မတရွေးကောက်ပွဲအတွက် တရားဝင်မဲပေးခြင်းကို မတ်လ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ပြီး စုစုပေါင်း ကိုယ်စားလှယ်လောင်းလေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် မဲ ၅၀ ရာခိုင်နှုန်းအထက် ရရှိသူကို ရုရှားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ရွေးကောက်ပွဲ စည်းမျဉ်းများအရ သိရသည်။
ပူတင်အပြင် ရုရှားဖက်ဒရေးရှင်းကွန်မြူနစ်ပါတီမှ Kharitonov သည် ဆန္ဒမဲ ၄.၃၁ ရာခိုင်နှုန်းဖြင့် ဒုတိယအဆင့်၊ ရုရှားပြည်သူ့ပါတီသစ်မှ Davankov က ဆန္ဒမဲ ၃.၈၅ ရာခိုင်နှုန်းဖြင့် တတိယအဆင့်၊ ရုရှားလစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ Slutsky သည် ဆန္ဒမဲ ၃.၂၀ ရာခိုင်နှုန်းဖြင့် စတုတ္ထအဆင့်တွင် ရှိကြောင်း သိရသည်။
ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်က ရုရှားသမ္မတရွေးကောက်ပွဲ၏ ပဏာမစာရင်းအင်းရလဒ်များကို မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဆန္ဒမဲပေးသူမှာ ၇၇.၄၄ ရာခိုင်နှုန်းရှိပြီး ရုရှားသမိုင်းတွင် အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် မဲဆန္ဒရှင်များ မဲပေးရာတွင် ပိုမိုအဆင်ပြေစေရန် နည်းလမ်းအမျိုးမျိုးကို ကျင့်သုံးခဲ့ကြောင်း၊ ယခုသမ္မတရွေးကောက်ပွဲတွင် ပြည်ပဝင်ရောက်စွက်ဖက်မှုအနေဖြင့် မကြုံစဖူးပြင်းထန်ခဲ့သော်လည်း ရွေးကောက်ပွဲက ရုရှားပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ပြသခဲ့ပြီး လက်ရှိ ရုရှားသမ္မတ ပူတင်ကို မဲပေးခဲ့သည့် မဲဆန္ဒရှင်အရေအတွက်မှာလည်း အမြင့်ဆုံးသို့ ရောက်ရှိသွားကြောင်း ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Pamfilova က ပြောကြားခဲ့သည်။
မဲပေးမှုကို စောင့်ကြည့်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံတကာ အကဲခတ်များကို Pamfilova က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို ရုရှား ဗဟိုရွေးကောက်ပွဲကော်မရှင်မှ မတ်လ ၂၁ ရက်တွင် တရားဝင် ကြေညာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံရေးအောင်မြင်မှုများ အသိအမှတ်ပြုခြင်းခံရ
ပူတင်သည် အုပ်ချုပ်မှုအတွေ့အကြုံ အလွန်ကြွယ်ဝကြောင်း ရုရှားနိုင်ငံလက်ရှိရင်ဆိုင်နေရသော ရှုပ်ထွေးသောအခြေအနေတွင် ၎င်းက ရုရှားကို ဆက်လက်ဦးဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှေ့သို့လမ်းပြမည်ဟု မဲဆန္ဒရှင်များက မျှော်လင့်ကြကြောင်း လေ့လာသူများက ထောက်ပြကြသည်။
၂၀ ရာစုနှစ် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရုရှားနိုင်ငံသည် လွတ်လပ်သောနိုင်ငံဖြစ်လာပြီးနောက် ရုန်းရင်းဆန်ခတ်နှင့် မတည်ငြိမ်သော နိုင်ငံရေးအခြေအနေများကို ကြုံတွေ့ခဲ့ရကြောင်း၊ ‘Shock Therapy’ ကြောင့် ဆိုးရွားသော စီးပွားရေးကျဆင်းမှု၊ ဈေးနှုန်းများ တဟုန်ထိုးတက်မှု၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း ယိုယွင်းမှုများ ဖြစ်ပေါ်လာကြောင်း၊ ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့် နိုင်ငံဖြစ်လာနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်ဟု ပူတင် တစ်ချိန်က အလွန်စိုးရိမ်ခဲ့ကြောင်း သိရသည်။
