Connect with us

Europe

ရုရှားနိုင်ငံ မော်စကိုမြို့ ပြင်အနီးတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၆၀ ကျော် သေဆုံး

ရုရှားနိုင်ငံ မော်စကိုမြို့ ပြင်အနီး Krasnoyarsk မြို့နယ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သော မြို့တော်ခန်းမအနီးတွင် အရေးပေါ်ဝန်ထမ်းများ အလုပ်လုပ်နေသည်ကို မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့ ပြင်အနီးရှိ မြို့တော်ခန်းမတွင် မတ် ၂၂ ရက် ညပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် ထက်မံမြင့်တက်နိုင်သေကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက မတ် ၂၃ ရက် နံနက်အစောပိုင်း၌ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

စုံစမ်းစစ်ဆေးရေးကော်မတီမှစစ်ဆေးသူများ၊ ပြစ်မှုဗေဒ ကျွမ်းကျင်သူနှင့် ပညာရှင် များသည် ရုရှားပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရယ်လုံခြုံရေးဆိုင်ရာဌာနတို့နှင့်အတူ အခင်းဖြစ်ပွားရာနေရာကို စုံစမ်းစစ်ဆေးရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အခင်းဖြစ်ပွားရာနေရာမှ ရရှိသောလက်နက်နှင့် ခဲယမ်းများအပါအဝင် သက်သေခံပစ္စည်းများကို DNA၊ ကျည်ဆန်လမ်းကြောင်း၊ လက်ဗွေရာ စသည့် လိုအပ်သောစစ်ဆေးမှု အားလုံးကိုဆောင်ရွက်ပြီး တစ်ချိန်တည်းမှာပင် စီစီတီဗီမှရိုက်ကူးထားသော ရုပ်သံဖိုင်များစုဆောင်းခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………..
(Chinese Version)
莫斯科近郊恐袭事件致超60人死亡
新华社莫斯科3月23日电(记者江宥林 刘恺)俄罗斯侦查委员会23日凌晨发表声明说,据初步统计,22日晚在莫斯科近郊音乐厅发生的恐怖袭击事件造成超过60人死亡,遇难人数可能还会进一步上升。
声明说,俄侦查委员会的调查人员、犯罪学家和专家正会同俄内务部和俄联邦安全局相关部门在事发现场开展调查,包括在现场获取武器和弹药等在内的实物证据,并在进行基因、弹道和指纹识别等一切必要鉴定,同时收集和研究视频监控记录。
图说:3月22日,在俄罗斯莫斯科近郊克拉斯诺戈尔斯克市,应急人员在发生枪击事件的音乐厅附近工作。新华社发(亚历山大摄)