Connect with us

China

“Invest in China” ၏ သက်ရောက်မှုအကျိုး ထင်ထပ်လာပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီများက တရုတ်၏အနာဂတ်အပေါ် ယုံကြည်မှုရှိလာ

ဂျာမန်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ နင်းရှဒေသသို့ သွားရောက်လည်ပတ်စဉ် ဒေသတွင်း အထူးစိုက်ပျိုးရေးထုတ်ကုန်များအား ဖေဖော်ဝါရီ ၂၁ ရက်တွင် မြည်းစမ်းနေကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်စနစ်ကျင့်သုံးလာသည့်တစ်လျှောက် “Invest in China” (တရုတ်တွင်ရင်နှီးမြှုပ်နှံခြင်း) သည် ကမ္ဘာကြီး၏ ရွေးချယ်မှု ဖြစ်လာကြောင်း၊ ယခုအခါတွင် တရုတ်နိုင်ငံသည် အဆင့်မြင့်တံခါးဖွင့်မှုပုံစံအသစ်ကို တည်ဆောက်နေချိန်တွင် “Invest in China” ၏ အကျိုးသက်ရောက်မှုသည် ပိုမိုထင်ရှားလာကာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီများက တရုတ်နိုင်ငံ၏အနာဂတ်နှင့် ပတ်သက်၍ အကောင်းမြင်ကြောင်း ထုတ်ဖော်ပြောဆိုမှုများ ပိုများလာကြောင်း သိရသည်။
ပထမဆုံးသော အထင်ကရ “Invest in China” အစည်းအဝေးကို မကြာသေးမီက ပေကျင်း၌ ကျင်းပခဲ့ပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၇ ခု မှ လုပ်ငန်းရှင်များနှင့် တရုတ်နိုင်ငံရှိ နိုင်ငံခြားစီးပွားရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၁၄၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျန်းဆူးပြည်နယ် စူးကျိုးမြို့ တွင်ရှိသော Corning Continuous Pharmaceutical Technology (Suzhou) Co., Ltd. ၏ အပြင်ဘက်မြင်ကွင်းအား မြင်ရစဉ် (ဆင်ဟွာ)

တရုတ်ပြည်မကြီးရှိ Apple ၏ အကြီးဆုံး လက်လီစတိုးဆိုင်ကြီးကို ရှန်ဟိုင်းတွင် မတ် ၂၁ ရက်က ဖွင့်လှစ်ခဲ့သည်။ Apple ၏ထောက်ပံ့ရေးကွင်းဆက်အနေဖြင့် တရုတ်နိုင်ငံက အရေးကြီးဆုံးဖြစ်ကြောင်း၊ Apple ကုမ္ပဏီသည် တရုတ်ထောက်ပံ့ရေးကွင်းဆက်နှင့် အခိုင်အမာ ရေရှည်ပူးပေါင်းဆောင်ရွက်သွားပြီးဖြစ်ပြီး နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းရန် အစိမ်းရောင်ကုန်ထုတ်လုပ်မှုနှင့် စမတ်ကုန်ထုတ်လုပ်မှုများတွင် အနီးကပ်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း Apple ကုမ္ပဏီ ၏ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က ပြောကြားခဲ့သည်။ယခုနှစ် ဖေဖော်ဝါရီတွင် CHINA (NINGXIA) – GERMAN WEEK FOR FRIENDSHIP AND COOPERATION အခမ်းအနားအတွင်း ဂျာမန်ကုမ္ပဏီ ၄၁ ခုနှင့် တရုတ်နိုင်ငံ နင်းရှပြည်နယ်ရှိ ကုမ္ပဏီ ၃၀၀ ကျော်တို့က ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း စုစုပေါင်း ၁၉ ခု စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ စာချုပ်တန်ဖိုးမှာ ယွမ် ၁၅၇ သန်း ရှိပြီး ယင်းတို့တွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဝန်ဆောင်မှုများ၊ စက်ကိရိယာများ ထုတ်လုပ်မှု၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် အခြားသော နယ်ပယ်များ ပါဝင်ကြောင်း သိရသည်။

