Connect with us

Africa & Middle East

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်

ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းရှိ Nuseirat ဒုက္ခသည်စခန်း၌ အစ္စရေးစစ်တပ်က တိုက်ခိုက်ပြီးနောက် အပျက်အစီးများကို ရှင်းလင်းနေသည့် ကလေးများကို ဧပြီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း အဓိကအားဖြင့် Nuseirat ဒုက္ခသည်စခန်း၏ မြောက်ပိုင်းဧရိယာတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသ သတင်းရင်းမြစ်က ဧပြီ ၁၃ ရက်တွင် ဆင်ဟွာကို ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဟားမက်စ်မီဒီယာရုံးက ပြောကြားခဲ့သည်။ (Xinhua)


……………………..
(Chinese Version)
以军继续在加沙地带中部地区开展军事行动
加沙,2024年4月14日
加沙地带消息人士13日告诉新华社记者,以军当天继续在加沙地带中部地区开展军事行动,主要集中在努赛赖特难民营北部地区。哈马斯媒体办公室说,以军过去24小时在加沙地带中部打死至少19人,另有超过200人受伤。
图说:4月13日,在加沙地带中部的努赛赖特难民营,孩子们清理以军袭击后的废墟。新华社照片