Connect with us

Asia

ပိတ်ဆို့အရေးယူခြင်း၊ ဖိနှိပ်တင်းကျပ်ခြင်းနှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ခြင်းတို့က ကိုရီးယားကျွန်းဆွယ်အရေး ဖြေရှင်းရာတွင် အထောက်အကူမပြုကြောင်း တရုတ်က ထောက်ပြ

မြောက်ကိုရီးယား ဒဏ်ခက်ပိတ်ဆို့အရေးယူမှုကော်မတီ ပညာရှင်အဖွဲ့၏ တရားဝင်လုပ်ပိုင်ခွင့်သက်တမ်း တိုးပေးမည့် ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ပြီးနောက် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် မတ် ၂၈ ရက်၌ ဖြေရှင်းပြောကြားနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၂၉ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယား ဒဏ်ခက်ပိတ်ဆို့အရေးယူမှုကော်မတီ ပညာရှင်အဖွဲ့၏ တရားဝင်လုပ်ပိုင်ခွင့်သက်တမ်း တိုးပေးမည့် ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မတ် ၂၈ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ရုရှားက ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။ ပိတ်ဆို့အရေးယူခြင်း၊ ဖိနှိပ်တင်းကျပ်ခြင်းနှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ခြင်းတို့သည် ကိုရီးယားကျွန်းဆွယ်အရေး ဖြေရှင်းရာတွင် အထောက်အကူမပြုကြောင်း မဲခွဲဆုံးဖြတ်ပြီးနောက် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ရှင်းလင်းပြောကြားခဲ့သည်။

တရုတ်၏ မပြောင်းလဲသောရပ်တည်ချက်မှာ ပိတ်ဆို့အရေးယူခြင်းက အဆုံးသတ်မဟုတ်သော နည်းလမ်းတစ်ခုသာဖြစ်ကြောင်း၊ မြောက်ကိုရီးယား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် ကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးကို မြှင့်တင်ရန်၊ နိုင်ငံအသီးသီး တွေ့ဆုံဆွေးနွေးရေးနှင့် စေ့စပ်ညှိနှိုင်းရေးတွင် ပါဝင်နိုင်စေကာ နောက်ဆုံးတွင် ကျွန်းဆွယ်အရေးကို နိုင်ငံရေးအရ ပြေလည်မှုရရှိရန် ကူညီပေးသင့်ကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ပြင်းထန်သည့် ပိတ်ဆို့အရေးယူခြင်းသည် အထက်တွင်ဖော်ပြထားသောရည်ရွယ်ချက်များ အောင်မြင်ရန် အထောက်အကူမပြုသောအပြင် တင်းမာမှုများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုပြင်းထန်လာကာ မြောက်ကိုရီးယား၏ လူသားချင်းစာနာထောက်ထားမှု အခြေအနေနှင့် ပြည်သူတို့၏ စားဝတ်နေရေးအပေါ် ဆိုးရွားသော အကျိုးသက်ရောက်မှုများ ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြောက်ကိုရီးယား ဏ်ခတ်ပိတ်ဆို့ အရေးယူမှုကော်မတီ ပညာရှင်အဖွဲ့၏ လုပ်ပိုင်ခွင့်သက်တမ်း တိုးပေးမည့် ဆုံးဖြတ်ချက်မူကြမ်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းတွင် အပြုသဘောဆောင် ပါဝင်ခဲ့ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