ဂျာမန် BASF Group တည်ဆောက်ထားသော BASF (Guangdong) ပေါင်းစပ်အခြေစိုက်စခန်းအား ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့ တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ဂျာမန်ကုမ္ပဏီများသည် လာမည့်ငါးနှစ်အတွင်း တရုတ်နိုင်ငံ၏စီးပွားရေးတိုးတက်မှုအပေါ်တွင် အလွန်အကောင်းမြင်ကြပြီး ယင်းမှာလည်း တရုတ်ဈေးကွက်၏အလားအလာကို အပြည့်အဝယုံကြည်လျက်ရှိသည်ကို ပြသနေကြောင်း တရုတ်နိုင်ငံ ဂျာမန်ကုန်သည်ကြီးများအသင်း ဒါရိုက်တာအဖွဲ့ဝင် Susanna Rademacher က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အထွေထွေရုံးက ထုတ်ပြန်သော “အဆင့်မြင့်တံခါးဖွင့်မှုကို အခိုင်အမာ မြှင့်တင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်ခြင်းနှင့် အသုံးချခြင်းတို့ကို ပိုမိုကြိုးပမ်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်”တွင် “ဈေးကွက်ဝင်ရောက်မှု ချဲ့ထွင်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖြေလျှော့မှုအား မြှင့်တင်ပေးခြင်း”၊ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်အား မြှင့်တင်ရန် မူဝါဒများကို ပိုမိုအားကောင်းလာစေခြင်း”၊ “မျှတသော ပြိုင်ဆိုင်မှု ဝန်းကျင်ကို ကောင်းမွန်အောင် ပြုလုပ်ပေးပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်ခြင်း”၊ “ဆန်းသစ်တီထွင်မှုဆိုင်ရာ အစိတ်အပိုင်းများ စီးဆင်းမှုကို ချောမွေ့စေပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများကြား ဆန်းသစ်သော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးခြင်း” စသည်တို့ အပါအဝင် ကဏ္ဍ ၅ ခု၊ လုပ်ဆောင်ချက် ၂၄ ခု ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီများ၏ အဓိက စိုးရိမ်နေသော၊ ခက်ခဲသော ပြဿနာများကို ဖြေရှင်းရန် ကြိုးစားနေကြောင်း၊ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်သည် အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် အထူးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်တွင် လစဉ်တိုင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီများနှင့် အစည်းအဝေးပြုလုပ်ကာ ၎င်းတို့၏ ထင်မြင်ယူဆချက်များနှင့် အကြံပြုချက်များကို အပြည့်အဝ နားထောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီသည် လွန်ခဲ့သော နှစ်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီများထံမှ တောင်းဆိုစာပေါင်း ၈,၃၀၀ ကျော်ကို စုဆောင်းခဲ့ပြီး ယင်းမှ ၆,၅၀၀ ကျော်ကို ဖြေရှင်းဆောင်ရွက်ပေးပြီး သို့မဟုတ် ထိရောက်စွာတုံ့ပြန်ခဲ့ပြီးကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ကြာ တည်ရှိလာပြီဖြစ်သော