Connect with us

China

လက်ရှိ နိုင်ငံတကာနှင့်ဒေသရေးရာ အရေးကြီးကိစ္စများ ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ အခြေခံသဘောထားခံယူချက်အား ဝမ်ရိ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှာနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ ဧပြီ ၉ ရက်က ပေကျင်းမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

လက်ရှိ နိုင်ငံတကာနှင့်ဒေသရေးရာ အရေးကြီးကိစ္စများ ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ အခြေခံသဘောထားခံယူချက်များအား တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရုရှာနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် ဧပြီ ၉ ရက်က ပေကျင်းမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောကြားခဲ့သည်။

တာဝန်ယူမှုရှိသည့် နိုင်ငံကြီးအနေဖြင့် တရုတ်နိုင်ငံသည် ကိစ္စရပ်၏အမှားအမှန် ဖြစ်ပျက်ပုံကို အစဉ်အမြဲကြည့်ရှု၍ မိမိ၏ ရပ်တည်ချက်ကို သီးခြားလွတ်လပ်စွာ ဆုံးဖြတ်သွားမည်ဟု ဝမ်ရိက ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ငြိမ်းချမ်းရေး၏အင်အား၊ တည်ငြိမ်မှု၏အင်အားအနေဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ရာ ပြဿနာကြီးထွားအောင် မီးလောင်ရာလေပင့်လုပ်ခြင်း၊ ထိုမှတစ်ဆင့်အမြတ်ထုတ်ခြင်း အလုပ်ကို မည်သည့်အခါမျှ လုပ်ဆောင်မည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အရေးကြီးကိစ္စရပ်များကို စီမံကိုင်တွယ်ရာတွင် အောက်ပါရှုထောင့်မှ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ပထမအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့်အခြေခံမူများကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်သလို နိုင်ငံတကာဥပဒေနှင့်နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူများကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊

ဒုတိယအနေဖြင့် သင့်မြတ်စွာ ဖြေရှင်းရေးကို လက်ကိုင်ထားရာ ရင်ကြားစေ့ရေး ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်မြောက်အောင် အားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး အချင်းကိစ္စဖြစ်ပွားသည့် သက်ဆိုင်ရာအသီးသီးကို ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ကွဲလွဲမှုများကို ဖြေရှင်းရန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊

တတိယအနေဖြင့် သက်ဆိုင်ဘက်ပေါင်းစုံ၏ သင့်လျော်မှုရှိသည့် စိုးရိမ်ပူပန်မှုများကို ကောင်းမွန်စွာ လိုက်လျောညီထွေဖြစ်စေရန် ဂရုပြုသွားမည်ဖြစ်ပြီး ပြဿနာရပ်၏ အပြင်ပန်းလက္ခဏာကိုသာမက ပြဿနာဖြစ်ပွားရာအရင်းအမြစ်ကိုပါ ဖြေရှင်းနိုင်သော ရေရှည် ဖြေရှင်းရေး နည်းလမ်းများကို ရှာဖွေသွားမည် ဖြစ်ကြောင်း၊