လက်ရှိ ကျွန်းဆွယ်အခြေအနေမှာ ဆက်လက်တင်းမာနေပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုပြင်းထန်လာနေခြင်းသည် မည်သည့်ဖက်၏အကျိုးစီးပွားနှင့်မျှမကိုက်ညီဘဲ တရုတ်နိုင်ငံက မြင်လိုသည့်အရာလည်းမဟုတ်ကြောင်း၊ ကျွန်းဆွယ်အရေးကို ဖြေးရှင်းရာတွင် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုနှင့် ကောင်းမွန်သောရပ်ဝန်းတစ်ခု လိုအပ်ကြောင်း၊ ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ခြင်းနှင့် ဖိနှိပ်တင်းကျပ်ခြင်းကို အလေးပေးရုံမျှဖြင့် ပြဿနာကို ဖြေရှင်းရာတွင် အထောက်အကူမပြုနိုင်ဘဲ ပိုမိုဆုတ်ယုတ်သွားမည်သာဖြစ်ကြောင်း၊ စစ်ရေးမဟာမိတ်များတွင် မွေ့လျော်ပြီး စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများကိုသာ စိတ်အားထက်သန်နေခြင်းက ကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးနှင့် ကျွန်းဆွယ်တည်ငြိမ်အေးချမ်းရေး ရည်မှန်းချက်များ အောင်မြင်ရန် ပိုမိုခက်ခဲလာစေကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျသော သဘောထားဖြင့် နိုင်ငံရေးအရ ပြေလည်မှု လမ်းကြောင်းကို လိုက်နာရန်၊ အဆက်အသွယ်များ အမြန်ဆုံး ပြန်လည်စတင်ရန်၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်၊ ဆွေးနွေးပွဲများ ပြန်လည်စတင်ရန်နှင့် ကျွန်းဆွယ်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် အထောက်အကူ ဖြစ်စေမည့် အရာများကို ပိုမို လုပ်ဆောင်ရန် တရုတ်နိုင်ငံက ထပ်မံ တောင်းဆိုခဲ့ကြောင်း၊ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းသည်လည်း ယင်းအတွက် ကောင်းမွန်သောရပ်ဝန်းတစ်ခု ဖန်တီးပေးသင့်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်အရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်မှုမှာ အလွန်ပြတ်သားကြောင်း၊ ယင်းကိစ္စတစ်ခုလုံးတွင် ကျွန်းဆွယ်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းလိုက်နာကြောင်း၊ ကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးနှင့် ကျွန်းဆွယ်ငြိမ်းချမ်းရေးစနစ်လုပ်ဆောင်ရေး အောင်မြင်ရန် နှင့် ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာ ဖြေရှင်းရန် အလေးအနက်ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကျွန်းဆွယ်၏ အိမ်နီးချင်းအနေဖြင့် ဆွေးနွေးမှုတိုးမြှင့်ခြင်း၊ တည်ငြိမ်ရေးတို့တွင် တက်ကြွစွာ ဆက်လက်လုပ်ဆောင်ပြီး ကျွန်းဆွယ်အရေးကို နိုင်ငံရေးအရ ဖြေရှင်းခြင်း၊ တစ်ဖက်နှင့်တစ်ဖက် အဆက်အသွယ်များ အမြန်ဆုံး ပြန်လည်စတင်ခြင်း၊ အရှေ့မြောက်အာရှတွင် ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။မတ် ၂၈ ရက်တွင် ပြုလုပ်သော လုံခြုံရေးကောင်စီ၏ မဲခွဲဆုံးဖြတ်ရလဒ်မှာ အဖွဲ့ဝင် ၁၃ ခုမှ ထောက်ခံမဲ၊ ရုရှားမှ ကန့်ကွက်မဲ နှင့် တရုတ်မှ ကြားနေမဲပေးခဲ့ကြောင်း၊ ယင်းဆုံးဖြတ်ချက်မူကြမ်းမှာ မအောင်မြင်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………………
(Chinese Version)
中方指出制裁施压和军事对抗无助于解决朝鲜半岛问题
新华社联合国3月28日电 联合国安理会28日表决朝鲜制裁委员会专家小组授权延期决议草案,俄罗斯投了否决票。中国常驻联合国副代表耿爽在表决后作解释性发言,指出制裁施压和军事对抗无助于解决朝鲜半岛问题。
耿爽说,中方始终主张,制裁不是目的,而是手段。对朝制裁应有助于推动半岛无核化、各方开展对话谈判、半岛问题最终实现政治解决。令人关切的是,十几年来,严厉的制裁并未促成上述目标的实现,反而加剧了紧张对立,给朝鲜的人道民生局势带来严重负面影响。中方建设性地参与了关于朝鲜制裁委员会专家小组授权延期决议草案的磋商。
他说,当前半岛局势持续紧张,对立对抗日益加剧,这不符合任何一方利益,也不是中方愿意看到的。半岛问题的解决离不开政治互信和良好氛围,一味加大制裁、一味强调施压,无助于问题的解决,只会适得其反。沉迷于军事同盟、热衷于军事对抗,只会进一步激化矛盾、加剧紧张,让实现半岛无核化和维护半岛和平稳定的目标更加难以企及。中方再次呼吁各方采取理性务实态度,坚持政治解决方向,尽快恢复接触、建立互信、重启对话,多做有利于半岛和平稳定的事。国际社会包括安理会也应为此营造良好氛围。
他说,中方在朝鲜半岛问题上的立场十分明确,始终坚持维护半岛和平稳定,坚持实现半岛无核化和建立半岛和平机制并进,坚持通过对话协商解决问题。作为半岛近邻,中方将继续积极维稳促谈,为推进半岛问题政治解决、各方早日恢复对话、东北亚地区实现长治久安发挥建设性作用。
安理会28日的表决结果是,13个成员赞成,俄罗斯反对,中国弃权。决议草案未获通过。(完)
图说1:3月28日,在位于纽约的联合国总部,中国常驻联合国副代表耿爽(前中)在安理会表决朝鲜制裁委员会专家小组授权延期决议草案后作解释性发言。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.