အမေရိကန်ထုတ်လုပ်မှုကုမ္ပဏီ Corning သည် အသစ်တစ်ဖန် တံခါးဖွင့်လုပ်ဆောင်ချက်များအပေါ် အလွန်အာရုံစိုက်ကြောင်း၊ တရုတ်နိုင်ငံတွင် လည်ပတ်နေသော ၎င်းတို့၏ ထုတ်လုပ်မှုစက်ရုံ ၂၁ ခုသည် ဒေသန္တရအစိုးရနှင့် နေ့စဉ် လွန်စွာနီးကပ်သော ဆက်သွယ်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှုမှာလည်း အလွန်ချောမွေ့ကြောင်း၊ ၎င်းတို့သည် တရုတ်နိုင်ငံ၏ စွမ်းအားသစ်များ ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ဆောင်ချက်များအတိုင်း လိုက်နာပြီး နောက်ထပ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို တိုးမြှင့်မည်ဖြစ်ကြောင်း Corning Greater China ၏ ဥက္ကဋ္ဌ နှင့် အထွေထွေမန်နေဂျာ Liu Zhifei က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကုန်ထုတ်စွမ်းအားသစ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းကို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ပင်ကိုလိုအပ်ချက်နှင့် အရေးကြီးသော အချက်အချာအဖြစ်သတ်မှတ်ကြောင်း၊ ကုန်ထုတ်စွမ်းအားသစ်သည်လည်း ရင်းနှီးမြှုပ်နှံမှုစံနှုန်းတစ်ခု ဖြစ်လာကြောင်း သိရသည်။ ကုန်ထုတ်စွမ်းအားသစ် ထွက်ပေါ်နိုင်သည့်မည်သည့်နေရာမှာမဆို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်ပြီး မက်ခရိုစီးပွားရေး မူဝါဒများကိုလည်း လမ်းညွှန်ရမည်ဖြစ်ကြောင်း ပေကျင်းတက္ကသိုလ် Guanghua School of Management ဌာနမှူး Liu Qiao က ပြောကြားခဲ့သည်။

ယခင်နှစ်ကုန်ပိုင်းနှင့်ယခုနှစ်ဆန်းပိုင်းတွင် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်သည် သတ္တမအသုတ် အထင်ကရ အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအား ဖော်ပြခဲ့ရာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော် ရှိပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အရေအတွက်မှာ သမိုင်းတွင် အများဆုံးဖြစ်ကြောင်း၊ ယင်းတို့တွင် ဇီဝဆေးပညာ၊ မော်တော်ကား ထုတ်လုပ်ရေး၊ စွမ်းအင်သစ်ဘက်ထရီများ၊ ဓာတုဗေဒ အပါအဝင် နယ်ပယ်အများအပြား ပါဝင်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အနာဂတ်ကို ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း ပိုမိုများပြားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက နားလည်လာကြကြောင်း သိရသည်။
တရုတ်နိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ အသစ် ၄,၅၈၈ ခုကို ယခုနှစ် ဇန်နဝါရီလတွင် ထူထောင်ခဲ့ပြီး ယခင်နှစ်ထက် ၇၄.၄ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ဂျာမန်ကုမ္ပဏီများ၏ ၉၁ ရာခိုင်နှုန်းသည် တရုတ်ဈေးကွက်တွင် ဆက်လက်ရပ်တည်နေဦးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံရှိ ဂျာမန်ကုန်သည်ကြီးများအသင်း၏ နောက်ဆုံးစစ်တမ်းအရ သိရသည်။ စစ်တမ်းကောက်ယူထားသော ကုမ္ပဏီများ၏ ၇၆ ရာခိုင်နှုန်းသည် ယခုနှစ်တွင် တရုတ်နိုင်ငံ၌ ပြန်လည်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း တောင်တရုတ် အမေရိကန်ကုန်သည်ကြီးများအသင်း၏ အစီရင်ခံစာအရ သိရသည်။