စတုတ္ထအနေဖြင့် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာ လက်ကိုင်ထားကာ “အုပ်စုငယ်ဖွဲ့” ထိပ်တိုက်ရင်ဆိုင်မှုမှန်သမျှကို ဆန့်ကျင်သွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသတွင် ဖြစ်ကြောင်း၊ NATO အနေဖြင့် မိမိတို့၏ ဘုံမိသားစုဥယျာဉ်သို့ လက်တံရှည်မလှမ်းသင့်ကြောင်း၊ ကွဲလွဲမှု၊ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားအောင် ပြောဆိုလုပ်ဆောင်ခြင်းမှန်သမျှသည် အာရှ-ပစိဖိတ်ဒေသတွင် ဈေးကွက်မရှိသလို အနာဂတ်လည်းမရှိကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ အခြေခံလိုက်နာဆောင်ရွက်မှုမှာ သမ္မတရှီကျင့်ဖိန် အဆိုပြုသည့် “ဆောင်ရွက်သင့်သည့် အရာ ၄ ခု” ဖြစ်ရာ အမြန်ဆုံး အပစ်ခတ်ရပ်စဲ၍ တိုက်ပွဲများ ရပ်တန့်ရေးကို တွေ့မြင်လိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း နှစ်ဖက် အသိအမှတ်ပြုမှု၊ ဘက်ပေါင်းစုံ တန်းတူညီမျှပါဝင်မှု၊ ငြိမ်းချမ်းရေးနည်းလမ်းများကို တရားမျှတစွာ ဆွေးနွေးနိုင်မှုရှိသည့် နိုင်ငံတကာ အစည်းအဝေးများကို သင့်လျော်သည့်အချိန်တွင် ကျင်းပရန် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပါကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် အစိုးရလမ်းကြောင်း (Track I) နှင့်သာမက အရပ်ဘက်ဆွေးနွေးမှုလမ်းကြောင်း (Track II) နည်းလမ်းများဖြင့်ပါ ဆောင်ရွက်၍ ရပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပါလက်စတိုင်း-အစ္စရေး အရေးကိစ္စတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အတည်ပြုသည့် ဆုံးဖြတ်ချက်မှာ စည်းနှောင်မှုရှိရာ ထိရောက်စွာ အကောင်အထည်ဖော်သင့်သလို ခြွင်းချက်မရှိ ရေရှည် အပစ်ခတ်ရပ်စဲရေးကို ချက်ချင်း အကောင်အထည်ဖော်သင့်ပါကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် ပါလက်စတိုင်းကို ကုလသမဂ္ဂ တရားဝင်အဖွဲ့ဝင် နိုင်ငံအနေဖြင့် လက်ခံရေး အမြန်ဆုံးဆွေးနွေးရန် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း၊ ပါလက်စတိုင်းပြည်သူများ၏ လွတ်လပ်သော နိုင်ငံတည်ဆောက်ရေး၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ပြန်လည်စတင်ရေး တောင်းဆိုမှုများ၊ အာရပ်လူမျိုးနှင့် ဂျူးလူမျိုးများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် အရှေ့အလယ်ပိုင်းဒေသ ရေရှည် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ထောက်ခံပါကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့်လည်း အကြမ်းဖက်ဝါဒ ဆက်လက် တိုက်ဖျက်ရေး အပါအဝင် အခြားသော ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသရေးရာ အရေးကြီးကိစ္စ ဖြေရှင်းမှုများကို အလေးထားကြောင်း ဝမ်ရိက အလေးအနက် ပြောကြားခဲ့သည်။ မော်စကိုအား အကြမ်းဖက်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချကြောင်းနှင့် ရုရှားနိုင်ငံအား နှစ်သိမ့်မေးမြန်းမှုနှင့်ထောက်ခံမှုကို ထပ်လောင်း ပြောကြားလိုကြောင်း၊ တရုတ်ပြည်သူများသည်လည်း အကြမ်းဖက်ဝါဒ၏ သားကောင်များ ဖြစ်ရာ အကြမ်းဖက်ဝါဒသည် လူသားမျိုးနွယ်၏ ဘုံခြိမ်းခြောက်မှု ဖြစ်ကြောင်း၊ အကြမ်းဖက်ဝါဒပုံစံမှန်သမျှကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် “လုံးဝဥဿုံ လက်မခံ”ဟူသော ခံယူချက်ဖြင့် ခိုင်မာစွာ တိုက်ဖျက်သင့်ပါကြောင်း၊ နိုင်ငံတကာအကြမ်းဖက်တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ခြင်းအား မြှင့်တင်မှု၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံရေးအား စီမံဆောင်ရွက်မှု၊ အကြမ်းဖက်ဝါဒ အစပျိုးနိုင်သည့်နေရာအား ရှင်းလင်းမှု ဟူသော ဘက်ပေါင်းစုံ၏ နိုင်ငံ လုံခြုံရေး၊ တည်ငြိမ်ရေး ကြိုးပမ်းမှုများကို ခိုင်မာစွာ ထောက်ခံကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
王毅阐述中方对解决当前国际地区热点问题的基本主张
新华社北京4月9日电(记者董雪、袁睿)4月9日,中共中央政治局委员、外交部长王毅在北京同俄罗斯外长拉夫罗夫共同会见记者时,应询阐述了中方对解决当前国际地区热点问题的基本主张。
王毅表示,作为负责任大国,中方始终从事情本身的是非曲直出发,独立自主地决定自己的立场。同时,作为和平的力量、稳定的力量,中方在世界事务中坚持发挥建设性作用,从不火上浇油,从不从中渔利。
王毅说,中方处理热点问题的出发点,一是维护联合国宪章宗旨和原则,维护国际法和国际关系基本准则。二是以和为贵,积极劝和促谈,推动当事方通过对话协调化解分歧。三是妥善照顾各方合理关切,寻求标本兼治、可持续的解决方案。四是坚持真正的多边主义,反对任何搞阵营对立的“小圈子”,在亚太地区尤其如此。北约不应该把手伸向我们的共同家园,任何分裂对抗的言行在亚太地区都没有市场和未来。
王毅指出,在乌克兰问题上,中方的根本遵循是习近平主席提出的“四个应该”,希望看到尽快停火止战。中方支持适时召开俄乌双方认可、各方平等参与,公平讨论所有和平方案的国际会议,无论是一轨,还是二轨,都可以探讨。在巴以问题上,联合国安理会通过的决议具有约束力,应当得到有效执行,立即实现无条件和持久的停火。中方支持联合国安理会尽快讨论并接受巴勒斯坦成为联合国正式成员国,支持巴勒斯坦人民实现独立建国,呼吁重启“两国方案”,实现阿拉伯、犹太民族和平共处和中东地区的持久和平。
王毅强调,我们也要重视其他全球和地区性热点问题的解决,包括继续打击恐怖主义。中方再次重申对莫斯科恐怖袭击案件的谴责、对俄方的慰问和支持。中国民众也是恐怖主义的受害者,恐怖主义始终是人类面临的共同威胁。国际社会应当以“零容忍”态度坚决打击一切形式的恐怖主义,坚定支持各方维护国家安全稳定的努力,加强国际反恐合作,统筹发展和安全,消除滋生恐怖主义的土壤。(完)
1. 4月9日,中共中央政治局委员、外交部长王毅在北京同俄罗斯外长拉夫罗夫举行会谈。这是会谈后,双方共同会见记者。 新华社记者 陈斌 摄