၂၀၀၀ ခုနှစ် ကရင်မလင်နန်းတော် ရောက်ရှိပြီးကတည်းက ပူတင်သည် အာဏာရှင်စနစ်အား အပြင်းအထန် နှိမ်နင်းခဲ့ပြီး စီးပွားရေး အသက်သွေးကြောအပေါ် နိုင်ငံ၏ ထိန်းချုပ်မှုကို ပြန်လည်ရယူခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ၎င်းသည် စီးပွားရေးမူဝါဒများကို တက်ကြွစွာ ပြုပြင်ပြောင်းလဲကာ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်ပြီး Shadow Economy ကို တိုက်ဖျက်ခဲ့ကြောင်းသိရသည်။ ၂၁ ရာစုအစတွင် ရုရှားသည် နိုင်ငံတကာရေနံဈေးနှုန်းများ မြင့်တက်နေချိန်ကို အသုံးချပြီး ၎င်း၏အကျပ်အတည်းမှ တစ်လှမ်းချင်းရုန်းထွက်ကာ လက်တွေ့စီးပွားရေးကိုလျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း ၎င်း၏ စီးပွားရေး အင်အား တိုးလာသည်နှင့်အမျှ ရုရှားနိုင်ငံ၏ နိုင်ငံတကာ ဩဇာသည် တဖြည်းဖြည်း တိုးလာကြောင်း သိရသည်။
၂၀၁၄ ခုနှစ်တွင် ယူကရိန်းအကျပ်အတည်း ဖြစ်ပွားမှုနှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ခြိမ်းခြောက်မှုနှင့်အတူ ရင်ဆိုင်ရသောအခါတွင် ရုရှားသည် သွင်းကုန်အစားထိုး မဟာဗျူဟာတစ်ရပ်ကို အကောင်အထည်ဖော်ရန်၊ စွမ်းအင်တင်ပို့မှုအပေါ် မှီခိုအားထားမှုကို ဖယ်ရှားရန်၊ ဘဏ္ဍာရေးလုံခြုံရေးတည်ဆောက်မှုကို အားကောင်းလာစေရန်နှင့် စီးပွားရေး၏ ဒေါ်လာကိုအမှီပြုမှုလျှော့ချရေးကို ဆက်လက်မြှင့်တင်ရန် ကြိုးပမ်းနေသည့် ရေရှည်စီမံကိန်းကို စတင်ခဲ့ကြောင်း၊ ရုရှားနိုင်ငံသည် ၂၀၂၂ နှစ်ဆန်းတွင် အနောက်နိုင်ငံများမှ စတင်ခဲ့သော ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့အရေးယူမှုများကို ခံနိုင်ရည်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် စီးပွားရေးတိုးတက်မှုကို စတင်ရရှိခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် ပူတင်၏ ဦးဆောင်မှုအောက်တွင် အကျပ်အတည်းတစ်ခုပြီးတစ်ခု ပြေလည်သွားကြောင်း ရုရှားနိုင်ငံရေး သိပ္ပံပညာရှင် Oleg Matvechev က ပြောကြားခဲ့သည်။
နိုင်ငံနှင့် သမ္မတပူတင်အတွက် ဂုဏ်ယူကြောင်း၊ ပူတင်သည် ရုရှားကို အများက လွယ်လွယ်အနိုင်ကျင့်မည့် နိုင်ငံမဖြစ်အောင် လုပ်ဆောင်ပေးခဲ့ကြောင်း၊ အနောက်နိုင်ငံများသည် စီးပွားရေး ပိတ်ဆို့မှုကဲ့သို့သော နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ရုရှားအား ဝိုင်းကြဉ်ရန် အမြဲကြိုးစားနေသော်လည်း ၎င်းတို့၏ ကြံစည်မှုမှာ မအောင်မြင်ခဲ့ကြောင်း မော်စကိုမြို့သူ အီရီနာက ပြောကြားခဲ့သည်။
အနောက်တိုင်းနိုင်ငံများ၏ ဖိနှိပ်မှုကို တိုက်ဖျက်ခြင်း