ဖေဖော်ဝါရီလကုန်ကတည်းက Thermofin GmbH (Pinghu) Co., LTD. ၏ လုပ်ငန်းလည်ပတ်ရေးဒါရိုက်တာ Shen Yafeng သည် စက်ရုံသစ်တည်ဆောက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း Thermofin သည် အရည်အသွေးမြင့် အပူကူးပြောင်းစက်ကိရိယာများ အထူးပြုသည့် ဂျာမန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်ပြီး၊ ၎င်း၏ထုတ်ကုန်များမှာ မိုးလုံလေလုံစကိတ်စီးအပန်းဖြေစခန်းများ၊ အဆင့်မြင့်အအေးခန်းများနှင့် အခြားစက်မှုကုမ္ပဏီများတွင် အဓိကအသုံးပြုကြောင်း၊ ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံရန်နှင့် စက်ရုံများတည်ထောင်ရန် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဖျန်ဟူမြို့သို့ ၂၀၁၈ ခုနှစ်တွင် လာရောက်ခဲ့ကြောင်း သိရသည်။

အစပိုင်းတွင် ဖျန်ဟူစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဇုန်၌ ပုံမှန် ၅,၀၀၀ စတုရန်းမီတာရှိသော စက်ရုံအဆောက်အဦ ငှားရမ်းခဲ့ပြီး၊ ဒေသတွင်း ထုတ်လုပ်မှုကို အသုံးပြုပြီး တရုတ်ဈေးကွက် တဖြည်းဖြည်း ဖွင့်လှစ်နိုင်ရန် မျှော်လင့်ကြောင်း၊ မထင်မှတ်ဘဲ ၂၀၁၈ ခုနှစ်တွင် ထုတ်ကုန်တန်ဖိုး ယွမ်သန်း ၂၀ ရရှိခဲ့ပြီး ထိုအချိန်မှစ၍ ကုမ္ပဏီ၏ နှစ်စဉ်ထုတ်ကုန်တန်ဖိုးသည် ပျမ်းမျှနှစ်အလိုက် နှစ်ဆနှုန်းဖြင့် လျင်မြန်စွာ ကြီးထွားလာခဲ့ကြောင်း Shen Yafengက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် Thermofin သည် အရင်းအနှီးတိုးမြှင့်ပြီး စက်ရုံသစ်တည်ဆောက်ရန် စတင်စီစဉ်ခဲ့သည်။ ယွမ်ငွေ ၁၅၅ သန်း ရင်းနှီးမြုပ်နှံပြီး အာရှ-ပစိဖိတ်ရုံးချုပ်ကို တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ လက်ရှိ တရုတ်ဈေးကွက်ရောင်းချမှု၏ ၄၀ ရာခိုင်နှုန်းထိရှိပြီး နောင်တွင် ၈၀ ရာခိုင်နှုန်းထိ ရောက်ရှိသွားဖွယ်ရှိကြောင်း Shen Yafeng မှ ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က တံခါဖွင့်ဝါဒကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့သော တရုတ်နိုင်ငံသည် အဆင့်မြင့်တံခါးဖွင့်မှုလုပ်ဆောင်ချက်အောက်တွင် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ စျေးကွက်အလားအလာများကို ဆက်လက်ထုတ်ပြန်ခြင်း၊ စဉ်ဆက်မပြတ်တိုးတက်နေသော စက်မှုလုပ်ငန်းစနစ်နှင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားသော စီးပွားရေးပတ်ဝန်းကျင်သည် တရုတ်နိုင်ငံအား ကမ္ဘာအရပ်ရပ်မှ ကုမ္ပဏီများနှင့် အတူ အခွင့်အရေးများခံစားရရှိပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်း၏ ထင်ရှားသော လက္ခဏာဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ (Xinhua)
……………………………………………..
