Connect with us

Europe

ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံကို ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ညှိနှိုင်းမှုစတင်ရန် ဥရောပကောင်စီက ဆုံးဖြတ်လိုက်

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သော ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ကို မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံကို ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ညှိနှိုင်းမှုစတင်ရန် ဥရောပကောင်စီက မတ် ၂၁ ရက်တွင် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel က အဆိုပါနေ့တွင် ကြေညာခဲ့သည်။
ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးကို မတ် ၂၁ ရက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ မြို့တော် ဘရပ်ဆဲလ်၌ ကျင်းပခဲ့ကြောင်း၊ ဥရောပကောင်စီသည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံကို ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ညှိနှိုင်းမှုစတင်ရန် မကြာသေးခင်က ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားအတွက် ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန် “အရေးကြီးသော ခြေလှမ်းတစ်ရပ်”ဖြစ်ပြီး ၎င်းတို့အနေနှင့် “ဆက်လက်ကြိုးစားရန်” လိုအပ်နေသေးကြောင်း Charles Michel က ဆိုရှယ်မီဒီယာပေါ်၌ ပြောခဲ့သည်။

ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်ရန် ၎င်း၏ဝင်ခွင့်လျှောက်လွှာကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် တင်သွင်းခဲ့ပြီး ဥရောပကောင်စီသည် ၎င်းတို့၏ ဥရောပသမဂ္ဂအဖွဲ့ဝင်လောင်းအဆင့်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယခုလ ၁၂ ရက်တွင် ဥရောပကော်မရှင်သည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားအား ဥရောပသမဂ္ဂသို့ ဝင်ရောက်ရေးဆိုင်ရာ ညှိနှိုင်းမှုများကို စတင်ရန် ဥရောပကော်မရှင်မှ အကြံပြုထားကြောင်း သိရသည်။

အဖွဲ့ဝင်ဖြစ်ရေး တရားဝင် ညှိနှိုင်းမှု မစတင်မီတွင် ဥရောပသမဂ္ဂက အချို့သော လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန်ညှိနှိုင်းမှု လုပ်ငန်းစဉ်သည် များသောအားဖြင့် နှစ်များစွာ ကြာတတ်ကြောင်း သိရသည်။ (Xinhua)

……………………….
(Chinese Version)
欧洲理事会决定启动波黑入盟谈判
新华社布鲁塞尔3月21日电(记者付一鸣 张兆卿)欧洲理事会主席米歇尔21日宣布,欧洲理事会当天决定启动波黑加入欧盟的谈判。
欧盟峰会当天在比利时首都布鲁塞尔举行。米歇尔当晚在社交媒体上说,欧洲理事会刚刚决定与波黑启动入盟谈判,该决定是波黑在加入欧盟道路上迈出的“关键一步”,但波黑仍需“继续努力”。
波黑2016年2月提交加入欧盟的申请,欧洲理事会于2022年12月决定给予波黑欧盟候选成员国地位。本月12日,欧盟委员会建议欧盟理事会启动波黑的入盟谈判。
在正式启动入盟谈判前,欧盟内部还需要经过一些程序。入盟谈判的过程一般长达数年。(完)
图说:3月21日,在比利时布鲁塞尔,欧盟委员会主席冯德莱恩在欧盟峰会期间出席新闻发布会。