လက်ရှိ ရုရှားသမ္မတ ရွေးကောက်ပွဲ မဲပေးမှု စတင်ပြီး မကြာမီတွင် ဆွီဒင်နိုင်ငံသည် NATO အဖွဲ့၏ ၃၂ ခုမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး NATO ၏ ပထမအကြိမ်တိုးချဲ့မှုအသစ် ပြီးဆုံးသွားကြောင်း၊ တစ်ချိန်တည်းမှာပင် အမေရိကန်သည် ယူကရိန်းအကျပ်အတည်းတွင် ဆက်လက် မီးမွှေးလောင်ကျွမ်းစေခဲ့ပြီး ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံကြား ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်လာစေကြောင်း သိရသည်။
NATO ၏ ရန်စမှုများကို မည်သည့်အခါမျှ လျစ်လျူရှုထိုင်နေမည်မဟုတ်ကြောင်းနှင့် နိုင်ငံ၏ ပိုင်နက်အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် ၎င်း၏သန္နိဋ္ဌာန်ကို အမျိုးမျိုးသော အခါသမယများတွင် ပူတင်က အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။ ၎င်း၏သတိပေးချက်သည် ပြတ်သားပြီး ရုရှားနိုင်ငံ၏ အမျိုးသားလုံခြုံရေးအပေါ် အလျှော့ပေးမည်မဟုတ်သော အနိမ့်ဆုံးစံနှုန်းကို ပြသနိုင်ခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံကို ကမောက်ကမနှင့် ပြည်တွင်း ပဋိပက္ခများ ဖြစ်အောင် အနောက်နိုင်ငံများက ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ရုရှားနိုင်ငံသည် ၎င်း၏ပြည်တွင်းရေးကို မည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့် မပြုဘဲ လက်နက်ကိုင် စွက်ဖက်မှုမှန်သမျှ မကြုံစဖူး ရှုံးနိမ့်မှုများကြုံရမည်ဟု ယခုနှစ် နိုင်ငံတော် မိန့်ခွန်းတွင် ပူတင်က ပြောကြားခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ဖိအားပေးမှုအခြေအနေတွင် ပူတင်သည် အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေး၏သင်္ကေတဖြစ်သောကြောင့် ပြည်သူများက ၎င်းကို ထောက်ခံရခြင်းဖြစ်ကြောင်း၊ ၎င်းသည် အမေရိကန်နိုင်ငံ၏ဗိုလ်ကျကြီးစိုးမှုကို ဆန့်ကျင်တိုက်ခိုက်ရန်နှင့် နိုင်ငံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ရုရှားနိုင်ငံကို ဦးဆောင်နိုင်စွမ်းရှိကြောင်း လူအများက သဘောပေါက်ကြကြောင်း ရုရှားနိုင်ငံရေးပညာရှင် Sergei Markov က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသားများသည် ပူတင်အား အမေရိကန်နိုင်ငံ၏ဗိုလ်ကျကြီးစိုးမှုကို ဆန့်ကျင်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် မြင်ကြပြီး ပူတင်နှင့် အတူ NATO ၏ အရှေ့ဘက်သို့ တိုးချဲ့မှုကို ဆန့်ကျင်ရန်နှင့် နိုင်ငံလုံခြုံရေးကို ကာကွယ်ရန် ဆန္ဒရှိကြောင်း ရုရှားမဲဆန္ဒရှင် Vycheslav က ပြောကြားခဲ့သည်။ (Xinhua)

………………………………………………………
(Chinese Version)
热点问答|俄总统选举,普京何以压倒性胜出
新华社北京3月19日电(记者耿鹏宇)俄罗斯中央选举委员会18日公布了对俄总统选举100%选票的统计结果,现任总统普京得票率为87.28%。普京的得票率不仅大幅领先,还刷新了个人纪录。在俄面临国内和国际复杂局面的情况下,普京何以取得压倒性胜利?