(Chinese Version)
“投资中国” 品牌效应凸显 外资看好中国未来
中国改革开放以来,“投资中国”一直是世界的选择。如今,随着中国构建高水平对外开放新格局,“投资中国”的品牌效应凸显,越来越多外资外企写下“看好中国未来”的新注脚。
“投资中国” 首场标志性活动日前在京举办,吸引了来自17个国家和地区的140余名企业家和外国在华商协会代表参加。
3月21日,苹果中国大陆最大零售店在上海开业。 “对于苹果公司的供应链来说,没有比中国更重要的地方了。” 苹果公司首席执行官蒂姆·库克说,苹果公司将加强与中国供应链伙伴长期合作关系,在绿色制造、智能制造方面紧密合作,实现双赢。
今年2月,中国(宁夏)·德国友好合作周系列活动期间,41家德国企业和300余家宁夏区内企业共签订合作项目19个,签约金额1.57亿元,涉及养老服务、装备制造、教育文化等领域。
“在华德国企业非常看好中国未来5年的经济增长,这表明他们充分相信中国市场的潜力。” 中国德国商会董事会成员苏珊娜·拉德马赫说。
日前,中国国务院办公厅印发《扎实推进高水平对外开放更大力度吸引和利用外资行动方案》提出5方面24条措施,包括“扩大市场准入,提高外商投资自由化水平”“加大政策力度,提升对外商投资吸引力”“优化公平竞争环境,做好外商投资企业服务”“畅通创新要素流动,促进内外资企业创新合作”“完善国内规制,更好对接国际高标准经贸规则”。
中国正着力解决外资企业关注的重点难点问题。国家发展改革委成立重大外资项目工作专班;2024年商务部每月召开一场外资企业圆桌会,充分听取企业意见建议;中国贸促会近两年来累计收集外资企业诉求8300多项,已推动解决或有效回应6500多项。
进入中国40多年的美国制造业企业康宁,对新一轮开放措施非常关注。“我们在中国运营的21家生产型实体,日常跟当地政府都有非常密切的沟通,合作很顺畅。”康宁大中国区总裁兼总经理刘之菲说,他们将跟随中国培育和发展新质生产力的步伐,推进下一步发展规划。
中国正加快培育和发展新质生产力,并将之作为推动高质量发展的内在要求和重要着力点,而新质生产力也成为投资风向标。“哪里能出现新质生产力,投资就要投到哪里,宏观政策就要转向哪里。”北京大学光华管理学院院长刘俏说。
2023年,不少外资企业加码布局中国高技术产业,加快结构体系升级和技术路径创新。进入2024年,高技术产业继续成为外商投资热点。
岁末年初,国家发展改革委推出第七批标志性重大外资项目,计划总投资合计超过150亿美元,入选项目数量属历次最多,涉及生物医药、汽车制造、新能源电池、化工等多个领域。
越来越多跨国企业认识到,投资中国就是投资未来。
今年1月,在华新设外商投资企业4588家,同比增幅高达74.4%。中国德国商会最新调查显示,91%的德国企业将继续扎根中国市场。华南美国商会报告表明,76%的受访企业计划今年在中国进行再投资。
2月底以来,德默菲换热器(平湖)有限公司运营总监沈亚风一直在为新厂房的建设奔走。德默菲是一家主营高端热交换机的德资企业,产品主要应用于室内滑雪场、高端冷库等行业。2018年,公司来到浙江省平湖市投资设厂。
“最初我们租用了平湖经济技术开发区标准厂房5000平米,希望利用本土生产逐步打开中国市场。”沈亚风说,没想到2018年当年就实现了2000万元的产值,此后企业年产值几乎以年均翻倍的速度快速增长。
2023年,德默菲开始启动增资建设新厂计划,计划投入1.55亿元,建设亚太总部。沈亚风说,目前中国市场销售占比已经达到40%,未来有望达到80%。
分析人士表示,在开放条件下获得了过去40多年经济发展的中国,势必会在更高水平对外开放条件下推进高质量发展。中国持续释放的市场潜力、持续完善的产业体系、持续优化的营商环境,释放了中国将一如既往与各国企业共享机遇、共同成长的明确信号。(记者:刘斐、王辰阳、郭敬丹、刘海、黄垚、严赋憬、吴帅帅、郑梦雨)
图说1:2月21日,德国企业代表在到访宁夏期间品尝当地特色农产品。新华社记者 刘海 摄
图说2:这是在江苏苏州拍摄的的康宁连续制药科技(苏州)有限公司外景(资料照片)。新华社发
图说3:德国巴斯夫集团在广东湛江投资建设的巴斯夫(广东)一体化基地(2022年1月21日摄)。新华社发