彰显人民团结
俄罗斯联邦第八届总统选举正式投票于3月15日至17日举行,共有4名候选人参选。根据选举规则,在选举中获得50%以上选票者当选俄总统。
除普京外,俄联邦共产党的哈里托诺夫得票率为4.31%,排名第二;俄新人党的达万科夫得票率为3.85%,排名第三;俄自由民主党的斯卢茨基排名第四,得票率为3.20%。
18日,俄中央选举委员会还公布了俄总统选举的初步统计结果,投票率为77.44%,创俄罗斯史上新高。
俄中央选举委员会主席帕姆菲洛娃说,俄罗斯采取了各种方式让选民更便利地参与投票。她还说,外部企图干涉本次总统选举的力度前所未有,但选举彰显了俄罗斯人民的团结,为俄现任总统普京投票的选民数量也创下新高。
帕姆菲洛娃还对来俄监督投票的国际观察员表示感谢。她说,俄中央选举委员会将于3月21日正式公布总统选举结果。
政绩受到认可
分析人士指出,普京具有十分丰富的执政经验,在当下俄罗斯面临的复杂局面下,选民希望他继续领导俄罗斯、带领俄罗斯向前发展。
20世纪90年代,成为独立国家的俄罗斯政局跌宕起伏、持续不稳, “休克疗法” 导致经济严重衰退,物价飞涨、民生凋敝。普京一度忧心忡忡地认为,俄罗斯面临沦为世界二流国家,甚至三流国家的危险。
自2000年入主克里姆林宫后,普京大力打击寡头政治,恢复国家对经济命脉的把控。同时,他积极调整经济政策,推动结构性改革,打击影子经济。21世纪初,俄罗斯利用国际油价攀升的时机一步步走出困境,实现经济快速发展。随着经济实力提升,俄罗斯的国际影响力也逐渐提高。
2014年乌克兰危机爆发,面对西方的制裁威胁,俄罗斯开始长期布局,实施进口替代战略,努力摆脱能源出口依赖,强化金融安全建设,持续推动经济去美元化。俄罗斯经受住了2022年年初西方发起的全面制裁,并从2022年下半年开始取得经济增长。
俄政治学家奥列格·马特维切夫说,正是在普京的带领下,俄罗斯化解了一个又一个危机。
莫斯科市民伊琳娜说,她为国家和总统普京感到自豪。正是普京让俄罗斯变成一个不会被随意欺侮的国家。西方总是企图利用经济制裁等各种手段孤立俄罗斯,但他们的阴谋并没有得逞。
对抗西方打压
在本次俄总统大选投票开始前不久,瑞典成为北约第32个成员国,北约完成新一轮扩张。与此同时,美西方继续不断对乌克兰危机“拱火浇油”,俄罗斯与西方的地缘政治博弈愈演愈烈。
普京在不同场合多次表态对北约的挑衅绝不会坐视不管,并强调维护国家领土主权的决心。他的警告言辞直白,凸显俄在国家安全问题上不妥协的底线。
普京今年发表国情咨文时表示,西方企图让俄罗斯陷入纷争和内乱,但并未得逞。俄罗斯不容许任何人干涉俄内政,任何武装干涉都将遭遇前所未有的惨败。
俄政治学家谢尔盖·马尔科夫说,民众支持普京是因为在西方打压俄罗斯的形势下,普京是主权独立的象征。人们认识到,普京有能力领导俄罗斯反击美国霸权、维护国家利益。
俄选民维切斯拉夫说,俄罗斯人视普京为对抗美国霸权的领袖,愿与普京一起反对北约东扩、捍卫国家安全。(参与记者:华迪、刘恺)
图说1:3月18日,普京在俄罗斯首都莫斯科的竞选总部回答记者提问。新华社记者曹阳摄
图说2:这是3月17日在俄罗斯首都莫斯科街头拍摄的屏幕上的总统选举实时统计数据。